Entertainment

Will Spider-man return from Tobey Maguire and Andrew Garfield in Spiderman 3?

Will Spider-man return from Tobey Maguire and Andrew Garfield in Spiderman 3?

လာမယ့် Spider-Man 3 မှာ Tobey နဲ့ Andrew တို့ရဲ့ Spider-Man တွေပြန်ပါလာမယ်လို့ သတင်းတွေ ထွက်နေခဲ့တာကြာပါပြီ။အရင်က ကောလာဟာလတွေ လောက်သာဖြစ်ပေမယ့် အခုဆို သူတို့ရဲ့ Spider-Man တွေပြန်ပါလာဖို့က သေချာသလောက်ရှိနေပါပြီ။

 

ဘာလို့လဲဆိုရင်Paramount ရဲ့ Spanish Official Twitter Account မှာ "သင့်အား Marvel ကသူ့ရဲ့ ခရစ်စ္စမတ် လက်ဆောင်ပေးလိုက်ပါပြီ။ ထိုလက်ဆောင်ဘူးလေးကို ဖွင့်ကြည့်လိုက်ရင် (၂၁) ရာစုရဲ့ Spider-Man သုံးယောက်ကို ရုပ်ရှင်တစ်ခုတည်းမှာ အတူရှိနေတာကို မြင်တွေ့ရပါလိမ့်မယ်" ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ 

 

 

မူရင်းမှာတော့ EL MULTIVERSO ARÁCNIDO လို့ရေးသားထားတာဖြစ်ပြီး တိုက်ရိုက်ဘာသာပြန်ရင် The Aracnid Multiverse ဆိုပြီး အဓိပ္ပါယ်ရပါတယ်။ တစ်နည်းအားဖြင့် Spider-Verse ကိုပြောတာဖြစ်တာကြောင့် Spider-Man 3 ဟာ Spider-Verse မဖြစ်သေးပေမယ့် Spider-Verse ကိုလမ်းဖောက်ပေးသွားမယ့် ရုပ်ရှင်ဖြစ်လာပါလိမ့်မယ်။

 

မကြာသေးခင်ကပဲ Sony နဲ့ Marvel တို့ MCU future films အတွက် Spider-Man ကိုဆက်သုံးသွားဦးမယ့်အပြင် Spider-Man နဲ့ဆက်စပ်တဲ့ Villain တွေ၊ အခြားဇာတ်ကောင်တွေ အတွက်လည်း ဆွေးနွေးမှု လုပ်ခဲ့ပါသေးတယ်။

 

 

အရင် Spider-Man မင်းသားတွေပြန်ပါလာမယ်ဆိုတဲ့ rumor တင်မကပါဘူး။ Gwen Stacy မင်းသမီး Emma Stone တို့၊ Doctor Octopus မင်းသားကြီး Alfred Molina တို့လည်းဒီဇာတ်ကောင်တွေအနေနဲ့ပဲ ပြန်လာမယ်ဆိုတဲ့ rumor တွေက ပရိတ်သတ်တွေကြား အတော်လေး စိတ်လှုပ်ရှားစေခဲ့ပါတယ်။

 

Spider-Man 3 ဟာ Spider-Verse ဖြစ်မလား၊ Spider-Verse ဟာ သပ်သပ်ရုပ်ရှင်တစ်ခုလားတော့ ပြောလို့မရပေမယ့်သေချာတာတစ်ခုကတော့ Sony နဲ့ Marvel ဟာ Spider-Verse ဆီဦးတည်နေတယ်ဆိုတာပါပဲ။

 

 

⇐ Previous Next

Read 1434 times