Technology

New iPhone 14 Series

New iPhone 14 Series

Apple မှ စက်တင်ဘာ (၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Apple Event မှာ iPhone 14 Series အသစ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ မိတ်ဆက်ခဲ့တဲ့ Products တွေကတော့ iPhone 14, iPhone 14 Plus, iPhone 14 Pro, iPhone 14 Pro Max တို့အပြင် AirPods Pro နဲ့ Apple Watches အမျိုးအစားအသစ် (၃) မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

iPhone 14 နှင့်  iPhone 14 Plus 

Apple က “iPhone 13 Mini” မော်ဒယ်ဟောင်းနေရာမှာ  iPhone 14 နဲ့ iPhone 14 Plus ဖြင့် အစားထိုးခဲ့ပုံရပါတယ်။ 

မျက်နှာပြင် စခရင် ၆.၁ လက်မရှိတဲ့ စမတ်ဖုန်းမှာ iPhone 14 ဖြစ်ပြီး စခရင် ပိုကြီးသည့် ၆.၇ လက်မမှာ iPhone 14 Plus ဖြစ်ပါတယ်။ Blue, Purple, Midnight, Starlight နဲ့ RED ဆိုပြီး အရောင် (၅) မျိုး ထုတ်လုပ်ထားပါတယ်။

Internal Design ကို Thermal Performance ပိုကောင်းအောင် ဖန်တီးထားပြီး၊ တစ်နေကုန်အသုံးခံတဲ့ All-day Battery Life ကိုလည်း ရရှိနိုင်ပါတယ်။ ပိုမိုမြန်ဆန်တဲ့ 5-core GPU နဲ့ 6-core CPU ပါဝင်တဲ့ A15 Bionic Chip ကို အသုံးပြုထားပါတယ်။

iPhone 14 Pro နဲ့ iPhone 14 Pro Max

မျက်နှာပြင်စခရင် ၆.၁ လက်မရှိတဲ့ စမတ်ဖုန်းမှာ  iPhone 14 Pro ဖြစ်ပြီး စခရင် ပိုကြီးသည့် ၆.၇ လက်မမှာ iPhone 14 Pro Max ဖြစ်ပြီး Deep Purple, Gold, Silver, Space Black ဆိုပြီး အရောင် (၄) မျိုး ထုတ်ထားပါတယ်။

အထူးခြားဆုံးနဲ့ အမိုက်ဆုံး ပြောင်းလဲမှုကတော့ Screen မှာ အရင်လို Notch မပါတော့ဘဲ Dynamic Island လို့ခေါ်တဲ့ Pill-Shape Cutout လေးနဲ့ ဖန်တီးထားတာပါ။

မတော်တဆ Car Accident ဖြစ်ခဲ့ရင် Emergency Call တွေ အလိုအလျောက် ခေါ်ဆိုပေးနိုင်မယ့် Crash Detection Feature ပါဝင်တဲ့အပြင် ဖုန်းလိုင်းလုံးဝမမိတဲ့ ဝေးလံခေါင်ဖျားနေရာတွေမှာတောင် Emergency SOS ကို Satellite ကတစ်ဆင့် စာပို့ပြီး ဆက်သွယ်နိုင်အောင် လုပ်ပေးထားပါတယ်။

No Signal ဖြစ်နေရင်တောင် Find My App ထဲမှာ Satellite ကတစ်ဆင့် ကိုယ့်ရဲ့ Location ကို Share ထားနိုင်ဦးမှာပါ။

Airpods Pro

Active Noise Cancellation က ဆူညံသံတွေကို အရင်ထက် (၂) ဆ ပိုပြီး ဖျောက်ထားပေးနိုင်ပါတယ်။ Ear Tips Size တွေမှာ Small, Medium, Large အပြင် Extra Small လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

Adaptive Transparency Feature အသစ်က ပတ်ဝန်းကျင်အသံတွေကို ကြားနိုင်အောင် လုပ်ပေးတဲ့အပြင် ကျယ်လောင်တဲ့ ဆူညံသံတွေကိုလည်း အလိုအလျောက် Volume လျှော့ပေးထားမှာပါ။ 

AirPods Pro ရဲ့ Stem မှာ Touch Control လည်း ပါဝင်လာပြီဖြစ်လို့ လက်နဲ့ Swipe လုပ်ပြီး Volume အတိုးအကျယ် လုပ်လို့ရပါတယ်။

Apple Watches

Apple က iWatch ကိုတော့ iWatch Ultra၊ iWatch Series 8၊ iWatch SE ဆိုပြီး အမျိုးအစားအသစ် (၃) မျိုး မိတ်ဆက်ခဲ့ပါတယ်။ 

iPhone 14 စျေးနှုန်းများ

iPhone 14 –  $849 - $1399 ( သိန်း ၂၀ - သိန်း ၃၀)

iPhone 14 Plus - $949 - $1579 (သိန်း ၄၀ - သိန်း ၅၀)

iPhone 14 Pro - $1099 - $1749 (သိန်း ၄၀ - သိန်း ၆၀)

iPhone 14 Pro Max - $1199 - $1899 (သိန်း ၅၀ - သိန်း ၇၀)

Airpods Pro - $249 (၈ သိန်း - ၉ သိန်း)

iWatch Ultra - $799 (သိန်း ၃၀)

ဒေါ်လာစျေး အတက်အကျပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်။

 

⇐ Previous Next

Read 1170 times