Shopping & Promos

Best Wholesale Places in Yangon

Best Wholesale Places in Yangon

အခုပြောပြပေးသွားမယ့် ပစ္စည်းတွေ၊ ဆိုင်တွေက မြို့နယ်တိုင်းမှာ တွေ့ရတတ်တယ်ဆိုပေမဲ့ တူရာဆိုင်တွေ စုနေတဲ့ နေရာလေးတွေ၊ ရွေးချယ်စရာများပြီး တဆင့်ပြန်ရောင်းချင်သူတွေအတွက် လက္ကားဝယ်ဖို့ အဆင်ပြေမယ့် နေရာလေးတွေကို သိထားရအောင် မျှဝေပေးလိုက်ပါတယ်။

ဖိနပ်အမျိုးအစား စုံစုံလင်လင် လိုချင်ရင် ၂၉ လမ်းကို သွားပါ။

ပရဆေးဆိုင်နဲ့ အိမ်သုတ်ပစ္စည်းဆိုင်တွေဆို ကုန်ဈေးတန်းမှာ စုံပါတယ်။

မွှေးပွအရုပ်ကြီးတွေ၊ ကော်ရုပ်၊ ကလေးကစားစရာ အစုံအလင် လိုချင်ရင် ၂၄ လမ်း အပေါ်ဘလောက်မှာ ရပါတယ်။

မျက်မှန်နဲ့ ပတ်သက်ရင် ရွှေဘုံသာအလယ်လမ်းမှာ အများကြီး ရှိပါတယ်။

ရွှေအတိုအစက အစ ရွှေတုံးတွေအထိ လိုချင်ရင် ရွှေဘုံသာ အောက်ဘလောက်ကို သွားပါ။

ဆိုးဆေး၊ အနံ့၊ အရသာနဲ့ ပတ်သက်ရင် ၂၇ လမ်းမှာ ရပါတယ်။

စက္ကူဂျပ်ပုံး ဆိုက်အစုံ လိုသလောက်ဝယ်ချင်ရင် ၂၈ လမ်း အပေါ်ဘလောက်မှာ ရပါတယ်။

လျှပ်စစ်ပစ္စည်းအစုံအလင်လိုရင် လမ်း ၃၀ အလယ်ဘလောက်ကို သွားပါ။

စာရေးကိရိယာနဲ့ ပတ်သက်ရင် ၃၁ လမ်း အလယ်ကိုဘလောက် ရှိပါတယ်။

ငါးကင်ကောင်းကောင်း စားချင်ရင် လှည်းတန်းကို သွားပါ။

အသောက်အစားအတွက်ဆို ၁၉ လမ်းမှာ စုံပါတယ်။ 

     Advertisement

Click Here > Phyo Eain Si

မာလာမောက်ချိုက်၊ မာလာရှမ်းကော စားချင်ရင် စဉ့်အိုးတန်း အပေါ်ဘလောက်ကို သွားပါ။

ပင်လယ်စာတွေ လက္ကားလိုချင်ရင် ၁၈ လမ်းအ‌ပေါ်ထိပ်မှာ ရပါတယ်။

မိုက်ခရိုအီလက်ထရောနစ်နဲ့ ပတ်သတ်သမျှ ပစ္စည်းအစုံလိုရင် ဗိုလ်ရွဲလမ်း (မောင်ခိုင်လမ်း) အပေါ်ဘလောက်မှာ ရပါတယ်။

ဘေထုပ်နဲ့ ပတ်သက်ရင် ကြည့်မြင်တိုင်ညဈေးမှာ ဘရန်းဒက်အထည်တွေကို ဈေးချိုချိုနဲ့ ရပါတယ်။

ဘုရားတည်၊ ဘုန်းကြီးကျောင်းမှာ ဘုရားစေတီလှူလိုသူတွေ ပန်းတဉ်းတန်း ကြည့်မြင်တိုင်ကို သွားပါ။

ကွန်ပြူတာနဲ့ ပတ်သက်သမျှ အစုံရတာက ဆိပ်ကမ်းသာ အလယ်ဘလောက်ပါ။

ဆီးမီးထွန်း၊ မီးပုံးလှလှ လိုချင်ရင် မဟာဗန္ဓုလလမ်း၊ ၂၃ လမ်းနဲ့ ၂၄ လမ်းကြားမှာ အစုံရပါတယ်။

နာရီနဲ့ ပတ်သတ်ရင် ၃၅ လမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ဆိုင်တွေများပါတယ်။

ဆေးနဲ့ ဆေးပစ္စည်းဆိုရင် ရွှေပြည့်စုံစျေးမှာ ဒိုင်တွေ များပါတယ်။

ရယ်ဒီမိတ်အထည်တွေဆို ယုဇနပလာဇာမှာ ရပါတယ်။

ကုန်စိမ်းအလိုရှိရင် သီရိမင်္ဂလာစျေးနဲ့ ဒညှင်းကုန်း​ကို သွားပါ။

အပ်ချုပ်ပစ္စည်းဆိုင်တွေဆို သိမ်ကြီးစျေးဘက်မှာ ရှိပါတယ်။

လက်ပူတိုက် ဖုန်းမျိုးစုံလိုချင်ရင် ပန်းဆိုးတန်းက အဟောင်းတန်းစျေးကို သွားပါ။

ခုံတွေ၊ ပရိဘောဂအဟောင်းတွေဆို ကြည့်မြင်တိုင် ညစျေးထောင့်မှာ ရှိပါတယ်။

ရှေးဟောင်း ကျောက်မျက်ရတနာတွေ၊ ရိုးရာချိတ်အဆင်တွေ လိုချင်ရင် ဗိုလ်ချုပ်စျေးကို သွားပါ။

တွင်းထွက်ကျောက်တွေ ရောင်းတဲ့ နေရာဆို ရွေဘုံသာလမ်း အောက်ဘလောက် ရှိပါတယ်။

စားသောက်ကုန်အတွက်ဆို ညောင်ပင်လေးစျေးကို သွားပါ။

*Credit to Original Uploader*

⇐ Previous Next

Read 1674 times