Entertainment

The Kissing Booth 2 is a romantic look for young people

 The Kissing Booth 2 is a romantic look for young people

ပိတ်ရက်မှာ ဇာတ်လမ်းကောင်းကောင်း ကြည့်ရင်း StayHome ဖို့ စဉ်းစားနေကြသူများအတွက် လွန်ခဲ့တဲ့ ရက်အနည်းကမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ The Kissing Booth 2 ဇာတ်လမ်းလေးကို Review အနေနဲ့ ပြောပြပေးချင်ပါတယ်။ 

ဒီကားလေးကတော့ The Kissing Booth 1 မှာထဲက လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ 

ဇာတ်လမ်းထဲမှာ  Elle က သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း Lee Flynn နဲ့ Best Friends’ Rules တွေ ချမှတ်ထားခဲ့ကြပြီး ဒီ Rule တွေထဲက တစ်ခုဖြစ်တဲ့ သူငယ်ချင်းရဲ့ မောင်နှမ၊ ဆွေမျိုးသားချင်းတွေနဲ့ မချစ်ကြိုက်ကြဖို့ တားမြစ်တားတဲ့ စည်းကမ်းချက်ကို ချိုးဖောက်မိခဲ့တာ ဖြစ်ပါတယ်။

Elle ဟာ  Lee ရဲ့ အစ်ကိုဖြစ်သူ ကျောင်းမှာ အဟော့ဆုံးနဲ့ မိန်းမပွေတဲ့ Noah နဲ့ ကြိုက်မိသွားခဲ့ပါတယ်။ ရုပ်ရှင်အဆုံးမှာ Noah က Harvard မှာ ကျောင်းတက်ဖို့ သူတို့မြို့ LA ကနေ Boston ကို ပြောင်းသွားရာကနေ The Kissing Booth 2 ဇာတ်လမ်း ဖြစ်တည်လာတာ ဖြစ်ပါတယ်။  

ဇာတ်လမ်းအကျဉ်းကတော့ High School senior year ရောက်သွားတဲ့ Elle တစ်ယောက် မိုင်ပေါင်း ၃၀၀၀ လောက် ဝေးနေတဲ့ သူ့ကောင်လေး Noah ကို Personal Space အပြည့်အဝ ပေးဖို့ စိတ်ဆုံးဖြတ်ထားရာက တစ်ဖက်မှာလည်း မိန်းကလေး သူငယ်ချင်း အလန်းလေးတစ်ယောက် Noah နားမှာ တွေ့တွေ့နေရတာကို စိတ်ခုနေခဲ့ပါတယ်။ 

ဒီလိုသံသယတွေနဲ့ သူတို့ ၂ယောက် အဆင်မပြေတာတွေ များလာရာကနေ Elle ကို Dance Competition ဝင်ဖို့တူတူ လေ့ကျင့်ပေးနေတဲ့ Marco ဆိုတဲ့ ကျောင်းသား အသစ်ကောင်လေးနဲ့ တဖြည်းဖြည်း စိတ်ချင်းနီးလာကြရာကနေ ဖြစ်ပေါ်လာတဲ့ Reality ဆန်ဆန် Teen Romance ဇာတ်လမ်းတစ်ပုဒ် ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး Romance ဇာတ်လမ်းကို ကြည့်ချင်သူများ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်နော်။ 

ဇာတ်လမ်း Link >> https://bit.ly/2XwlGZ7  

⇐ Previous Next

Read 1484 times