Entertainment

Acqui-Hiring that caused trouble to the main actors in Startup KDrama

Acqui-Hiring that caused trouble to the main actors in Startup KDrama

အခုတလော ကိုရီးယားဇာတ်လမ်းတွဲ ချစ်သူတွေအပြင် အပြင်လောက စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဆယ်လီတွေနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအထိ ပေါက်ရောက်အောင်မြင်နေတဲ့ Netflix ရဲ့ On Going Series Startup ဟာ ကိုရီးယားနိုင်ငံရဲ့ Rating 6.01% နဲ့ Global Rating 5.4% အထိ ရရနေတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ 

 

ဇာတ်လမ်းထဲမှာ Main Lead များက စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပြီး Startup တစ်ခုရဲ့ ရုန်းကန်ရတဲ့ အပိုင်းတွေ၊ စီးပွားရေးနယ်ပယ်ရဲ့ ကျယ်ပြန့်မှုတွေနဲ့ အလျင်အမြန် တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာရဲ့ အသုံးဝင်ပုံတွေ စသဖြင့် သဘာဝဆန်ဆန် ရိုက်ကူးပုံဖော်ထားတာကို တွေ့ရမှာပါ။ 

 

 

ဒီဇာတ်လမ်းတွဲမှာ ကြည့်ရှုသူတိုင်းလိုလို မျက်ရည်ကျခဲ့ရတဲ့ Episode(12) မှာ ပါဝင်တဲ့ Main Lead တွေကို ဒုက္ခရောက်စေတဲ့အပြင် ဇာတ်ဆောင်တွေ ပေါင်းစုထားတဲ့ Company ကိုပါ တစ်ကွဲတစ်ပြား ဖြစ်စေခဲ့တဲ့ Acqui-Hiring အကြောင်းကို အနည်းငယ် ပြောပြပေးချင်ပါတယ်။ 

 

Acqui-Hiring ဆိုတာ Acquisition နဲ့ Hiring ကို ပေါင်းစပ်ထားတဲ့ နည်းပညာ နယ်ပယ်ရဲ့ စကားလုံး အသစ်တစ်ခု ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဝန်ထမ်းတွေ ရှာဖွေစုဆောင်းဖို့ ရည်ရွယ်ချက်နဲ့ ကုမ္ပဏီကို ဝယ်ယူခြင်းလို့ ခေါ်ပါတယ်။ 

 

ပြောချင်တာကတော့ ရင်းနှီးမြှပ်နှံသူတွေဟာ ထုတ်ကုန်ကို သဘောကျလို့ ကုမ္ပဏီကို ဝယ်ယူတာမျိုး မဟုတ်ဘဲ ကုမ္ပဏီမှာ ဖွဲ့စည်းထားတဲ့ နည်းပညာရှင်တွေနဲ့ ထုတ်လုပ်မှု နည်းပညာတွေကို ယူချင်လို့ ကုမ္ပဏီကို ဝယ်ယူတာမျိုး ဖြစ်ပါတယ်။ 

 

 

ဒီနည်းလမ်းက နောက်ပိုင်း ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီကြီး တော်တော်များများ လူခေါ်ရာမှာ ပြုလုပ်လာတဲ့ Smart Recruitment Strategy တစ်ခု ဖြစ်ပြီးတော့ Talent ဖြစ်တဲ့ စွန့်ဦးတီထွင် လူငယ်တွေကို အချိန်ကုန်၊ ငွေကုန်သက်သာစွာနဲ့ ကုမ္ပဏီ အကျိုးစီးပွားအတွက် ခေါ်ယူနိုင်တာမျိုး ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင် လက်သပ်မွေးခြင်းလို့ ခေါ်ကြပါသေးတယ်။

 

