Food & Drink

10 Best Coffee Shops In Yangon

10 Best Coffee Shops In Yangon

ကော်ဖီချစ်သူတွေအတွက် ချစ်သူနဲ့ ဒိတ်ရင်း၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အေးအေးဆေးဆေး စကားပြောရင်း အမှတ်တရကောင်းတွေ ဖန်တီးနိုင်ဖို့ ရန်ကုန်မြို့က ဆိုင်အပြင်အဆင်လေးလည်းလှ၊ အစားအသောက် မီနူးတွေလည်း အရသာရှိတဲ့ ကော်ဖိဆိုင် (၁၀) ဆိုင်ကို မျှဝေပေးလိုက်ပါတယ်။

၁။ Easy Speciality Coffee

ဒီဆိုင်လေးက သိပ်တော့မကျယ်ပေမဲ့ ဆိုင်အပြင်အဆင်လေးက လှတော့ အေးအေးဆေးဆေး ထိုင်လို့ကောင်းပါတယ်။ မီးပျက်ရင် မီးစက်လည်း မောင်းပေးပြီး ဝိုင်ဖိုင်လည်း ဖရီးပေးထားပါတယ်။ ကော်ဖီဆိုင် ထိုင်ရင်း အလုပ်လုပ်ချင်တာဖြစ်ဖြစ်၊ စာလုပ်ချင်တာဖြစ်ဖြစ် အဆင်ပြေတဲ့ ဆိုင်လေးပါ။ မီနူးတွေလည်း တော်တော်စုံပြီး သက်သက်လွတ်သမားတွေအတွက်လည်း အထူးပြင်ဆင်ပေးထားပါတယ်။

၂။ Cafe' Deja Brew

“Cafe' Deja Brew cafe & art space” ဆိုတဲ့အတိုင်း အနုပညာ ဆန်းသစ်တီထွင်မူတွေ၊ Recycle ပစ္စည်းလေးတွေနဲ့အတူ Vintage ဆန်ဆန် အပြင်အဆင်လေးတွေ ရောနှောထားတဲ့ ချစ်စရာကော်ဖီဆိုင်လေး ဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကော်ဖီစေ့ကို အဓိက အသုံးပြုပြီး ဖန်တီးထားတဲ့ မြန်မာ့ကော်ဖီစစ်စစ် အရသာကို ထူးခြားစွာ ခံစားရမှာပါ။

၃။ Café Salween 

ဒီဆိုင်လေးကို Foodie တွေရော၊ ကော်ဖီချစ်သူတွေရော ရင်းနှီးပြီးသား ဖြစ်မှာပါ။ မြန်မာမုန့်တွေကို အနောက်တိုင်းဟန်နဲ့ တဆင့်မြှင့်ထားတဲ့ မီနူးတွေရယ်၊ အရသာစုံလင်လှတဲ့ ကော်ဖီအပူ/အအေးတွေရယ်ကြောင့် ရန်ကုန် ကော်ဖီဆိုင်တွေထဲက စားသုံးသူ အခိုင်အမာရထားပြီးသားဖြစ်တဲ့ ဆိုင်လေးပါ။

၄။ Ah Lin Saing Gallery Cafe

ဒီဆိုင်လေးရဲ့ အနှစ်သာရကတော့ ကိုငှက် (ခေါ်) ထူးအိမ်သင်ရဲ့ အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားတာဖြစ်တဲ့အတွက် လူငယ်တွေရော၊ လူလတ်ပိုင်းတွေကိုပါ ဆွဲဆောင်ထားနိုင်တဲ့ ဆိုင်လေး တစ်ဆိုင်ဖြစ်ပါတယ်။ ကော်ဖီလေးသောက်ရင်း ထူးအိမ်သင်ရဲ့ သီချင်းအေးအေးလေးတွေနဲ့ အတိတ်ကို ခေါ်ဆောင်ပေးသွားမှာဖြစ်လို့ ဘော်ဒါတွေနဲ့ဖြစ်ဖြစ်၊ စုံတွဲတွေဖြစ်ဖြစ် စကားတွေပြောရင်း စီးမျောလို့ကောင်းတဲ့ ဆိုင်လေးပါ။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့ကိုတော့ Unplugged Day ဆိုပြီး သတ်မှတ်ထားပါသေးတယ်။

