Food & Drink

Top 10 Restaurants In Yangon

Top 10 Restaurants In Yangon

အရသာပြည့်စုံကောင်းမွန်တဲ့အပြင် ယဉ်ကျေးပျူငှာသော ဝန်ဆောင်မှုကြောင့် ခရီးသွားဧည့်သည်များကြား နာမည်ကြီးရေပန်းစားတဲ့ ရန်ကုန်မြို့က အကောင်းဆုံးစားသောက်ဆိုင် (၁၀) ဆိုင်ကို မျှဝေပေးလိုက်ပါတယ်။

ရန်ကုန်ကလူတွေလည်း သွားရောက်စားသောက်ဖို့သင့်သလို ရပ်နီးရပ်ဝေးဒေသအသီးသီးမှ ရန်ကုန်ကို လာရောက်လည်ပတ်တဲ့အခါမှာလည်း သွားရောက်မြည်းစမ်းကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

1. 999 ရှမ်းခေါက်ဆွဲဆိုင်

ရှမ်းပြည်သွားစရာမလိုဘဲ ရှမ်းအစားအစာတွေကို ရှမ်းအရသာအတိုင်း စားချင်တယ်ဆိုရင် 999 ရှမ်းခေါက်ဆိုင်ဆွဲ ရှိပါတယ်။ 999 ရှမ်းခေါက်ဆွဲဆိုင်ဟာ အရသာရှိပြီး စျေးတန်လို့ ရန်ကုန်မှာ လူကြိုက်များတဲ့ စားသောက်ဆိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ 

999 ရှမ်းခေါက်ဆွဲဆိုင်က ရန်ကုန်မြို့အတွင်းမှာပဲ ဆိုင်ခွဲ (၃) ဆိုင်ရှိပါတယ်။ 999 ရှမ်းခေါက်ဆွဲဆိုင်တွင် ရှမ်းခေါက်ဆွဲ၊ ရှမ်းဆန်စီး၊ တိုဟူးကြော်၊ ဖက်ထုပ်၊ ထမင်းဟင်းအပြင် အခြားသော ခေါက်ဆွဲပြုတ်အမျိုးမျိုးကို ရရှိနိုင်ပါတယ်။

လိပ်စာ - အမှတ် ၁၃၀ (ဘီ ) ၊ ၃၄ လမ်း၊ မြို့တော်ခန်းမနောက်ဘက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

ဖုန်း : +95 1 389 363

2. Rangoon Tea House

Rangoon Tea House မှ မြန်မာအစားအစာများက အရသာရှိပြီး စျေးနှုန်းသင့်တင့်ပါတယ်။ ဆိုင်အပြင်အဆင်ဒီဇိုင်းကလည်း ခေတ်မီစတိုင်ကျပါတယ်။ Rangoon Tea House ဟာ မြန်မာ့အစားအစာစစ်စစ်ကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အနှစ်သက်ဆုံးဖြစ်ပါလိမ့်မယ်။ 

အစားအသောက်တွေသာမက ပန်းကန်အပြင်အဆင်ကိုလည်း မြန်မာ့ရိုးရာအငွေ့အသက် မပျောက်အောင် သေချာပြင်ဆင်ပေးထားပါတယ်။

Rangoon Tea House မှာ မုန့်ဟင်းခါး၊ အသုပ်၊ ဒံပေါက်၊ လက်ဖက်ရည်၊ အကင်၊ ပေါက်စီ နှင့် မြန်မာထမင်းဟင်းအစုံတို့ကို ရရှိနိုင်ပါတယ်။

လိပ်စာ - အမှတ် ၇၇-၇၉၊ ပန်းဆိုးတန်းလမ်း၊ အောက်အလယ်ဘလောက်၊ ရန်ကုန်

ဖုန်း : +95 9 979 078 681

3. Feel Myanmar Food

Feel Group က ဆိုင်ခွဲကြီးတစ်ခုဖြစ်တဲ့ Feel Myanmar Food စားသောက်ဆိုင်မှာ အကောင်းဆုံး မြန်မာဟင်းလျာများကို ရရှိနိုင်ပါတယ်။ Feel Group စားသောက်ဆိုင်တွေရဲ့ မီနူးတွင် မြန်မာနိုင်ငံမှ လူကြိုက်များသော မြန်မာဟင်းလျာများအပြင် ထိုင်း၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ဟင်းလျာများစွာတို့ကိုလည်း ထည့်သွင်းထားပါတယ်။