ဒီနည်းလမ်းက အရှုံးပေါ်ပြီး မကြာခင် ပိတ်သိမ်းရတော့မယ့် Startup လုပ်ငန်းတွေအတွက် ကယ်တင်ရာ နည်းလမ်းဖြစ်သလို ကုမ္ပဏီကြီးများအတွက်လည်း အချိန်တိုအတွင်း စွမ်းရည်ပြည့် လူငယ်တွေကို ရရှိနိုင်တာမို့ win-win Situation လို့ ခေါ်ဆိုလို့ ရတဲ့ အခြေအနေတစ်ခုပါပဲ။ 

 

Acqui-Hiring လုပ်ခံရတဲ့ လုပ်ငန်းအများစုဟာ များသောအားဖြင့် ငွေကြေးပိုင်း အခက်အခဲ ရှိနေတဲ့ (ဆက်လက်ရပ်တည်ရန် ဘဏ္ဏာရေးအရ ခက်ခဲနေတဲ့) လုပ်ငန်းတွေ ဖြစ်ပြီး ကုမ္ပဏီကို ရောင်းချလိုက်တဲ့အတွက် ပြန်အမ်းငွေအများစု ပြန်လည်ရရှိနိုင်ပါတယ်။ 

 

 

ယေဘုယျအားဖြင့် ကုမ္ပဏီအများစု Acqui-Hiring ပြုလုပ်လေ့ရှိတဲ့ အဆင့်ဆင့်ကိုလည်း ဗဟုသုတရအနေနဲ့ ဝေမျှပေးလိုက်ချင်ပါတယ်။ အခြေခံအားဖြင့် လုပ်ဆောင်လေ့ရှိတဲ့ အဆင့်တွေကတော့ ...

 

(၁) ဥပဒေအကြံပေး ပုဂ္ဂိုလ်ဆီမှ အကြံဉာဏ် တောင်းခံခြင်း 

(၂) ဘုတ်အဖွဲ့နှင့် ရှယ်ယာရှင်များထံမှ ခွင့်ပြုချက် တောင်းခံခြင်း

(၃) ကုမ္ပဏီပိုင်ရှင်များ ကိုယ်တိုင် ဝယ်ယူခွင့်ပြုကြောင်း သေချာအောင် ပြုလုပ်ခြင်း 

(၄) ဝယ်ယူမည့် ကုမ္ပဏီ တန်ဖိုးအား အကဲဖြတ်ခြင်း 

(၅) ကုမ္ပဏီအကြောင်း အသေးစိတ်ကို ကြည့်ရှုလေ့လာခြင်း

(၆) အခွန်ပေးချေမှု ရှိမရှိ စုံစမ်းစေခြင်း

(၇) ၀န်ထမ်းသစ်များအတွက် လျော်ကြေးငွေ ပေးခြင်း သို့မဟုတ် လက်ရှိ ၀န်ထမ်းများအား တာဝန်မှ ရပ်စဲခြင်း

(၈) ကြွေးရှင်များ စိတ်ကျေနပ်မှု ရှိစေရန် ပြုလုပ်ခြင်း 

စတာတွေပဲ ဖြစ်ပါတယ်။ 

 

Startup ဇာတ်လမ်းတွဲမှာတော့ ဒီအချက်တွေထဲက နံပါတ်(၃) အချက် ဖြစ်တဲ့ လုပ်ငန်းပိုင်ရှင်တွေကို ရောင်းချစေတဲ့နေရာမှာ ရင်းနှီးမြှပ်နှံသူဘက်က စာချုပ်ပါ အချက်အလက်နဲ့ သွေဖယ်ပြီး လိမ်လည် ချုပ်ဆိုခဲ့တာကြောင့် Main Actor အဖွဲ့ အလိမ်ခံခဲ့ရပြီး အဖွဲ့ခွဲခံလိုက်ရတယ်လို့ ထင်မြင်ယူဆမိပါတယ်။ 

 

စာဖတ်သူများကရော ဒီအချက်အပေါ် ဘယ်လို ထင်မြင်ယူဆလဲဆိုတာကို Comment Box မှာ မျှဝေပေးခဲ့ပါဦး။ 

⇐ Previous Next

Read 4642 times