Entertainment

The Boys Season 2 with a rating of 95% In Rotten Tomatoes

The Boys Season 2 with a rating of 95% In Rotten Tomatoes

ကမ္ဘာကြီးကို ကာကွယ်နေတယ်ဆိုတဲ့ Super Heroes တွေဟာ သူတို့ရဲ့လူမသိကြတဲ့ အမှောင်ဘက်ခြမ်းမှာ လူသတ်၊ ဆေးချ၊ အရက်သောက်၊ မကောင်းမှုတွေအကုန်လုပ်နေတယ်ဆို သင်ဘယ်လိုခံစားရမလဲ??

ဒီလို လူကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေက အဖွဲ့အစည်း အနေနဲ့ရှိနေတဲ့အခါမှာ…….

ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာက Super Heros တွေတိုင်း လူကောင်းဖြစ်ရမယ်ဆိုတဲ့ အမြင်ကနေခွဲထွက်ထားတာပါ။  ပြီးတော့ဒီလိုစူပါပါဝါတွေရနေတဲ့ အရူးလို ဗီလိန်ကောင်တွေကို လိုက်ဗျင်းမယ့် ဘာပါဝါမှ မရှိတဲ့ The Boys ဆိုတဲ့ အဖွဲ့လေးပေါ်လာတာပါပဲ။

ဒီအဖွဲ့လေးက ပါဝါအပြည့်နဲ့ ကောင်တွေရဲ့ အားနည်းချက်တွေကို တစ်ချက်ချင်းစီ လိုက်ရှာပြီး ပြန်သတ်ဖို့ကြိုးစားလာတဲ့အခါမှာတော့….

Season 1 ကအပြီးထိထွက်ရှိထားပြီး Season 2 ကတော့ လောလောဆယ် (3) ပိုင်းထိ Amazon Prime မှာထွက်ထားပါတယ်။ သွေးထွက်သံယို သတ်ဖြတ်တာတွေ 18+ တွေပါဝင်တဲ့ အတွက် ကလေးတွေအနေနဲ့တော့ မကြည့်သင့်ပါဘူး။

By Aung Myo Hein

⇐ Previous Next

Read 1272 times