Travel

5 Budget Hotels For Staycation in Yangon

5 Budget Hotels For Staycation in Yangon

အခုလိုကာလမှာ ခရီးသွားရတာ အန္တရာယ်များတယ်ဆိုတော့ ရန်ကုန်မြို့ထဲက ဟိုတယ်တွေမှာပဲ Staycation လုပ်ရင်း ခရီးထွက်ရသလိုမျိုး အပန်းဖြေအနားယူလို့ ရပါတယ်။ Staycation လုပ်ချင်ပေမဲ့ ပိုက်ဆံအများကြီးလည်း မသုံးချင်ဘူး။ Staycation Mood လေးလည်း အပြည့်အ၀ ရချင်တယ်ဆိုရင်တော့ နှစ်ယောက်ခန်းခကိုမှ ကျပ် (၄၀,၀၀၀) အောက် ရှိတဲ့ ရန်ကုန်မြို့က Hotel (၅) ခုကို စုစည်းဖော်ပြပေးထားပါတယ်။  

(၁) BaobaBed Yangon

ရန်ကုန်မြို့လယ်မှာ သူငယ်ချင်းတွေ စုပြီး လူငယ်ဆန်ဆန် Staycation ဖြစ်ဖြစ် Daycation ဖြစ်ဖြစ် အနားယူဖို့အတွက် ရွေးချယ်သင့်တဲ့ ဟိုတယ်လေးပါပဲ။ သူ့ရဲ့ အခန်းခစျေးနှုန်းတွေက တစ်ညအိပ် (နေ့ခင်း ၁ နာရီကနေ နောက်တစ်နေ့ နေ့လယ် ၁၂ နာရီအထိ) ကို ၁၇,၀၀၀ ကျပ်ကနေ ၉၉,၀၀၀ ကျပ်အထိ ရှိပါတယ်။ Day Use (မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ) အတွက်လည်း အခန်းခတွေက ၃၀,၀၀၀ ကျော်ကနေ ၈၀,၀၀၀ ကျပ်ဝန်းကျင်လောက်အထိ ရှိပါတယ်။  

အခန်းခလေးတွေမှာ ပါဝင်ပြီးသားဖြစ်တဲ့ ဝန်ဆောင်မှုတွေကတော့ - 

- Co Working Spaces 

- Free coffee 

- Games Area 

- Mini pool 

- Breakfast 

- Rooftop မှာ ရှိတဲ့ Barr Street Bar ရဲ့ Food နဲ့ Drinks Discount လေးတွေပဲ ဖြစ်ပါတယ်။

ဖုန်း - 09443885580

လိပ်စာ - အမှတ်(၃၆), မဟာဗန္ဓုလ ပန်းခြံလမ်း (အောက်ဘလောက်) ၊ ဘဏ်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်။

(ကုန်သည်လမ်းဘက်က ကမ်းနားဘက်ကို ဝင်ရမှာပါ)

(၂) Beauty Land Hotel

ရန်ကုန်မြို့ ကန်တော်ကြီးနဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အနီးမှာ တည်ရှိတဲ့အတွက် View ကောင်းတဲ့ ဟိုတယ်ပါ။ ဒီဟိုတယ်က ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေ ဖြစ်တဲ့ ကန်တော်ကြီး၊ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းအိမ်တို့နဲ့ နီးပါတယ်။ ညနေ (၅) နာရီကနေ ည (၉) နာရီအထိ Rooftp Bar မှာ ရွှေတိဂုံဘုရား View နဲ့ သာယာတဲ့ မြို့ပြရှုခင်းတွေကို ကြည့်ရှုခံစားရင်း စားသောက်နိုင်ပါတယ်။

အခန်းခစျေးနှုန်းတွေကတော့ မနက်စာဘူဖေးပါပြီးသား တစ်ညအိပ်ကိုမှ (နေ့လယ် ၁ နာရီကနေ နောက်တစ်နေ့ နေ့လယ် ၁၂ နာရီအထိ) အတွက် ၃၃,၀၀၀ ကျပ်ကနေ ၅၅,၀၀၀ ကျပ်အထိ ရှိပါတယ်။ Daycation အတွက် (မနက် ၆ နာရီကနေ ည ၆ နာရီအထိ) စျေးနှုန်းကတော့ ၂၂,၀၀၀ ကျပ်ကနေ ၃၃,၀၀၀ ကျပ်အထိ အခန်းအပေါ်မူတည်ပြီး အမျိုးမျိုး ရှိပါတယ်။ 

ဖုန်း - 09754577366

လိပ်စာ - အမှတ်(၉)၊ ဗိုလ်ချိုလမ်း၊ ဗိုလ်ချုပ်ပန်းခြံဘေး၊ Union Business Tower(UBC) ဘေး၊ ဗဟန်းမြို့နယ်။

