Entertainment

Are there no good games except ML and PUBG?

Are there no good games except ML and PUBG?

ကျွန်တော်တို့နိုင်ငံမှာ ML Player ပေါင်း (၃)သန်းလောက်ရှိပြီး PUBG Mobile Player တွေလည်းတော်တော်လေးများပါတယ်။အခုဆို ငါတို့ကဒီဂိမ်းတွေမဆော့တော့ရင် ဘာဂိမ်းဆော့ရမှာလဲဆိုတဲ့ သူတွေအတွက် Online,Offline,Multiplayer ဂိမ်းကောင်းကောင်းလေးတွေ ပြောပြပေးသွားပါ့မယ်။

 

(1)Country Life: Harvest Day

ဒီ Game က အရင်က နာမည်ကျော်ခဲ့တဲ့ Country Life ကို Remake ပြန်လုပ်ပြီး Harvest Day အနေနဲ့ အသစ်ထွက်လာတာပါ။ အရင်ဟာထက် မြေနေရာကော size ပါများလာပြီး Graphic ကစကြည့်ကောင်းလာပါတယ်။ အရင် Version မှာတော့ Control မှာ Joystick movement ပါပေမယ့် Remake version မှာတော့ Touch ပုံစံထည့်ပေးထားတာပါ ။

 

Rating 8 ထိတောင်ရထားတဲ့ ဒီ Game က စိုက်ပျိုးရေးGame ကြိုက်တဲ့သူတွေအတွက် လုံးဝနှစ်သက်စေမှာပါ။စိုက်ပျိုးရေးဆိုပြီး အထင်မသေးနဲ့နော် Gameက Stroyနဲ့လာတာ။နောက်ပြီး ဒီGameက Thai ရဲ့ Country Life ပုံစံကိုယူထားတာပါ။ထိုင်းစိုက်ပျိုးရေးပုံစံလိုပေါ့။ Derek ဆိုတဲ့ ကောင်လေးစီမှာ အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။သူမနာမည်က Tidaတဲ့။ဒါပေမယ့် သူမက ဘန်ကောက်မှာရှိတဲ့ တက္ကသိုလ်တစ်ခုမှာ လေးနှစ်တာ ပညာသင်ကြားရမှာဖြစ်ပြီး Derek နဲ့ခဏတာ ခွဲခွာရတော့မှာပါ။ဒါကြောင့် ကောင်လေးဖြစ်သူ Derek ဟာ သူ့ပျိုမေအတွက် လယ်လုပ်ငန်းမှာ တွင်ကျယ်အောင် ကြိုးစားပါတော့တယ်။ကောင်မလေးပေါ်ထားရှိတဲ့ သူ့ရဲ့ အချစ်တွေကို သက်သေပြဖို့အတွက် သင်ဟာ Derekရဲ့ လယ်လုပ်ငန်းမှာ ကူညီကစားပေးရမှာပါ။

 

ဒီမှာဆိုရင် လယ်ယာစိုက်တာတင်မဟုတ်ပါဘူး တခြား ငါးမြှားတာတို့ မိုင်းတူးတာတို့လဲပါပါတယ်။ Harvest Moon နဲ့တောင် သွားတူမနေဘူးလား? ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် လယ်သမားဘဝကို ငြိမ်းချမ်းစွာကစားနိုင်ပြီး Romance လေးတွေပါပါလို့ စိတ်အပန်ဖြေစေမယ့် Game ကောင်းလေးတစ်ခုပါဘဲ။ တခြား Farming game တွေနဲ့မတူဘဲ Free move character လေးနဲ့ဆော့ရမှာဆိုတော့ အရမ်းမိုက်ပါတယ်။

 

 

 

(2)Dawn Break 3

Dawn Break ဟာ  Series  လိုက်ထွက်ခဲ့တဲ့  Offline RPG အမျိုးစားဖြစ်ပြီး  အခုနောက်ဆုံးထွက်ထားတဲ့  Dawn Break Ice And Fire ဟာလည်း  3 အနေနဲ့ Offline အမျိုးစားဘဲ  ထုတ်ပေးခဲ့တာပါ ။ Game UI နဲ့ပတ်သတ်ပြီး  ရင်းနှီးပြီးသားဖြစ်ပေမယ့် Character တွေကတော့ အသစ်တွေထည့်ပေးထားတာပါ ။ Game ရဲ့ Storyline က  Character ပေါ်မူတည်ပြီး Chapter အလိုက်ကွဲပေမယ့်  Hilde လေးရဲ့ ဇာတ်ကြောင်းကတော့  အတော်စိတ်ဝင်စားစရာ​ကောင်းတယ်လို့ ပြောရမယ်။

 

