Entertainment

YG to represent Myanmar in PMPL SEA Season 2

YG to represent Myanmar in PMPL SEA Season 2

ကမ္ဘာတစ်ဝန်းတွင် ရေပန်းစားလူကြိုက်များသော Mobile Game တစ်ခုဖြစ်သည့် PUBG(Player Unknown Battle Ground ) ၏ အရှေ့တောင်အာရှဒေသအတွင်းတွင်   PUBG MOBILE ၏ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် PMPL (PUBG MOBILE Pro League) SEA Finals Season 2 ပြိုင်ပွဲကြီးသို့ အရှေ့တောင်အာရှမှ အကောင်းဆုံးကစားသမား အသင်းများနှင့်အတူ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနှင့် Yangon Galacticos(YG)  အသင်းမှ ဒုတိယအကြိမ် အဖြစ်ယှဥ်ပြိုင်ခွင့်ရရှိသွားကြောင်း သိရှိရသည်။ 

 

 

အဆိုပါ ပြိုင်ပွဲကြီးသည် PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး ပြိုင်ပွဲကြီးဖြစ်သည့်အပြင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅၀,၀၀၀) တန်ဖိုးရှိသည့် ဆုကြေးငွေများလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ 

  

SEA Wildcards အဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ ထိပ်သီးအသင်း (၄) သင်းထဲတွင် ပါဝင်ခဲ့သည့် Yangon Galacticos အဖွဲ့မှ ဒုတိယနေရာကို ရရှိခဲ့ပြီး ဖိလစ်ပိုင်း အသင်း (၂) သင်းဖြစ်သည့် Iconic PH နှင့် All-Star Team Puyat တို့နှင့်အတူ PMPL (PUBG MOBILE Pro League) SEA Finals အဆင့်ကို ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ PMPL SEA Finals 2020 တွင် အရှေ့တောင်အာရှမှ အကောင်းဆုံးအသင်းများ၊ ကမ္ဘာ့ချန်ပီယံဟောင်း အသင်းများနှင့်အတူ ယှဉ်ပြိုင်ကစားသွားရတော့မည်ဖြစ်ပြီး Yangon Galacticos အသင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် ဒုတိယအကြိမ်မြောက် ဂုဏ်ယူဖွယ် ဝင်ရောက်ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ 

 

 

PMPL SEA Finals Season 2 ပြိုင်ပွဲကြီးကို လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲ အချိန်မှ စတင်ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်မှုများကို PUBG MOBILE (MM) Facebook Page http://www.fb.com/PUBGMOBILE.MM.OFFICIAL  မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

 

PUBG MOBILE သည် မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာ အဆင့်မီ Esports Ecosystem တစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရန်နှင့် မြန်မာလူငယ် Esports ကစားသမားများအား နိုင်ငံတကာ အဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်တွင်း ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လတွင်လည်း PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲကြီးကို ကျင်းပခဲ့သည်။ 

⇐ Previous Next

Read 3376 times