Advertisement 

Click Here > CAG Engineering

(၃) Sanctuary Hotel

ဒီဟိုတယ်ကတော့ သွားလာရ လွယ်ကူတဲ့ ကျောက်တံတားမြို့နယ်မှာ ရှိပြီး နိုဝင်ဘာလအတွက် 10% Discount လည်း ပေးထားပါတယ်။ အေးအေးဆေးဆေး အနားယူနိုင်အောင် ၂၄ နာရီ မီးစက်မောင်းပေးထားပြီး အခန်းခမှာ မနက်စာဘူဖေး ပါပြီးသားဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ Food Menu တွေကို Sanctuary Cafe & Restaurant မှာ မှာယူသုံးဆောင်နိုင်ပါတယ်။

အခန်းခစျေးနှုန်းကတော့ Day Use (မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ) အတွက်ဆို ၃၄,၀၀၀ ကျပ်ကနေ ၄၀,၀၀၀ ကျပ်အထိ ရှိပါတယ်။ One Night Stay (နေ့လယ် ၁၂ နာရီကနေ နောက်တစ်နေ့ နေ့ခင်း ၂ နာရီအထိ) အတွက်ဆို ၃၃,၀၀၀ ကျပ်ကနေ ၅၃,၀၀၀ ကျပ်အထိ အခန်းအမျိုးအစားပေါ် မူတည်ပြီး ရွေးချယ်စရာ ရှိပါတယ်။

ဖုန်း - 01 837 3411, 09 977 122406 

လိပ်စာ - 117/127, 33rd Street, Middle Block, Kyauktada Township, Yangon

(၄) Hotel Keio Yangon

အလုံမြို့နယ်၊ ကမ်းနားလမ်းမှာ တည်ရှိတဲ့အတွက် ဟိုတယ်ကနေဆို ရွှေတိဂုံဘုရားကို လှမ်းဖူးလို့ရသလို ရန်ကုန်မြစ်အလှနဲ့ မြို့ပြအလှကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ညနေဘက် ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်ထွက်ရင်း လေညှင်းခံလို့လည်း ရပါသေးတယ်။ နေ့ဘက်တွေဆို အညောင်းအညာပြေပြီး ကိုယ်လက်ပေါ့ပါးဖို့ Spa ရှိသလို ညဘက်တွေဆိုဆိုလည်း Rooftop မှာ Chill ဖို့ Beach Vibe ရစေတဲ့ အပြင်အဆင်နဲ့ Bar လည်း ရှိပါတယ်။ ဟိုတယ်ရဲ့ အောက်ဆုံးထပ်မှာ စားသောက်ဆိုင်လည်း ထပ်ရှိပါသေးတယ်။ 

အခန်းအမျိုးအစားအားလုံးအတွက် မနက်စာပါဝင်ပြီး ညအိပ်ဆို ၄၀,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်အထိ ရှိပါတယ်။ တစ်ခဏတာ ဝင်ရောက်အနားယူချင်တယ်ဆိုရင် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ တစ်နေ့လုံးကိုမှ ၃၀,၀၀၀ ကျပ်ကနေ ၄၀,၀၀၀ ကျပ်အထိ ရှိပါတယ်။ 

လိပ်စာ - အမှတ် ၃/၅၇၊ ဒန်အိုးစက် မှတ်တိုင်အနီး၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ အလုံမြို့နယ်

ဖုန်း - 09 408997788, 09 767780777, 09 9456978

(၅) Prince Hotel Yangon

နောက်ဆုံးအနေနဲ့ တာမွေကလူတွေအတွက် နီးနီးနားနားမှာ နေ့ချင်းပြန်လေး တည်းခိုအနားယူနိုင်ဖို့ Prince Hotel Yangon ကို လမ်းညွှန်ပေးလိုက်ပါတယ်။ သူ့ဟိုတယ်မှာ -

La Breeze Rooftop Bar 

Private Garden

Dynasty Restaurant

RYB Spa နဲ့ 

Gym စတဲ့ အပန်းဖြေစရာတွေလည်း ရှိပါတယ်။ 

Daycation အတွက် အခန်းခတွေကတော့ ၃၆,၀၀၀ ကျပ်ကနေ စရှိပြီး Staycation အတွက် အခန်းခလေးတွေကတော့ မနက်စာပါပြီး ၆၅,၀၀၀ ကျပ်ကနေ စရှိပါတယ်။ Staycation နဲ့ Daycation တည်းခိုကြမယ့် ဧည့်သည်တော်တွေအတွက် အစားအသောက်တွေကိုလည်း လက်ဆောင်အနေနဲ့ ပေးသွားဦးမှာပါ။ 

ဖုန်း - 09 775 197736

လိပ်စာ - 3/B, Between Kyaung Street & Dahmma Darna Street, Nat Chaung Ward, Tamwe Township

ဒါ့အပြင် ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ ဟိုတယ် (၅၀၀) ကျော်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်အပြည့်အစုံတို့ကို အောက်ကလင့်ခ်မှာ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

>> https://www.yangondirectory.com/listing/hotels

⇐ Previous Next

Read 4694 times