Health & Beauty

Did you know that the wrong kind of lifestyle is slowly swallowing up your health?

Did you know that the wrong kind of lifestyle is slowly swallowing up your health?

လူတစ်ယောက်အတွက် ကျန်းမာတဲ့ ခန္တာကိုယ် ရရှိဖို့ဆိုတာ ပိန်ခြင်း၊ ဝခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ကိုယ့်ရဲ့ ခန္တာကိုယ် အချိုးအစားအလိုက် သင့်တင့်တဲ့ ကိုယ်အလေးချိန် ရှိမှသာ ကျန်းမာတဲ့ ခန္တာကိုယ် အချိုးအစားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

 

ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တာထက် နည်းနေရင်လည်း မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလို၊ ရှိသင့်တဲ့ အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးစေပါတယ်။ 

 

သင့်တင့်တဲ့ ကိုယ်အလေးချိန် ရှိခြင်းက သွေးတွင်းက ကိုလက်စထရောကို ထိန်းရာရောက်သလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ရောင်နာရောဂါနဲ့ ကင်ဆာ စတဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ရာလည်း ရောက်ပါတယ်။ ဒါကြောင့်မို့ လူတော်တော်များများ ဝိတ်ချဖို့ အမြဲ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

 

 

ဒါဆိုရင် နေ့စဥ်ဘဝရဲ့ နေထိုင်မှုတွေမှာ ကိုယ်အလေးချိန်ကို တက်စေတဲ့ အဓိက အကြောင်းအရင်းက ဘာတွေလဲ? 

 

များသောအားဖြင့် ဝိတ်တက်ရတဲ့ အကြောင်းအရင်းတွေမှာ အစားအသောက် အနေအထိုင် မမှန်တာ​ကြောင့် ဝိတ်တက်ရခြင်းက ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ အဓိက အချက်တွေကတော့ … 

 

  • အစာစားချိန် မမှန်တာ၊ 

  • အထိုင်များတဲ့ လုပ်ငန်းခွင်ပုံစံ ရှိတာ၊ 

  • ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊

  • အဆီနဲ့ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေ စားတာ၊

  • အိပ်ရေးပျက်တာ၊

စတဲ့အချက်တွေကြောင့် ဖြစ်ပါတယ်။ 

ဒါဆိုရင် ဒီလိုအကျင့်တွေကို ဘယ်လို ပြုပြင်ပြီး ကျန်းမာတဲ့ ခန္တာကိုယ်ကို ဘယ်လိုရယူကြမလဲ? 

 

ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကောင်းပေမယ့် တန်ဆေး၊ လွန်ဘေး ဆိုသလို အလွန်အကျွံ ဝိတ်ချဖို့ ကြိုးစားတာကလည်း ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေမှာပါ။ အရင်ဆုံး မိမိရဲ့ နေထိုင်မှုပုံစံကို ပြင်ဆင်ရပါမယ်။ 

 

မိမိလုပ်ငန်းခွင်က ကွန်ပျူတာရှေ့မှာပဲ တစ်နေကုန် ထိုင်ရတာမျိုး၊ တစ်နေကုန် မတ်တပ်ရပ်နေရတာမျိုး ဆိုရင် ကိုယ်လက်လှုပ်ရှားမှုရှိအောင် လေ့ကျင့်ယူပါ။ (ဥပမာ၊ နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်တာ၊ ထမင်းစားပြီး ချက်ချင်း ထိုင်ခုံမှာ ပြန်မထိုင်တာ) 

 

နေထိုင်မှုအပြင် အစားအသောက် စားပုံစားနည်းကိုပါ ပြောင်းလဲပစ်ရပါမယ်။ Detox Water လိုမျိုး ခန္တာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ ကျန်းမာရေး ဓာတ်စာကို အနည်းဆုံး တစ်ပတ်တစ်ခါ စားသောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ 

 

နောက်ပြီး ကျန်းမာရေးကို ထိခိုက်စေပြီး ဝိတ်တက်စေတဲ့ အဓိက အစားအစာတွေဖြစ်တဲ့ …

 

  • ထမင်းနဲ့ အသင့်စားခေါက်ဆွဲတွေ (Carbohydrate)

  • Fast Food တွေနဲ့ ဆီကြော်မုန့်တွေ 

  • ဂက်စ်ပါတဲ့ အချိုရည်တွေ

  • ဆီပါဝင်မှု များတဲ့ အစားအစာတွေ 

 

စတာတွေ စားသုံးခြင်းကို လုံးဝ (လုံးဝ) ရပ်တန့်ပစ်ရပါမယ်။ ဒါ့အပြင် …

 

  • တစ်နေ့ကို အနည်းဆုံး (၈) နာရီပြည့်အောင် အိပ်စက်ခြင်း 

  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ရှိခြင်း 

  • အစိမ်းရောင် အသီးအရွက် များများစားခြင်း 

  • စိတ်ကြည်လင်အောင် (Stress မများအောင်) ပြုမူနေထိုင်ခြင်း 

  • ရေများများ သောက်ခြင်း 

  • အစာစားတဲ့အခါ ဖြည်းဖြည်းနဲ့ မှန်မှန် စားခြင်း 

  • ဆေးလိပ်နဲ့ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကျဉ်ခြင်း

 

စတဲ့ အချက်တွေအတိုင်း ပြုပြင် နေထိုင်နိုင်မှသာ ကျန်းမာပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

 

စာဖတ်သူတွေကရော မိမိရဲ့ လက်ရှိ ခန္တာကိုယ် အလေးချိန်အပေါ် စိတ်ကြေနပ်မှု ရှိရဲ့လား၊ ကျန်းမာတဲ့ ခန္တာကိုယ် ရရှိဖို့ ဘယ်လိုတွေ ပြုမူနေထိုင်သင့်လဲဆိုတာကို Comment မှာ ဝင်ဆွေးနွေးပေးခဲ့ပါဦး။ 

 

Ref from www.nhs.uk 

⇐ Previous Next

Read 1499 times