သူမနေနေတဲ့ တိုင်းပြည်က  မြောက်ဝန်းရိုးစွန်းမှာ အပူချိန်လုံးဝ မရှိသလောက်  အေးစက်နေပေမယ့်  နှင်းကျတယ်ဆိုတာ  နှစ်ပေါင်းများစွာထိ လုံးဝမရှိခဲ့ပါဘူး ။ဘာလို့ဆိုတော့  နှင်းနတ်သမီးတွေ  ပျောက်ဆုံးသွားတဲ့အချိန်ကတည်းက  ဒီကိစ္စတွေဟာ ဖြစ်ပေါ်နေတာဖြစ်ပြီး  ဘယ်သူမှ နှင်းနတ်သမီးတွေကို ရှာမတွေ့ခဲ့ကြပါဘူး။

 

ဒါပေမယ့် ရေခဲရဲ့မှော်စွမ်းအင်ကို  ပိုင်ဆိုင်ထားတဲ့ Hilde လေးကတော့  သူတို့ရဲ့ ခေါ်သံတွေကို  ကြားနေရတာဖြစ်ပြီး  ဒီကိစ္စကိုဖြေရှင်းဖို့တွက်  သူမကိုယ်တိုင်  အဲဒီအသံလားရာကို သွားရောက်ရှာဖွေရတော့မှာပါ ။ အဖြစ်ပျက်က Frozen ထဲက  Elsa ကိုတောင် သွားသတိရနိုင်တာကြောင့်  အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ပြီးတော့ Ice And Fire ဆိုတော့  Fire ကဘယ်လိုလာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

 

 

(3)PoKo Adventure

ဒီနှစ်ထဲမှာဘဲ ထွက်ထားတဲ့ Adventure Game ကောင်းလေးဖြစ်ပြီး 3D ဒီဇိုင်းနဲ့ Maze ပုံစံ ဖန်တီးပေးထားတာပါ။ဒီ Game မှာဆိုရင် သင်ဟာ PoKo ဆိုတဲ့ အကောင်လေးကို ကိုယ်စားထိန်းချုပ်ပေးရမှာဖြစ်ပြီး  ပန်းတိုင်ကိုရောက်ဖို့တွက် ဝင်္ကပါကြားတွေထဲမှာ မျက်စိလည်အောင်ထိ ကစားပေးရမှာပါ။

 

Game က Controller လည်း Support ပေးသလို Level တစ်ခုပြီးတစ်ခု တက်တိုင်းလည်း Environment ကစ အကုန်ပြောင်းသွားတာပါ ။ Shadow တွေကစ Accurate ဖြစ်တဲ့အပြင် Graphic ကစ Optimize ဖြစ်တာကြောင့် အရမ်းသဘောကျစေမှာပါ။ရိုးရှင်းပြီး မျက်စိလည်စေတဲ့ Maze တည်ဆောက်ပုံတွေကစ Challenge ဖြစ်စေတာကြောင့် ဆော့ကြည့်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ ပြီးတော့ First Person Type ပါထည့်ပေးထားတာပါ။

 

 

(4)Slash of Sword Rebellious Jousting

သိပ်မကြာခင်ကမှ ထွက်လာတဲ့  ဒီ Game က RPG သမားတွေတွက်  အရမ်းသဘောကျစေမှာဖြစ်သလို  အခုထွက်ထားတဲ့ Rebellious Jousting ဆိုတဲ့  Title ဟာလည်း Slash Of Sword 2 အနေနဲ့ ထွက်လာခဲ့တာပါ။အရင် ထွက်ထားခဲ့တဲ့  Slash Of Sword 1 ဟာ လိုအပ်ချက်တွေရှိနေခဲ့ပေမယ့်  အခုချိန်မှာတော့ 2 အနေနဲ့  Graphic ကော၊ UI ကော၊ ဇာတ်လမ်းရွေးချယ်မှုတွေကစ  ပီပီပြင်ပြင် ထွက်လာခဲ့တာပါ။

 

 ဒီ Game မှာဆိုရင်  သင်ဟာ တောထဲမှာ တွေ့ခဲ့တဲ့အလောင်းတစ်ခုကြောင့်  မဆီမဆိုင် လူသတ်တရားခံ အဖြစ်နဲ့ စွပ်စွဲခံခဲ့ရပြီး  ပြစ်ဒဏ်အနေနဲ့ လူသတ်ကွင်းထဲကို  အပို့ခံခဲ့ရတာပါ။ ဘယ်လောက်ဘဲ အမှန်ကိုပြောပြော  အမိန့်ကြောင့်ဆိုတဲ့ Law အောက်မှာ အကွက်ချခံခဲ့ရပြီး  ဘယ်လိုဘဲပြောပြော လစ်လျူရှုခံခဲ့ရပါတယ်။လူသတ်ကွင်းဆိုတာက  အသက်ရှင်ဖို့ရာတွက် ပြိုင်ဘက်ကို  ရုန်းကန်သတ်ဖြတ်ရမယ့် ကစားပွဲတစ်ခုဖြစ်ပြီး  သင့်အနေနဲ့ အမှန်ကို ဖော်ထုတ်ဖို့တွက်  လက်ရှိအချိန်မှာတော့  အသက်အတွက် ရုန်းကန်ရတော့မှာပါ။

 