Feel Group ထဲမှ ဒဂုံမြို့နယ်တွင် တည်ရှိသော Feel Myanmar Food စားသောက်ဆိုင်မှာကတော့ မြန်မာအစားအစာ အစုံအလင်ကို အပြည့်အ၀ အရသာခံနိုင်ပါတယ်။ ထိုဆိုင်က နေ့လယ်စာစားချိန်မှာဆိုရင် လူပိုကျတတ်ပါတယ်။

လိပ်စာ - အမှတ် ၁၂၄၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့

ဖုန်း : +95 9 732 081 32

 4. Lucky Seven

Lucky Seven အဆင့်မြင့် ရိုးရာလက်ဖက်ရည်ဆိုင်မှာ လမ်းဘေးစားပွဲများကို စိမ်းစိုသောသစ်ပင်တွေအပြင် အလှရေကန်ငယ်တစ်ခုနဲ့ ကာရံပြင်ဆင်ထားတာမို့ ဆိုင်လေးက ကြည်နူးဖို့ကောင်းပါတယ်။ 

Lucky Seven တွင် အထူးကောင်းမွန်ပြီး လူကြိုက်များတဲ့ မီနူးကတော့ မုန့်ဟင်းခါးဖြစ်ပါတယ်။ တခြား မုန့်မျိုးစုံနှင့် မနက်စာတို့ကိုလည်း ရရှိနိုင်ပါတယ်။

လိပ်စာ - ၄၉ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ရန်ကုန် 

ဖုန်း : +95 1 292 382

5. Shan Yoe Yar

ရာစုနှစ်တစ်ခုရှိပြီဖြစ်သော သစ်သားအိမ်ပုံစံ Shan Yoe Yar စားသောက်ဆိုင်ဟာ ဈေးနှုန်းသင့်တင့်သော ရှမ်းစားသောက်ဆိုင် ဖြစ်ပါတယ်။

ဆိုင်ရဲ့ နာမည်ကြီး အထူးဟင်းလျာကတော့ အရသာရှိသော မိုင်းသောက် ခရမ်းသီးဟင်းနှင့် အင်းလေးစတိုင် ဝက်သားဟင်းတို့ ဖြစ်ပါတယ်။ Set Menu တွေဆိုရင်လည်း ပါဝင်တဲ့ ဟင်းအမျိုးအစား (သို့) ဟင်းခွက်အရေအတွက်အလိုက် စျေးနှုန်းများ အနည်းငယ်ကွဲနိုင်ပါတယ်။

လိပ်စာ - အမှတ် ၁၆၉၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်

ဖုန်း : +95 9 250 566 695

6. 50th Street Bar and Grill

50th Street Bar & Grill သည် ရန်ကုန်မြို့ရဲ့  သက်တမ်းအကြာဆုံး အနောက်တိုင်းစတိုင် ဘားဖြစ်ပါတယ်။ Sport Bar အဖြစ် လူသိများသော ဒီစားသောက်ဆိုင်ဒီဇိုင်းက ကိုလိုနီခေတ် အဆောက်အဦးပုံစံမျိုး ဖြစ်ပါတယ်။ 

ညဘက်တွေမှာ လူပိုစည်ပြီး ဘီလီယက်ခုံရှိလို့ အပြင်းပြေကစားနိုင်သလို တီဗီမှလာတဲ့ အားကစားပွဲတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ 

ဒီဆိုင်လေးရဲ့ နာမည်ကြီးအစားအသောက်တွေကတော့ အနောက်တိုင်းစတိုင် အကင်တွေ၊ ဘာဂါတွေနဲ့၊ ကော့တေးတွေဖြစ်ပါတယ်။

