Entertainment

2022 English Thriller Movies

2022 English Thriller Movies

ဒီတစ်ပတ် ရုံးပိတ်ရက်မှာ အပြင်မထွက်ဘဲ အိမ်မှာပဲ ရုပ်ရှင်ကြည့်ရင်း Chill ဖို့ စဉ်းစားနေတဲ့ ကိုယ့်လူတွေအတွက် အင်္ဂလိပ်ဇာတ်ကားကောင်းလေး (၅) ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကား (၅) ကားလုံးဟာ ၂၀၂၂ ထွက် ရုပ်ရှင်တွေဖြစ်ပြီး Horror Movies တွေထက်ကို ရင်ဖိုစရာကောင်းလို့  စွန့်စားခန်းတွေကို သဘောကျတဲ့ လူငယ်တွေရဲ့ အကြိုက်ပဲပေါ့။

ဇာတ်ကားတစ်ခုချင်းစီရဲ့ ဇာတ်လမ်းအကျဉ်းအပြင် ဇာတ်ကားကြည့်ရှုနိုင်မယ့် Movie Link တွေကိုပါ တစ်ခါတည်း ပြောပြသွားမှာမို့ ဘာလိုသေးလဲနော်။

Fall (2022)

တောင်တက်သမား ကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်တဲ့ သူ့ယောကျ်ား တောင်ပေါ်က ပြုတ်ကျသေဆုံးသွားတဲ့နောက်မှာ စိတ်ထိခိုက်ပြီး အရက်တွေသောက် အခန်းထဲပဲ အောင်းနေပါတော့တယ်။ ဒီတော့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းမလေးက စိတ်ပြေလက်ပျောက် အမြင့်တစ်ခုတက်ဖို့ လာခေါ်ပါတယ်။

သူတို့တက်ရမှာက အမေရိကားရဲ့ စတုတ္ထမြောက် အမြင့်ဆုံး တီဗီတာဝါဖြစ်ပြီး ပေ ၂၀၀၀ လောက် မြင့်ပါတယ်။ တာဝါက အစပိုင်းမှာ သံဘောင်တွေပါတဲ့ အတွင်းလှေကားကနေ လုံလုံခြုံခြုံ တက်ရတာဖြစ်ပေမဲ့ ပေ၂၀၀ လောက် တက်ဖို့ကျန်နေတဲ့ နောက်ထပ်တစ်ဆင့်မှာတော့ အကာအကွယ်မရှိတော့တဲ့ အပြင်လှေကားကနေ တက်ရပါတယ်။

သူတို့တွေ အဲဒီအပေါ်ကို ရောက်ပြီး ပြန်အဆင်းမှာ လှေကားဟောင်းကြီးက ကျွတ်ကျသွားခဲ့ပါတယ်။ အဲဒီတော့ တာဝါအမြင့်ကြီးရဲ့ ထိပ်ဆုံးမှာ သူငယ်ချင်းနှစ်ယောက် ပိတ်မိနေပြီး ကယ်မယ့်သူလည်းမရှိ၊ ဖုန်းလိုင်းလည်းမမိတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုတွေ နည်းမျိုးစုံနဲ့ စွန့်စားရမလဲဆိုတာ ကြည့်ရမှာပါ။

Movie Link - https://bit.ly/3AWlchZ

The Ledge (2022)

ဇာတ်ကားထဲက Kelly ဆိုတဲ့ မိန်းမလှလေးဟာ သူမရဲ့ သူငယ်ချင်းမလေးနဲ့အတူ အီတလီက ဒိုလိုမိုက်‌ကျောက် တောင်ကိုတက်ဖို့ ခရီးထွက်ခဲ့ကြပါတယ်။

