Entertainment

New Korean Drama Series "The King: Eternal Monarch"

New Korean Drama Series "The King: Eternal Monarch"

လူသားကမ္ဘာထဲကို လွတ်မြောက်လာတဲ့ နတ်ဆိုးတစ်ကောင်ဟာ ကမ္ဘာနှစ်ခုကို ချိတ်ဆက်ထားတဲ့ တံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့တယ်။ နတ်ဆိုးက ပိုကောင်းတဲ့ဘဝတစ်ခုနဲ့ အခြားကမ္ဘာမှာ နေရမယ်ဆိုရင် အဲဒီကမ္ဘာမှာ နေချင်လားလို့ မေးခဲ့ပြန်တယ်။

ကမ္ဘာတစ်ခုရဲ့ ဘုရင် Lee Gon (Lee Min-Ho) ဟာ ကမ္ဘာနှစ်ခုကြားမှာ ချိတ်ဆက်နေတဲ့ တံခါးကနေတဆင့် ဝင်ရောက်လာမယ့် နတ်ဆိုးကို တာဆီးဖို့ရာအတွက် ဝင်ပေါက်ကို ပိတ်ဖို့ ကြိုးစားတဲ့အခါ...
 
ဒီဘက်ကမ္ဘာတစ်ခုမှာ နေထိုင်တဲ့ စုံထောက် Jung Tal-Eul (Kim Go-Eun) က စုံထောက်သက်တမ်း (၆) နှစ်ရှိပြီဖြစ်ပြီး ဘယ်လိုအကြောင်းအရာတွေရှိရှိ မကောင်းမှုမှန်သမျှဟာ ဆိတ်ကွယ်ရာမရှိ ဆိုတဲ့သဘောတရားကို ယုံကြည်လက်ကိုင်ထားပြီး သူချစ်တဲ့သူတွေနဲ့ သူတို့တွေ နေထိုင်တဲ့ကမ္ဘာကို ကာကွယ်ဖို့ ကြိုးစားရင်း Lee Gon နဲ့ ဆုံမိတဲ့အခါ...

ကိုရီးယားအင်ပါယာကမ္ဘာမှာတော့ နိမ့်ပါးလွန်းလှတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ စွန့်ပစ်ခံထားရတဲ့  Luna.. 
ဘယ်သူဘယ်ဝါရယ်လို့ အထောက်အထားဆိုတာမရှိ မိဘမဲ့တစ်ကောင်ကြွက် အိမ်ဖောက် ခိုးဝှက် လိမ်လည် စသဖြင့် ရှင်သန်နေထိုင်ရဖို့ဆို အကုန်ကျူးလွန်ရဲတဲ့ ဆိုးပေမိန်းကလေး Luna...
လောကမှာနေထိုင်ရှင်သန်ခွင့် ၃လသာ ကျန်ရှိတော့တဲ့ ကင်ဆာဝေဒနာ ခံစားနေရတဲ့ Luna...

စုံထောက်အမျိုးသမီး Jung Tae-Eul အပြင် Luna အဖြစ်ပါ နှစ်မျိုးမြင်တွေ့ရမယ့် မင်းသမီး Kim Go-Eun ကို ကမ္ဘာနှစ်ခုမှာ ဘယ်လို မတူကွဲပြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ မြင်တွေ့ရမလဲဆိုတာ စောင့်မျှော် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ 

အခြားပါဝင်မယ့် Casts တွေနဲ့ သူတို့ရဲ့ Character Name တွေပါ ဖော်ပြပေးလိုက်ပါတယ်။
 
Lee Min-Ho  -  Lee Gon
Kim Go-Eun  -  Jung Tae-Eul  -  Luna
Woo Do-Hwan  -  Jo Young
Kim Kyung-Nam  -  Kang Shin-Jae
Jung Eun-Chae  -  Koo Seo-Ryeong
Lee Jung-Jin  -  Lee Rim
Kim Young-Ok  -  No Ok-Nam
Jeon Bae-Su  -  Jung Do-In
Seo Jung-Yeon  -  Song Jung-Hye
Park Won-Sang  -  Park Moon-Sik
Kim Yong-Ji  -  Myung Seung-A
 
ထူးခြားချက်လေးတွေကတော့...

 Lee Min-Ho က ၂၀၁၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပြီး အရမ်းကို အောင်မြင်ခဲ့တဲ့ SBS ရဲ့ “ The Heirs ” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ပြီး ဒါက ဇာတ်လမ်းရဲ့ မူရင်းစာရေးဆရာမ Kim Eun-Sook နဲ့ ဒုတိယအကြိမ် ထပ်မံ ဆုံဆည်းမှုပါ။

မင်းသမီး Kim Go-Eun ကလည်း ၂၀၁၆ ခုနှစ် tvn က ထုတ်လွှင့်တဲ့ Goblin ( Guardian : The Lonely and Great God ) ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အခု ဒုတိယအကြိမ်အဖြစ် ဆရာမရဲ့ ဇာတ်လမ်းမှာ ထပ်မံ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒါရိုက်တာ Baek Sang-Hoon ကလည်း ဆရာမရဲ့ လက်ရာတစ်ခုဖြစ်တဲ့ ၂၀၁၆ ခုနှစ်က အကြီးအကျယ်အောင်မြင်ခဲ့တဲ့ KBS2 ရဲ့ " Descendants of the Sun " ဇာတ်လမ်းတွဲအပြီး ယခုအခါ ဒုတိယမြောက် ဆရာမဇာတ်လမ်းတွဲကို ထပ်မံ ရိုက်ကူးဖြစ်ခြင်းပါ။
 
အနှစ်ချုပ်လိုက်ရင် အရမ်းအောင်မြင်ပြီး ကောင်းမွန်တဲ့ ဇာတ်လမ်းတွေကို ဖန်တီးတဲ့ ဆရာမနဲ့ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာတို့ရဲ့ ဒုတိယအကြိမ်မြောက် ဆုံဆည်းမှုတွေ စုနေတဲ့ ဒီဇာတ်လမ်းတွဲက အရမ်းကို မျှော်လင့်ပြီး စောင့်ကြည့်ရမယ့် Bucket List ထဲက တစ်ကားပါပဲ။

⇐ Previous Next

Read 2658 times