Health & Beauty

Should we use a sheet mask every day?

Should we use a sheet mask every day?

Sheet mask ဆိုတာဘာလဲ?Sheet mask ဆိုတာနဲ့ Serum အရည်လေးတွေစိမ်ထားတဲ့ မျက်နှာဖုံးပုံစံအချပ်လေးကိုပြေးမြင်ကြမှာပါ။Sheet mask တွေက Korea နဲ့ Japanကနေ စတင်ပေါ်ပေါက် အသုံးပြုလာကြပါတယ်။Sheet Mask တွေကို ဖိုင်ဘာ,ဝါဂွမ်း, ဆဲလူလိုစ့် ဒါမှမဟုတ် အုန်းဆံတွေနဲ့ပြုလုပ်လေ့ရှိကြပါတယ်။များသောအားဖြင့် မျက်နှာပေါ်မှာ အေးအေးလေးနဲ့ သက်သောင့်သက်သာ သုံးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Sheet Mask တွေကို Skin အတွက်အကျိုးပြုစေမယ့် ပါဝင်ပစ္စည်းတွေနဲ့ အားဖြည့်ထားလို့ပါ။ ဒါပေမယ့် လူတွေရဲ့ခန္တာကိုယ်လို Sheet Mask တွေမှာ အဓိကပါတာကတော့ ရေပါပဲ။

 

 

Sheet Mask တွေက skin hydration ပေးတယ် Soft ဖြစ်တယ် အချိန် 15 to 20 mins လောက်နဲ့ သိသိသာသာ effect ကို ရတယ်ဆိုတော့ နေ့တိုင်းကပ်ချင်ကြတယ်။ရလားဆိုရင် ရတော့ရတယ် ဒါပေမယ့် တစ်ချို့ skin type အတွက်ပဲ အဆင်ပြေတယ်။ဘယ်လို skin သမားတွေလဲဆိုတော့ Dry, Normal, Sensitive အထူးသဖြင့် dry skin သမားတွေဆိုရင် မျက်နှာအသားအရေခြောက်တာမို့ sheet mask နေ့တိုင်းကပ်လို့အဆင်ပြေတယ်။ soft ဖြစ်ပြီး Glow look ရစေတယ် Sensitive တွေဆိုလဲ skinကို calming ဖြစ်စေပြီး တခြား skincare တွေထက် sheet maskက အဆင်ပြေစေတယ်။

 

 

ဒါပေမယ့် အဆီပြန်ပြီး အဆီဖုဝက်ခြံထွက်နေကျသူတွေကတော့ နေ့တိုင်းကပ်လို့ အဆင်မပြေပါဘူး။ဘာလို့လဲဆိုတော့ hydration အရမ်းပေးတဲ့အခါကျရင်လဲ ချွေးပေါက်ပိတ်ပြီး အဆီကျိတ် အဆီခဲ ဖြစ်လာနိုင်စေလို့ပါ။ အဲ့တော့ oily acne skin သမားတွေအတွက် အဆင်ပြေပေမယ့်လဲ အဆီပြန် အဖုထွက်တတ်သူတွေက တစ်ပတ်ကို နှစ်ရက်လောက်ပဲ အများဆုံး ကပ်သင့်ပါတယ်။ ဒါ့အပြင် Sheet Mask ခြောက်သွားပြီလို့ခံစားရတဲ့အချိန် ဒါမှမဟုတ်အလွန်ဆုံး မိနစ်(၂၀)လောက်ထိ ကပ်ပြီးပြီဆိုခွာသင့်ပါပြီ။ 

⇐ Previous Next

Read 1754 times