Entertainment

Great Movies to Watch at Christmas

Great Movies to Watch at Christmas

ချစ်ခင်ရသူတွေနဲ့ ခရစ္စမတ်မှာ အချိန်ကို ဘယ်လိုကုန်ဆုံးမလဲဆိုတာ စဥ်းစားပြီးပြီးလား??

ကိုဗစ်ကြောင့် အပြင်မထွက်ရတော့ အချိန်တိုင်းက ပျင်းဖို့ကောင်းနေမှာ အသေအချာပါပဲ။ 

ဒီလိုမပျင်းရအောင် ခရစ္စမတ်မှာ ကြည့်လို့ကောင်းတဲ့ ခရစ္စမတ် ဇာတ်ကားလေးတွေကို ပြောပြပေးသွားမှာပါ။ 

 

A Christmas Carol (2009)

ခရစ္စမတ်ကို မုန်းတီးနေတဲ့ Fictional Character လို့ပြောလိုက်ရင် ဒီဇာတ်လမ်းထဲကအဖိုးကြီးEbenezer Scroogeနဲ့ အစိမ်းရောင် Grinch ကိုပြေးမြင်ကြမှာပါ။ Donal Duck Version လည်းရှိတဲ့ ဒီရုပ်ရှင်ဟာ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ 

 

Klaus (2019)

Netflix ကရုပ်ရှင်တွေဟာဘောင်မဝင်ပါဘူးလို့ 2020 မှာပြောနေတဲ့စကားကို 2019 ထဲက ကာတွန်းကားတစ်ကားနဲ့ Best Animated Feature Film ဆုကို Oscar Nominee ယူပြခဲ့တာဆိုတော့…..

 

Eternal Sunshine of the Spotless Mind (2004)

ထူးထူးခြားခြား တွဲပြီးသရုပ်ဆောင်ထားတဲ့ Jim Carrey နဲ့ Kate Winslet တို့ရဲ့ ဒီဇာတ်လမ်းက Christmas Theme ထဲမှာ မပါပေမယ့် ဆောင်းတွင်းကာလမှာ FA တွေ Feel လို့အကောင်းဆုံးသော ဇာတ်လမ်းဖြစ်မှာပါသေချာပါတယ်။

 

 

The Man Who Invented Christmas (2017)

ဒီဇာတ်လမ်းလေးက A Christmas Carol ဖြစ်လာပုံနဲ့ ထိုစာရေးဆရာ Charles Dickens ရဲ့ဘဝကို ပြန်လည်ပုံဖော်ထားတာ

ဖြစ်တဲ့အတွက်ကြောင့် အထက်မှာပြောခဲ့တဲ့ထဲက A Christmas Carol ဆိုတဲ့ ကာတွန်းကားလေးကို မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ် Chritmas လိုမျိုးအားလပ်ရက်တွေကို အပိုသပ်သပ်အချိန်ဖြုန်းတီးတဲ့ ကာလလို့ထင်ပြီး ဘဝတစ်လျှောက်ကိုယ်ကျိုးစီးပွားအတွက်လုံးပန်း ဆွေမရှိမျိုးမရှိ မိသားစု သူငယ်ချင်းဆိုတာမရှိ ခေါင်းမာတဲ့အဖိုးအိုကြီးတစ်ယောက် ဘာလို့ ဖြစ်ပေါ်လာတယ်ဆိုတာ ကြည့်ရမှာပါ။

 

 

Hugo (2011)

လုံးဝChristmas Themeမဟုတ်ပေမယ့် ဘူတာရုံလေးကဆောင်းနှင်းငွေ့တွေကြား ပြေးလွှားနေတဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ ကောင်မလေးတို့ ထူးဆန်းဖွယ်စက်ရုပ်လေးတစ်ခု အကြောင်းကို Leonardo ရဲ့တွဲဖက်ဒါရိုက်တာ Martin Scorsese

ရိုက်ကူးထားတာဖြစ်တဲ့အပြင် Asa Butterfield နဲ့ Chloe လေးတို့ ပူတွဲမြင်တွေ့ရမယ့် ချစ်စရာဇာတ်လမ်းလေးပါ။

 

 

The Polar Express (2004)

Tom Hank အသံသရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပြီ Oscar nominee သုံးခုဝင်ခဲ့တဲ့ ဇာတ်ကားလေးပါ။ ဒီခရစ္စမတ်ကာတွန်းကားလေးက စိတ်ခံစားမှုတစ်ခုခု ပေးနိုင်မယ်လို့ယုံကြည်ပါတယ်။

 

 

⇐ Previous Next

Read 1461 times