၅။ Chill Out

ဒီဆိုင်လေးကတော့ ဘော်ဒါတွေနဲ့ Hangout လုပ်ချင်တဲ့သူတွေအတွက် ရွေးချယ်သင့်ဆုံး နေရာတစ်ခုပါ။ ဒီမှာက Board Games လေး ဆော့ရင်း Coffee Date လို့ ပါရလို့ တော်တော်မိုက်ပါတယ်။ ဆိုင်ပုံစံလေးက အေးအေးဆေးဆေးလေးနဲ့ Board Games (၂၀၀) ကျော်ရှိလို့ ကိုယ်ကြိုက်တာကို စိတ်ကြိုက် ရွေးချယ်ပြီး ဆော့လို့ရပါတယ်။ မဆော့တတ်တဲ့ Games တွေဆို ဆိုင်က လူတွေက အကုန်သင်ပေးတဲ့အပြင် ဘယ် Game လေး ဆော့သင့်လဲဆိုတာကအစ တိုင်ပင်လို့ရပါတယ်။ အစားအသောက်ကလည်း Game ဆော့ရင်း စားလို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ပုံစံလေးတွေ ပိုများပါတယ်။

     Advertisement

 

Click Here > HT-LT

၆။ Pansodan Scene Art Cafe

ပန်းဆိုးတန်းလမ်းမပေါ်က "Pansodan Scene Art Cafe" ဆိုင်ရဲ့ အပြင်အဆင်က ရှေးဟောင်းဆန်ပြီး အနုပညာအငွေ့အသက်တွေ လွှမ်းခြုံနေတာမလို့ ဓာတ်ဖမ်းလို့ကောင်းတဲ့ ကော်ဖီဆိုင်ဆိုရင်လည်း မမှားပါဘူး။ ဝါသနာပါရင် ဆိုင်မှာရှိတဲ့ စန္ဒယားကိုတောင် ဝင်တီးလို့ ရပါသေးတယ်။ ဆိုင်က အညာအထာ အစားအသောက်မီနူးတွေနဲ့ ကော်ဖီတွေက စျေးမများဘဲ အရသာလည်း ကောင်းပါတယ်။

၇။ Yangon Language Cafe

ဆိုင်နာမည်လေးအတိုင်း ဒီကော်ဖီဆိုင်မှာဆိုရင် လေ့လာစရာ ဘာသာစကားစာအုပ်တွေ အစုံအလင်ရှိတဲ့အပြင် ဆော့စရာဂိမ်းတွေလည်း ရှိပါတယ်။ ဆိုင်အပြင်အဆင်လေးလည်း လှတော့ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရပါတယ်။ ဝါသနာတူတဲ့ သူငယ်ချင်းတွေ စုပြီး ဂစ်တာတီးမယ်ဆိုလည်း လက်စွမ်းပြလို့ ရပါတယ်။ နောက်ပြီး Note လေးတွေ ရေးပြီး ကပ်ခဲ့လို့ရတာမို့ အတူတူ အမှတ်တရလေးတွေ ပုံဖော်လို့ရတာပေါ့။

၈။ Breeze Cafe

Nature Vibes နဲ့ ကော်ဖီသောက်မယ်၊ သစ်ရိပ်ဝါးရိပ် အမှိုင်းလေးနဲ့ Cocktail သောက်မယ်ဆိုရင်တော့ Breeze Cafe ကို သွားမယ့် List ရဲ့ ထိပ်ဆုံးမှာ အထားသင့်ဆုံးပါ။ ဆိုင်လေးက ဝင်ဝင်လာချင်း ဘယ်ဖက်ကို ကြည့်ရင် နံရံအဖြူလေးနဲ့ ဓာတ်ဖမ်းချင်စရာ အိမ်လေးရှိပြီး ညာဖက်ကို ကြည့်ရင်တော့ ဂျပန်စတိုင်အိမ်လေးက ပြေးထိုင်ချင်စရာလေးပါ။

