Shopping & Promos

Zay Chin Mart where you can buy groceries without having to go shopping

Zay Chin Mart where you can buy groceries without having to go shopping

Zay Chin Mart ဆိုတာ စားသောက်ကုန်ပစ္စည်း အစုံအလင်နဲ့ အိမ်သုံးပစ္စည်းများ ဖြစ်တဲ့ တစ်ရှူး၊ ပန်းကန် တွေကစလို့ သင်္ဃန်း၊ ပရိက္ခရာ တွေအထိ ဝယ်ယူရရှိနိုင်တဲ့ E-Commerce Company တစ်ခု ဖြစ်ပါတယ်။ 

Zay Chin Mart ရှိ ပစ္စည်းများကို Mobile Application မှတစ်ဆင့် ဝယ်ယူတဲ့အပြင် ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ www.zaychin.com ကနေလည်း ဝယ်ယူနိုင်ပါတယ်။ Zay Chin Application ကို Android Phone များအတွက် Google Play Store နဲ့ IOS ဖုန်းများအတွက် App Store ကနေ အလွယ်တကူ Download ရယူနိုင်ပါတယ်။ 

Zay Chin Mart ဟာ ရန်ကုန်မြို့တွင်း သတ်မှတ်ထားတဲ့ (၂၉) မြို့နယ်ကို ပို့ဆောင်ခ ပေးစရာမလိုဘဲ မှာယူနိုင်မှာ ဖြစ်ပြီး ကျန်မြို့နယ်များကိုတော့ ငွေကျပ် (၂၅,၀၀၀) နှင့် အထက် ဝယ်ယူသူများအတွက် ပို့ဆောင်ခ အခမဲ့နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ 

ရန်ကုန်တိုင်း အတွင်းမှာသာမက တခြားတိုင်းဒေသကြီးကနေ မှာယူချင်တယ် ဆိုရင်တော့ နီးစပ်ရာကားဂိတ်သို့ ပို့ဆောင်ပေးပြီး ပို့ဆောင်ခကိုလည်း (၂၅,၀၀၀) ကျပ် နှင့်အထက် ဝယ်ယူသူတိုင်းကို အခမဲ့ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ 

အသား၊ ငါး များကို ပို့ဆောင်တဲ့အခါမှာတော့ ရန်ကုန်တိုင်းမှလွဲပြီး တခြားတိုင်းဒေသကြီးများကို အပူခံရေခဲပုံးများဖြင့် ထည့်သွင်း ပို့ဆောင်ပေးတာဖြစ်လို့ အသား၊ငါးများ မလတ်ဆတ်မှာကိုလည်း စိတ်မပူရပါဘူး။

ဝယ်သူတော်တော်များများက Zay Chin Mart ကနေ မှာယူတဲ့အခါ အသား၊ ငါး စတဲ့ စားသောက်ကုန်တွေကိုသာ မှာယူကြပြီး စားသောက်ကုန်များကို လတ်လတ်ဆတ်ဆတ် ပိုဆောင်ပေးတယ်ဆိုပြီး Feedback ကောင်းတွေကို ပြန်လည်ရရှိထားတဲ့ E-Commerce တစ်ခုလည်း ဖြစ်ပါတယ်။ 

ရန်ကုန်မြို့တွင်း Delivery Free ရရှိနိုင်မယ့် မြို့နယ် (၂၉) ခုကတော့ 

  • အင်းစိန်၊ 
  • မရမ်းကုန်း၊ 
  • လှိုင်၊ 
  • ကမာရွတ်၊ 
  • စမ်းချောင်း၊ 
  • အလုံ၊ 
  • ကြည့်မြင့်နိုင်၊ 
  • လမ်းမတော်၊ 
  • လသာ၊ 
  • ပန်းပဲတန်း၊ 
  • ကျောက်တံတား၊ 
  • ဗဟန်း၊ 
  • တာမွေ၊ 
  • မင်္ဂလာတောင်ညွန့်၊ 
  • သင်္ဃန်းကျွန်း၊ 
  • တောင်ဥက္ကလာ၊ 
  • မြောက်ဥက္ကလာ၊ 
  • ရန်ကင်း၊ 
  • ဒဂုံ၊ 
  • ပုဇွန်တောင်၊ 
  • ဗိုလ်တစ်ထောင်၊ 
  • ဒေါပုံ၊ 
  • သာကေတ၊ 
  • ရွှေပြည်သာ၊ 
  • မင်္ဂလာဒုံ၊ 
  • တောင်ဒဂုံ၊ 
  • မြောက်ဒဂုံ၊ 
  • အရှေ့ဒဂုံ နဲ့ 
  • လှိုင်သာယာ မြို့နယ်တို့ပဲ ဖြစ်ပါတယ်။ 

အသေးစိတ်ရှိ ထပ်မံသိရှိလိုပါက Zay Chin Mart ရဲ့ Hotline ဖုန်းနံပါတ်ဖြစ်တဲ့ 09 400 685 717 ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ 

⇐ Previous Next

Read 1776 times