Travel

Free Bus Ticket From Kyaikto to Yangon

Free Bus Ticket From Kyaikto to Yangon

ရန်ကုန်ကနေ ကျိုက်ထိုကို သွားတဲ့အခါ အပြန်အတွက် ဒါမှမဟုတ် ကျိုက်ထိုကနေ ရန်ကုန်ကို လာလည်မယ့်သူတွေအတွက် ရိုးရိုးလေး အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ မိုးရာသီအထူးပရိုမိုးရှင်းတစ်ခု စီစဉ်ပေးထားပါတယ်။

ပရိုမိုးရှင်းကတော့ ကျိုက်ထိုကနေ ရန်ကုန်အသွား ခရီးစဉ်များကို (ရန်ကုန်ကနေ ကျိုက်ထိုအသွား မဟုတ်ပါ) လက်မှတ်ခ အခမဲ့ဖြင့် ဩဂုတ်လတစ်လလုံး စီးနင်းလို့ရမယ့် အခွင့်အရေးဖြစ်ပါတယ်။ ကျိုက်ထိုကနေ ရန်ကုန် ခရီးစဥ်ကို နေ့စဥ် မနက် ၁၀ နာရီတွင်တစ်ချိန်၊ မနက် ၁၁ နာရီခွဲတွင်တစ်ချိန်၊ နေ့လယ် ၁၂ နာရီခွဲတွင်တစ်ချိန်ဆိုပြီး သုံးကြိမ်ထွက်ခွာမှာ ဖြစ်ပါတယ်။

Advertisement

Click Here > Chemflora May Co.Ltd.

ကျိုက်ထို-ရန်ကုန် ခရီးစဉ်ကို ဖရီးပေးထားတယ်ဆိုတော့ အခွင့်အရေးရတုန်းလေး ရန်ကုန်ကနေ ကျိုက်ထီးရိုးဘုရားကို သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေနဲ့ သွားဖူးချင်သူတွေအတွက်လည်း အပြန်လမ်းစရိတ် သက်သာသွားတာပေါ့။

ရိုးရိုးလေး အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ ရန်ကုန် ~ ဝေါ ~ ကျိုက်ထို ~ ဘီးလင်း ~ ကျိုက်ကော် ~ သထုံ ~ ဇင်းကျိုက် ~ ပေါင် ~ မော်လမြိုင် ~ မုဒုံ ~ ကျိုက်မရော ~ ချောင်းဆုံ ခရီးစဉ်များ၊ ရန်ကုန် ~ မော်လမြိုင် ~ ကြာအင်းဆိပ်ကြီး၊ ရန်ကုန် ~ ဘားအံ ~ လှိုင်းဘွဲ့၊ ရန်ကုန် ~ ဖာပွန် ခရီးစဉ်များကို ပြေးဆွဲလျက်ရှိပါတယ်။ ခရီးစဉ်များနဲ့ ပတ်သတ်ပြီး အသေးစိတ် စုံစမ်းမေးမြန်းချင်တယ်ဆိုရင် အောက်က သက်ဆိုင်ရာ ကားဂိတ်ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပါတယ်။         

ကားဂိတ်နှင့် ဖုန်းနံပါတ်များ

===============

"ပ"ဝင်း၊ အောင်မင်္ဂလာအဝေးပြေး လက်မှတ်အရောင်းဌာနဂိတ်

ဖုန်း - 09-977828870, 09-977828871, 09-750110221, 

ရန်ကုန်ဂိတ် 

ကုန်တန်ဆာဖုန်း - 09-972912123

ကျိုက်ထိုဂိတ်

ဖုန်း - 09-954001217, 09-954001402, 09-977828846

မော်လမြိုင်ဂိတ်ဖုန်း

ဖုန်း - 09-977828851,09-954001215,09-784355561

ချောင်းဆုံဂိတ်

ဖုန်း - 09-443746420

ကျိုက်မရောဂိတ်

ဖုန်း - 09-977828853

ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဝေးပြေးကားလိုင်းများရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အောက်လင့်ခ်မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။  

>> https://shorturl.at/eDO37

⇐ Previous Next

Read 1099 times