နောက်ပြီးတော့ အပတ်စဉ်တိုင်းရဲ့ တနင်္ဂနွေနေ့မှာဆိုရင်လည်း ကော်ဖီသောက်ရင်း Chill ဖို့ Acoustic Unplugged လေးလည်း ရှိပါသေးတယ်။ သံစဉ်လေးတွေ နားဆင်ရင်း ချစ်ရသူနဲ့ အတူတူ အချိန်ကုန်လို့ ကောင်းတဲ့ နေရာလေး တစ်ခုပါပဲ။

၉။ LEAF Cafe & Plants

ဆိုင်ထဲမရောက်ခင် အဝမှာကတည်းက သစ်ပင်လေးတွေ အုပ်ဆိုင်းနေတာမလို့ တောထဲ ရောက်သွားသလို ခံစားရစေမှာပါ။ စိမ်းစိုနေတဲ့ တောအုပ်လေးထဲ ကော်ဖီသွားသောက်နေရတဲ့ ခံစားချက် အပြည့်အဝ ပေးနိုင်တဲ့ ဆိုင်လေးပါ။ ဒီဆိုင်မှာက အမျိုးပေါင်းစုံလင်တဲ့ Indoor plant နဲ့ Outdoor plant တွေလည်း ရောင်းတော့ သစ်ပင်စိုက်ရတာ စိတ်ဝင်စားတဲ့ သူတွေအတွက် မသွားမဖြစ် သွားသင့်တဲ့ ဆိုင်လေးပါ။ ဆိုင်ရဲ့ နေရာတိုင်းလိုလိုမှာ သစ်ပင်လေးတွေ ရှိနေတာကြောင့် စိတ်ကိုအေးချမ်းစေပြီး ကော်ဖီလေးသောက်ရင်း စကားတွေ ဖောင်ဖွဲ့နိုင်ရုံသာမက ချစ်သူစုံတွဲတွေ၊ သူငယ်ချင်းတွေအတွက် ဓာတ်ပုံတွေ အဝ ရိုက်လို့ရမယ့် ဆိုင်လေးဖြစ်ပါတယ်။

၁၀။ Old Eain - အိုးလ်အိမ် ကဖေး

"Old Eain - အိုးလ်အိမ် ကဖေး" လေးဟာဆိုရင် သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့ ငယ်ဘဝအမှတ်ရစရာလေးတွေ ပြန်ပြောကြရင်း ဖီးလ်လို့ သိပ်ကောင်းတဲ့နေရာလေး ဖြစ်ပါတယ်။ များသောအားဖြင့် ဒီဆိုင်ကို ငယ်သူငယ်ချင်းအဖွဲ့လိုက်တွေ လာတာများပြီး ကော်ဖီလေး သောက်ရင်း ငယ်ငယ်က အမှတ်တရတွေကို ထိုင်ပြောကြရင်း ရယ်မောပျော်ပါးလို့ ရပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်တွေကလည်း သေသပ်လှပတဲ့အတွက် ဓာတ်ပုံရိုက်ပြီး အမှတ်တရကောင်းတွေ ဖန်တီးနိုင်တဲ့အပြင် အဖီးလ်တလိုင်းလေးတွေအတွက် ဆွေးစရာ ဆိုင်လေးတစ်ဆိုင်လည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ ကော်ဖီဆိုင် (၅၀၀) ကျော်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ရန်ကုန်လမ်းညွှန်ဝက်ဆိုဒ်မှာ သက်ဆိုင်ရာမြို့နယ်အလိုက် အလွယ်တကူဝင်ရောက်ရှာဖွေနိုင်ပါတယ်။ 

> https://bit.ly/3KInAPZ

> https://www.yangondirectory.com

⇐ Previous Next

Read 5234 times