Health & Beauty

Detox Water, which helps to break down body fat

Detox Water, which helps to break down body fat

အခုနောက်ပိုင်းမှာ ဝိတ်ချချင်တဲ့ သူတွေကြားထဲမှာ Detox Water ဆိုတာ ခေတ်စားလာပါတယ်။ လုပ်ရတာ လွယ်ကူရိုးရှင်းတာနဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးလည်းမရှိတာမို့လို့ ဒီလိုခေတ်စားလာတာပါ။ 

Detox Water ဆိုတာ သစ်သီးများကို ရေဖြင့် စိမ်ထားတဲ့ သစ်သီးစိမ်ရေကို ဆိုလိုတာဖြစ်ပါတယ်။ 

သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် လူတို့နေ့စဥ် စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အသောက်များကို သန့်စင်ရှင်းလင်းစေပြီး အသည်းနှင့်ကျောက်ကပ်ကို သန်မာလာစေတယ်လို့ ဆိုပါတယ်။ 

Detox Water ကိုဘယ်လိုဖျော်ရမလဲ ??

ဒါကတော့ လွယ်ပါတယ်။ ရိုးရှင်းပြီး အိမ်မှာတင် အလွယ်တကူလုပ်နိုင်ပါတယ်။ ကြိုက်တဲ့ အသီး (သို့) အရွက် (သို့) ဆေးဖက်ဝင် အပင် တစ်မျိုးမျိုးကို ရေနဲ့ ဖျော်လိုက်ရုံပါပဲ။ 

အဖျော်အများဆုံး ဖျော်ရည်တွေကတော့ 

သခွားသီးနဲ့ ပူစီနံ

သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး (၅)နာရီခန့် ရေခဲသေတ္ထာထဲ ထည့်ထားပြီး သောက်ပါ။

ပန်းသီးနဲ့ သစ်ကြံပိုးခေါက်

ပန်းသီးစိတ်နှင့် သစ်ဂျပိုးမှုန့် အနည်းငယ်ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။

စတော်ဘယ်ရီနဲ့ ပင်စိမ်း

စတော်ဘယ်ရီသီးလေးတွေနဲ့ ပင်စိမ်းကို ရေထဲ ထည့်စိမ်ပြီးသောက်ပါ။

သီးစုံ Detox Water 

ဒီနည်းကတော့ အကောင်းဆုံးနဲ့ အရသာအရှိဆုံး ဖြစ်ပါတယ်။ သခွါးသီး၊ ပန်းသီး၊ သံပုယိုသီး၊ ဘယ်ရီသီး၊ ပူစီနံရွက် စသည်တို့ကို လတ်လတ်ဆတ်ဆတ် စုံနိုင်သလောက် စုံအောင်ထည့်စိမ်ပြီး သောက်ပါ။

ဒီနည်းတွေထဲမှ မိမိနှင့်အဆင်ပြေနိုင်မည့် နည်းတစ်ခုခုကို ရွေးချယ်၍ လုပ်နိုင်ပါသည်။

အနည်းဆုံး ၆ နာရီမှ ၁၀ ခန့်အထိ စိမ်ထားပြီးလျှင် စတင်သောက်သုံးနိုင်ပါပြီ။ ရေနည်းသွားလျှင် ပြန်ဖြည့်ထားနိုင်ပါသည်။ ဝမ်းတွင်းမှ ကလီစာများကို အနားပေးပြီး ဆေးကျောသန့်စင်သည့် သဘောဖြင့် တစ်ပတ်ကို အနည်းဆုံး တစ်ရက်ခန့် ပြုလုပ်ပေးပါက သင်သည် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်မှာကို လုံးဝပူပန်စရာမလိုသည့် လူသားတစ်ဦး ဖြစ်လာမှာပါ။ 

⇐ Previous Next

Read 1832 times