Entertainment

5 crazy movies to be released in 2021

5 crazy movies to be released in 2021

ဒီ (၂၀၂၀) ကြီးက ရုပ်ရှင်ကို ရုံမှာသွားကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ပျော်စရာကောင်းတဲ့ နှစ်တစ်နှစ် မဟုတ်တာ အသေအချာပါပဲ။ တင်မယ့်ကားတွေ ရက်ရွေ့သွားတယ်၊ တချို့တွေ Streaming Service တွေကနေပြလိုက်ရတယ်။

(၂၀၂၁) ထဲမှာလည်း ရုပ်ရှင်ကားကောင်းတွေ ထွက်လာဖို့ရှိပါတယ်။ ဒီကားတွေထဲက လူစိတ်ဝင်စားမှုများတဲ့ ရုပ်ရှင် (5) ကားကို ပြောပြပေးသွားမှာပါ။ 

AVATAR 2

Avatar 1 တည်းကလူကြိုက်များ ခဲ့တဲ့ကားဖြစ်ပြီး မူလဒါရိုက်တာ James Cameron ကပဲ ပြန်ရိုက်သွားမှာပါ။ ပထမကားမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ဒီကားကိုလည်း အတော်များများက မျော်လင့်နေကြပါတယ်

No Time To Die 

ဘယ်ခေတ်မှာမဆို လူကြိုက်များခဲ့တဲ့ James Bond ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး (2015) မှာထွက်ရှိခဲ့တဲ့ The Spectre က မင်းသား Daniel Craig ကပဲ ပြန်လည် သရုပ်ဆောင်သွားမှာပါ။ 

Kingsman 3 

ဟာသလေးတွေပါသလို မျက်ရည်ကျတဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ Kingsman ဇာတ်ကားကိုတော့ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် သရုပ်ဆောင်တွေ မတူတော့တာမို့လို့ အရင်ကားတွေလောက် ကောင်းပါ့မလားဆိုတာ သံသယဖြစ်စရာပါပဲ။ 

Quiet Place 2

ပထမကားတုန်းက အောင်မြင်မှုရရှိခဲ့တဲ့ ဒီကားကလည်း အဆက်ထပ်ထွက်လာဖို့ ရှိပါတယ်။ 

The Conjuring 3

Horror ကားတွေထဲမှာ အောင်မြင်မှု တော်တော်လေး ရရှိထားပြီး လူတော်တော်များများ ကြိုက်ကြတဲ့ ဇာတ်ကားပါ။ အခု 3 မှာရော ဘယ်လိုတွေလာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

⇐ Previous Next

Read 1933 times