Shopping & Promos

Myanmar's largest online book sale with up to 90% off

Myanmar's largest online book sale with up to 90% off

စာအုပ်ဆိုင်တွေ ပိတ်ထားပေမယ့် ကိုယ့်ရဲ့စာအုပ်ငတ်တဲ့ စိတ်ကိုတော့ ရပ်တန့်ထားလို့မရဘူးမလား။

ဒါဆိုရင် နှစ်တိုင်းလုပ်နေကြဖြစ်တဲ့ Big Bad Wolf စာအုပ်ရောင်းပွဲတော်ကို လွတ်သွားလို့ မဖြစ်ဘူးပေါ့။

ဒီပွဲမှာဆိုရင် စာအုပ်တွေကို (၉၀%) အထိ လျော့စျေးတွေနဲ့ (၈)ရက်တိုင်တိုင် ရောင်းပေးသွားမှာတဲ့။

 

 

စာအုပ်ပေါင်း သန်း(၂၀)ကျော်ကိုမှ အမျိုးအစားကလည်း(၄၀,၀၀၀) ကျော်တောင်ပါမှာဆိုတော့ ကိုယ်လိုချင်တဲ့ စာအုပ်တွေ စုံစုံလင်လင် မရမှာကိုလည်း စိတ်မပူပါနဲ့။ အွန်လိုင်းကနေ ဝယ်ရမှာဖြစ်လို့ စာအုပ်လေးတွေကို ကိုယ်တိုင် ကိုင်ကြည့်ပြီး အမြည်းဖတ်လို့ မရတော့ပေမယ့် အားသာချက်တွေလည်း ရှိပါတယ်။ 

 

 

 

1.ဆိုင်အထိ မသွားရတော့လို့ ဓာတ်ဆီခမကုန်တော့ဘူး။

2.အချိန်မရွေး ညသန်းခေါင်လည်း ရှော့ပင်ထွက်လို့ရတယ်။

3.လူအုပ်တွေနဲ့ရော ငွေရှင်းဖို့ အကြာကြီး စောင့်နေစရာလည်း မလိုတော့ဘူး။

4.ကိုဗစ်ကူးမှာလည်း ကြောက်စရာမလိုတော့ဘူး။

5.တစ်ခုခုဝယ်ဖို့ အလှတွေ အကြာကြီးလည်း ပြင်စရာမလိုတော့ဘူး။

 

 

ငွေပေးဖို့ကိုလည်း Visa and Mastercard (Credit Cards/Debit Cards),( KBZ, CB, AYA, UAB m/banking),Mobile Wallet (KBZPay, MPT Money, Mytel Pay, OK$, SaiSaiPay, CBPay, MSP, M-Pitesan) အစရှိတဲ့ Mobile Banking တွေ Mobile Wallet တွေ အစရှိတာတွေနဲ့ ပေးလို့ရတယ်ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။ ဒီလို လွယ်လွယ်ကူကူ ဝယ်ယူဖို့ကို  ဒီလင့်လေးမှာ http://comingsoon.bigbadwolfbooks.com register လုပ်ထားဖို့တော့လိုမယ်နော်။ 

 

 

 

⇐ Previous Next

Read 1544 times