Game ပုံစံက  Open World စတိုင်နဲ့ နယ်မြေတွေကို Explore လုပ်လို့ရပြီး  ပိုသဘောကျစေမှာက Game မှာ  Choice Storyline ထည့်ပေးထားတာပါ။အဲတော့ သတ်ကွင်းရဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ရင်း  နောက်ထပ်မထင်မှတ်ထားတဲ့ ကိစ္စတွေဟာ  ရွေးချယ်မှုပေါ်မူတည်ပြီး ပြောင်းလဲသွားအုံးမှာပါ။ ဥပမာ - ဓားပြကိစ္စတို့ ၊ ကောင်မလေးကယ်တဲ့ ကိစ္စတို့ပေါ့ ။

 

သတ်ကွင်းမှာ ပြိုင်ဘက်ကို  အနိုင်ယူဖို့တွက် လက်နက်တွေ ၊ armor တွေ  ဝယ်ယူတပ်ဆင်လို့ရပြီး Skill Point တွေပါ ထည့်ပေးထားပါတယ် ။ Graphic အနေနဲ့လည်း  High Resolution ဖြစ်တဲ့အပြင် ၊ Day , Night circle တွေရဲ့  Sun Lighting ကျရောက်တာတွေပါ  သေသေချာချာလေး ဖန်တီးပေးထားတာပါ။Polygon Type ဆိုပေမယ့်  Gameplay အနေနဲ့ကတော့ Fighting အခန်းတွေမှာ  တအား အားရစရာကောင်းပါတယ်။ Stamina ဟာ ဒီ Game တွက်  အရမ်းအရေးပါပြီး Defence နဲ့ Attack ကိုလည်း  အထာကျကျ Skill ပြလို့ရမယ့် Game ကောင်းတစ်ခုပါ။ထုံးစံတိုင်း ရန်သူရဲ့  AI Level ဟာ လျော့တွက်လို့ မရတာကြောင့် နည်းဗျူဟာကျကျ  တိုက်ခိုက်တတ်ဖို့လည်းလိုအပ်ပါတယ်။

 

 

(5)Suspects Mystery Mansion

ဒီ Game က Among Us သမားတွေတွက် အရမ်းသဘောကျစေမှာဖြစ်သလို အလှည့်ပြောင်းလေးဖြစ်စေမယ်ဆိုတာလည်း သေချာပါတယ်။ IQ လည်း လိုအပ်သလို အမိုက်ဆုံး Feature ကတော့ Voice Chat ပါ ထည့်ပေးထားတာပါ။ အရင်က Text နဲ့ လိမ်ခဲ့သမျှ ဒီတစ်ခါတော့ ကိုယ်ပိုင် Native အသံနဲ့ smart ကျကျလှည့်စားရတော့မှာပါ။ ပြောရရင် High levelပေါ့။ပြီးတော့ Ireland ကနေ ထုတ်ပေးထားတာမလို့ Boycott လည်း ကင်းတယ်။

 

Game ရဲ့ Main Characters လေးတွေက Animals လေးတွေဖြစ်ပြီး Zooba ဆော့ဖူးတဲ့ သူတိုင်း ရင်းနှီးမှာပါ။သူတို့လေးတွေ အားလုံးက စံအိမ်ကြီးရဲ့ ထူးဆန်းတဲ့အမှုမှာ လာရောက် ဖြေရှင်းပေးကြရမှာဖြစ်ပြီး သူတို့အားလုံးထဲက တရားခံကိုလည်း သဲလွန်စတွေနဲ့ အတူ ဖော်ထုတ်ပေးကြရမှာပါ။ ပြောရရင် အကုန် သူစိမ်းတွေကြီးဘဲ ဘယ်သူမှ မိတ်ဆွေမပါဘူးဆိုတာမျိုးပေါ့။

 

သဘောကျစရာကောင်းတာက Voice Chat တင်မဟုတ်ဘဲ IQ နဲ့ သတ်မှတ်တဲ့ Game Mode တွေပါ။ အစပိုင်း အသက်မေးတာတောင် Question တွေဖြေပေးရပုံထောက်ရင် Game ကကလေးတွေတွက်တော့ မဖြစ်နိုင်တော့ပါဘူး။Voice Chat ကို အားပြုထားပြီး Violence မဖြစ်ဖို့လည်း သတိပေးထားပါသေးတယ်။ Gameplay က Classic Mode တင်မဟုတ်ဘဲ Special Event တွေပါ ဖွင့်ပေးထားသေးတာပါ။ ခုနကဘာလို့ IQ လိုလည်းဆိုရင် အစပိုင်း Mode မှာ သင်ဆော့ခဲ့တဲ့ အရည်ချင်းပေါ်မူတည်ပြီး နောက်ထပ် Gameplay Mode က Unlock ဖြစ်မှာ မို့လို့ပါ။ အဲတော့ မမှီရင် တက်မလာနဲ့အုံးဆိုတာမျိုး Challenge ဖြစ်စေတယ်။ ဆရာကြီးတွေဘဲ နောက်ဆုံး Mode မှာ စုံကြမှာဆိုတော့ အရမ်းမိုက်တယ်နော်။

 

 

 

⇐ Previous Next

Read 1944 times