Entertainment

"Carriers" movie that should not be missed during the Covid-19 era

"Carriers" movie that should not be missed during the Covid-19 era

စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတယ်။ စည်းမျဉ်းတွေက ရှင်းပါတယ်။

နံပါတ် (၁) ကူးစက်ခံရသူတွေကို လုံးဝရှောင်ပါ။ သူတို့အသက်ရှူလိုက်တဲ့ လေကနေ ကူးစက်တတ်တယ်။
နံပါတ် (၂) လွန်ခဲတဲ့ ၂၄ နာရီက သူတို့ ထိတွေ့ခဲ့တဲ့ အရာမှန်သမျှကို ပိုးသတ်ရမယ်။
နံပါတ် (၃) နေမကောင်းဖြစ်ပြီဆိုတာနဲ့ သေမှာပဲ။ ဘယ်သူမှ ကယ်လို့ မရဘူး။

အဲဒီစည်းမျဉ်းတွေကို ချိုးဖောက်ရင် သေမယ်။ လိုက်နာရင် အသက်ရှင်မယ်။

ဇာတ်လမ်းက နေရာအနှံ့အပြားမှာ လူတွေ ရောဂါပိုး ကူးစက်ခံရပြီး သေဆုံးနေကြတယ်။ ဒီဗိုင်းရပ်စ်က ၂၄ နာရီကြာ အသက်ရှင်နေနိုင်ပြီး ရောဂါဖြစ်ပွားသူက ရှူရှိုက်နေတဲ့လေ၊ သွေးနဲ့ အသုံးအဆောင်ပစ္စည်းတွေကတစ်ဆင့် ကူးစက်ပါတယ်။ ဆေးမရှိတာကြောင့် ကူးတာနဲ့ သေဖို့ပဲ ရှိပါတယ်။

ဒါကြောင့် Brian နဲ့ Danny ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က သူတို့ကောင်မလေးတွေနဲအတူ ကားတစ်စီးခိုးပြီး ထွက်ပြေးလာကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ရိက္ခာတွေစုပြီး ဘယ်သူမှမရှိတဲ့ ပင်လယ်ကမ်းခြေကို သွားဖို့ပါပဲ။ ဒီလိုဆိုရင် သူတို့ အသက်ရှင်နိုင်တယ်လေ။

အစ်ကိုဖြစ်သူက စည်းမျဉ်းစည်းကမ်းတွေကို အမြဲပြောတယ်။ ဒီစည်းကမ်းတွေကို အကုန်လုံး လိုက်နာပြီး အသက်ရှင်ကြမလား။ ဒါမှမဟုတ် ချိုးဖောက်မိလို့ သေသွားကြမလား ဆိုတာကိုတော့ Carriers ဆိုတဲ့ ဇာတ်ကားထဲမှာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

လမ်းခရီးမှာ အကူအညီတောင်းတဲ့သူတွေ၊ ရောဂါကူးစက်ခံနေရတဲ့သူတွေ၊ ဆရာဝန်တွေ၊ သေနေတဲ့သူတွေ စသဖြင့် လူတွေ အများကြီးနဲ့ တွေ့ခဲ့တယ်။ သူတို့ ကယ်တင်မလား၊ ထားခဲ့မလား။ 

ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြရမလဲ၊ ဘယ်လိုဖြေရှင်းကြလဲ။ ညီအစ်ကိုနှစ်ယောက် ဘယ်လိုအချေအတင်တွေ ဖြစ်ကြလဲ စတာတွေကို ကြည့်ရှုနိုင်မှာ ဖြစ်တဲ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ Covid-19 နဲ့ တိုက်ဆိုင်နေတဲ့ကားဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Carriers ဇာတ်ကားဟာ ၂၀၀၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ Àlex Pastor နဲ့ David Pastor တို့က ရိုက်ကူး ထားတာ ဖြစ်ပါတယ်။  Lou Taylor Pucci, Chris Pine, Piper Perabo, Emily VanCamp နဲ့ Chris Meloni တို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

Next

Read 1329 times