အဲ့ဒီမှာ သူတို့လို အလည်လာတဲ့ ယောင်္ကျားလေး (၄) ယောက်အဖွဲ့နဲ့ ဆုံမိတဲ့အခါ (၆) ယောက်သား တက်ရခက်လောက်အောင် မတ်စောက်တဲ့အပြင် ရေခဲတွေပါ ဖုံးလွှမ်းနေတဲ့ ကျောက်တောင်ကို တက်ဖို့ ဘယ်လိုစွန့်စားကြမလဲ၊ Kelly တို့နဲ့ အဖွဲ့ပေါင်းထားတဲ့ ယောင်္ကျားလေးအုပ်စုက တကယ်ရော ယုံကြည်ရပါ့မလား၊ မိန်းကလေးတစ်ယောက်ရဲ့ တစ်ကိုယ်တော် တောင်တက်တာကို စိတ်ဝင်တစား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။

Movie Link - https://bit.ly/3QgnwGc

The Requin (2022)

ကလေးပျက်ကျစဉ်က စိတ်ဒဏ်ရာရခဲ့တဲ့ ဇနီးသည်ကို သူမယောကျာ်းက စိတ်ပြေလက်ပျောက်ဖြစ်အောင် ဗီယက်နမ် ကမ်းခြေတစ်ခုကို အလည်ခေါ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ရေပေါ်ဗီလာတစ်ခုမှာ တည်းပြီး ပျော်ပါးနေခဲ့ကြစဉ် ညတစ်ညမှာ မုန်တိုင်းမိရင်း ရေပေါ်ဗီလာနဲ့အတူ သူတို့နှစ်ယောက်စလုံး ပင်လယ်ထဲ မျောပါသွားပါတယ်။ ဒီလိုနဲ့ ကယ်ဆယ့်မယ့် သူကို ရှာဖွေနေရတဲ့ကြားထဲက ငါးမန်းနဲ့ပါ ထပ်မံရင်ဆိုင်ရပြန်ပါတယ်။ သူတို့နှစ်ယောက်အတွက် ကယ်ဆယ်မယ့်သူတွေများပေါ်လာမလား၊ ငါးမန်းနဲ့ရောဘယ်လိုမျိုးနှစ်ပါးသွားကြမလဲဆိုတာကို ကြည့်ရမှာပါ။

Movie Link -  https://bit.ly/3TQecM4

Infinite Storm (2022)

အသက် ၅၃ နှစ်အရွယ် တောင်တက်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပမ်ဟာ အေးစက်လှတဲ့ နိုဝင်ဘာလမှာ ရာသီဥတုအခြေနေ ဆိုးဝါးနေမှန်းသိနေခဲ့ပေမယ့် Mount Washington ကို တက်ခဲ့ပါတယ်။

ရာသီဥတုဆိုးလွန်းလို့ ပြန်လှည့်လာတဲ့အချိန်မှာ နှင်းတွေကြားမှာ Sneaker ဖိနပ်ခြေရာတစ်စုံကို တွေ့လိုက်ရင်း ဒီဖိနပ်စီးလာတဲ့သူ ဒုက္ခရောက်နေမှာပဲ ဆိုပြီး လိုက်ရှာရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာကို Survival နဲ့ Thriller ပုံစံရိုက်ကူးထားတာ ဖြစ်ပါတယ်။

Movie Link - https://bit.ly/3qfcG8L

Thirteen Lives (2022)

၂၀၁၈ လောက်တုန်းက ထိုင်းမှာ ဂူထဲပိတ်မိခဲ့တဲ့ Soccer Team က လူငယ်လေး (၁၂) ယောက်နဲ့ နည်းပြဆရာ (၁) ယောက်ရဲ့ အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားကို အမေရိကန် နာမည်ကြီးဒါရိုက်တာ "Ron Howard" ရိုက်ကူးထားတာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့သမားတွေက ဒီလူ (၁၃) ယောက်လုံးရဲ့ အသက်ကို ဘယ်လို အခက်အခဲတွေနဲ့ သက်စွန့်ကြိုးပမ်း ကယ်ထုတ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်။

Movie Link - https://bit.ly/3ASQbv9

 

⇐ Previous Next

Read 2224 times