Shopping & Promos

Books Selling in 25% Discount By Seikku Cho Cho

Books Selling in 25% Discount By Seikku Cho Cho

အဖိုးတန်လှတဲ့ အချိန်တွေကို စာအုပ်စာပေတွေ ဖတ်ရင်း ကုန်ဆုံးတတ်တဲ့ စာဖတ်ဝါသနာအိုးတွေအတွက်တော့ စာအုပ်ဆိုင်နဲ့ စာအုပ်တိုက်တွေဟာ မိတ်ဆွေကောင်းတွေလိုပါပဲ။ အခုတစ်ခါမှာလည်း စာပေချစ်ပရိသတ်တွေအတွက် စာအုပ်ဝယ်ရင် အုပ်ရေများများနဲ့ စျေးသက်သက်သာသာ ဝယ်နိုင်ဖို့ ၂၅% လျှော့စျေးနဲ့ ရောင်းချပေးနေတဲ့ စာအုပ်တိုက်တစ်ခုမှ စာအုပ်စျေးရောင်းပွဲကို ညွှန်ပေးချင်ပါတယ်။ 

စိတ်ကူးချိုချိုစာအုပ်တိုက်ကနေ ထုတ်ဝေထားတဲ့ စာအုပ်တွေအားလုံးကို ၂၅% လျှော့စျေးနဲ့ ဩဂုတ်လ (၁) ရက် အင်္ဂါနေ့ကနေ၊ ဩဂုတ်လ (၁၃) ရက် တနင်္ဂနွေနေ့အထိ နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅နာရီခွဲအထိ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

ရန်ကုန်၊ မန္တလေး စိတ်ကူးချိုချိုဆိုင်ခွဲတွေနဲ့ အပါးတော်မြဲ စာအုပ်ဆိုင်တွေမှာ ဒီပရိုမိုးရှင်းကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းဆို ၂၅% လျှော့စျေးနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး စာအုပ်ဆိုင်များ၊ ကိုယ်စားလှယ်များနဲ့ စာကြည့်တိုက်များကိုဆို ၃၅% လျှော့ပြီး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

Advertisement

Click Here > English Studio by Nath

ဒါ့အပြင် လျှော့စျေးနဲ့ ကျပ် ၃၀,၀၀၀ ဖိုး ပြည့်အောင် ဝယ်ရင် ၄၀% လျှော့စျေးနဲ့ စာအုပ်တစ်အုပ် ထပ်ဝယ်လို့ရပါသေးတယ်။ စာအုပ်တွေကို ဆိုင်အရောက် သွားဝယ်ဝယ်၊ အွန်လိုင်းကနေ မှာဝယ်ဝယ် လျှော့စျေးတွေကတော့ အတူတူပဲ ရမှာပါ။ 

လတ်တလော ထွက်ရှိထားတဲ့ စာအုပ်လေးတွေရယ်၊ ထပ်မံထွက်လာဖို့ရှိတဲ့ စာအုပ်လေးတွေရယ်နဲ့ စိတ်ကူးချိုချို စာအုပ်တိုက်ကနေ ထုတ်ဝေထားတဲ့ စာအုပ်တွေရဲ့ စာရင်းကို အောက်ကလင့်ခ်မှာ Download ရယူနိုင်ပါတယ်။

>> https://shorturl.at/amGH9

ဆိုင်လာဝယ်ချင်သူများအတွက်

===============

SKCC - နတ်ချောင်းရုံး : အမှတ် ၇/၈၊ မြန်မာသီရိလင်္ကာရာမကျာင်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်။ (အာယုဆေးရုံနှင့် တာမွေဗလီထိပ် မီးပွိုင့်ကြား၊ Great Garden ဟိုတယ်ဘေးလမ်းသွယ်)

SKCC - လမ်း ၄၀: အမှတ် ၂၅၂၊ လမ်း ၄၀ အပေါ်ဘလောက်၊ ကျောက်တံတားမြို့နယ်။

SKCC - လှည်းတန်း: အမှတ် ၂၊ လှည်းတန်းစင်တာအနီး၊ လှည်းတန်း ၁ လမ်း၊ ကမာရွတ်မြို့နယ်။

SKCC - မန္တလေး: အမှတ် ၇/၈၊ ၃၂ လမ်း၊ ၇၃×၇၄ကြား၊ ကံသူရလက်ဖက်ရည်ဆိုင်ဘေး။

အပါးတော်မြဲ - အမှတ် ၄၈၊ ရေကျော်လမ်းမ (သံလမ်းအနီး) ပုဇွန်တောင်မြို့နယ်။

Online မှ မှာယူချင်သူများအတွက်

====================

Seikku Cho Cho page https://shorturl.at/jrG67 နဲ့ အပါးတော်မြဲစာပေတိုက်နှင့် စာအုပ်ဆိုင်များ page https://shorturl.at/hBT02 မှာလည်း မှာယူရရှိနိုင်ပါတယ်။

၃၅% နဲ့ မှာကြားမယ့် စာအုပ်ဆိုင်များ၊ ကိုယ်စားလှယ်များ၊ စာကြည့်တိုက်များအနေနဲ့တော့ သီးသန့်ဖုန်း 09402772668 နဲ့ 09266236436 တို့ကိုသာ ရုံးချိန်အတွင်း ဆက်သွယ်မှာကြားပေးကြဖို့ လိုပါတယ်။

ဒီစာအုပ်စျေးရောင်းပွဲတော် စနေတာ (၄) ရက်လောက် ရှိပြီဆိုတော့ အနီးနားမှာရှိတဲ့ ကိုယ့်လို ဝါသနာတူတွေပါ သိသွားရအောင် သတင်းကောင်းလေး ပါးပေးလိုက်ကြဦးနော်။ 

⇐ Previous Next

Read 851 times