လိပ်စာ- အမှတ် ၉-၁၃၊ လမ်း ၅၀၊ ရန်ကုန်

ဖုန်း : +95 1 397 060

7. တိုင်းရင်းသား

လေဝင်လေထွက်ကောင်းတဲ့ ဝရန်တာများပါရှိသော သစ်သားဖြင့်ပြုလုပ်ထားတဲ့ တိုင်းရင်းသား စားသောက်ဆိုင်က မြန်မာအစားအစာ စားသောက်ဆိုင်ဖြစ်ပါတယ်။ 

ရရှိနိုင်တဲ့ မီနူးတွေကတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာအစားအစာတွေအပြင် သက်သတ်လွတ်ဟင်းလျာများကိုလည်း ရွေးချယ်နိုင်ပါတယ်။

လိပ်စာ- အမှတ် ၂/က၊ ကန်းဘဲ့လမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်

ဖုန်း : +95 9 787 154 799

8. Nilar Briyani

ရန်ကုန်မြို့ထဲက အကောင်ဆုံး ဒံပေါက်ဆိုင်ကို ပြပါဆိုရင် လူမျိုးမရွေး၊ ဘာသာမရွေးစားသုံးနိုင်တဲ့ နီလာဒံပေါက်ဆိုင်ကို ညွှန်ရပါမယ်။ 

နီလာဒံပေါက်ဆိုင်ဟာဆိုရင် ရန်ကုန်တိုင်းရှိ မြို့နယ်ပေါင်းစုံတွင် ဆိုင်ခွဲပေါင်း(၃၅)ဆိုင် ရှိပါတယ်။ နီလာဒံပေါက်ဆိုင်တွင် ဒံပေါက်အမျိုးပေါင်း (၁၅) မျိုးရနိုင်တဲ့အပြင် ကြက်ဆီထမင်း၊ ထောပတ်ထမင်း၊ အအေးမျိုးစုံနှင့် မြန်မာမုန့်ချိုမျိုးစုံတို့ကိုလည်း ရရှိနိုင်ပါတယ်။

လိပ်စာ - အမှတ် 216 ၊ အနော်ရထာလမ်း၊ ၃၁ နှင့် ၃၂ လမ်းကြား၊ ရန်ကုန်

ဖုန်း : +95 1 253 131

9. Aung Thukha

မြန်မာအစားအစာမျိုးစုံကို မြည်းစမ်းကြည့်ရန် စံပြနေရာတစ်ခုဖြစ်တဲ့ အောင်သုခ စားသောက်ဆိုင်တွင် အသားဟင်း၊ လတ်လတ်ဆတ်ဆတ်လုပ်ထားသော အရွက်သုပ်များ၊ ငါးပိရည်ကျိုတို့စရာအစုံတို့ကို ရရှိနိုင်ပါတယ်။

ဝန်ထမ်းတွေက အဆက်မပြတ်နီးပါး အလုပ်များနေပေမဲ့ ဖော်ရွေသော ဝန်ဆောင်မှုပေးနေတာမို့ သူငယ်ချင်းမိတ်ဆွေအိမ်မှာ စားသောက်နေရသလိုမျိုး အတွေ့အကြုံကို ရရှိစေပါတယ်။

လိပ်စာ- အမှတ် ၁၇ (က)၊ ၁ လမ်း၊ အနောက်ရွှေဂုံတိုင်၊ ရန်ကုန်

ဖုန်း : +95 1 525 194

10. Gekko

စတိုင်ကျပြီး လူကြိုက်များတဲ့ ဒီစားသောက်ဆိုင်ဘားဟာဆိုရင် သမိုင်းဝင် ဆိုဖဲ (လောကနတ်) အဆောက်အအုံရဲ့ မြေညီထပ်တွင် ရှိပါတယ်။ 

Gekko တွင် ယာကီတိုရီ (BBQ)၊ ကိုရီးယားစတိုင် အစပ်ခေါက်ဆွဲအပြင် ဆူရှီကလည်း နာမည်ကြီးပါတယ်။ အရသာကောင်းမွန်တဲ့ ကော့တေးများကို ပြုလုပ်ပေးကာ သောကြာနေ့တိုင်း ည 7 နာရီမှ 10 နာရီအထိ Live Jazz လည်းရှိပါတယ်။

လိပ်စာ- အမှတ် ၅၃၅၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

ဖုန်း : +95 1 386 986

 

⇐ Previous Next

Read 2133 times