Entertainment

How To Be A Hacker

How To Be A Hacker
အဲလက်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်းက ကွန်ပျူတာကိုဆော့ကစားရက်း ကြီးပြင်းခဲ့တာမို့ အင်တာနက် ကွန်ပျူတာတွေနဲ့ အကျွမ်းတဝင်ရှိခဲ့ပြီး သူ့ရဲ့စိတ်ကူးကလည်း ဒီပညာရပ်တွေကို ပိုပြီးသင်ယူဖို့ ကောလိပ်တက်ချင်ခဲ့တာပါ၊။မိဘတွေက မပြေလည်သူတွေမို့ ၁၄နှစ်သားကတည်းက အက်တာနက်ကနေငွေရှာပြီးကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေတဲ့ လူကောင်းလေးတစ်ယောက်ပါ။
 
ကောလိပ်တက်ခါနီးမှာပဲ သူ့အမေအလုပ်လုပ်နေတဲ့ ဘဏ်က သူ့အမေကို အလုပ်ထုတ်လိုက်ပါတယ်။သူတို့ အိမ်ဂရန်အပေါင်ကလည်း ဒီဘဏ်မှာဖြစ်တဲ့အတွက် အလုပ်မရှိတော့လို့ ချေးငွေလည်း မရနိုင်နဲ့ အိမ်ကိုပါ ဆုံးရှုံးရမယ်အခြေအနေမို့ သူအနှစ်နှစ်အလလစုထားခဲ့တဲ့ ငွေလေးတွေကို ထုတ်ပေးလိုက်ပါတယ်။ သူ့ရဲ့ရင်ထဲမှာလည်း ဘဏ်တွေကို နာကျည်းချက်ဝင်ပြီး စိတ်နာနေခဲ့တာပါ။ ထိုအချိန်မှာ 'Dark Web'ဆိုတဲ့အင်တာနက်အဖွဲ့အစည်းက ဟက်ကာအဖွဲ့အစည်းဖြစ်ပြီး အင်တာနက်ကနေ ငွေတွေကိုလိမ်ယူနေတဲ့ ဟက်ကာအဖွဲ့အစည်းပါ။ခေါင်းဆောင်ကတော့ Z ဆိုတဲ့ မျက်နှာဖုံးနဲ့ လူတစ်ယောက်ပါ။
ဒီတော့ သူစုထားတဲ့ ငွေတွေမရှိတော့တဲ့ အဲလက်စ်တစ်ယောက် ဒီအဖွဲ့ထဲကိုဝင်ဖို့ အကြံရသွားပါတယ်။
 
ဒီအဖွဲ့ထဲဝင်ဖို့ကလည်းမလွယ်ကူလှပါဘူး။Onlineကနေငွေကြေးလိမ်လည်မှု တစ်ခုလုပ်ပြနိုင်မှ ဝင်ခွင့်ရတာပါ။
ဒီအဖွဲ့ထဲဝင်ပြီး အလုပ်ကြိုးစားရင်း လေးပတ်လောက်အလုပ်လုပ်ကိုင်တာ သူလေးနှစ်လောက်စုထားတဲ့ငွေပမာဏလောက်ကိုရတာပါ။ ကောလိပ်တက်ဖို့မြို့ကိုပြောင်းလာတဲ့အချိန်မှာ "Dark Web"အဖွဲ့ကနေ နိုင်ငံတကာသတင်မီဒီယာတွေကနေတဆင့် ဘဏ်တွေကို ခြိမ်းခြောက်ပြီး တိုက်ခိုက်ပြမယ်လို့ ကြုံးဝါးလာခဲ့ကြပါတယ်။ဒီအချိန်မှာ အဲလက်စ်က ဘဏ်တွေကိုလက်စားချေချင်နေသူမို့ ကောလိပ်မတက်တော့ပဲ Dark Web အဖွဲ့က ခေါင်းဆောင် Z နဲ့တွေ့နိုင်ဖို့ အင်တာနက်ကနေ ငွေကြေးလိမ်လည်မှုတွေကို တဆင့်ပြီးတဆင့်တိုးကာ လုပ်ဆောင်ပြလာပါတယ်။
 
အဲလက်စ်တစ်ယောက် ဘယ်လိုများ တဆင့်ပြီးတဆင့် onlineငွေကြေးလိမ်လည်မှုတွေလုပ်လာသလဲ-သူ့ကိုဘယ်သူတွေက ကူညီပေးမှာလဲ- Dark Web အဖွဲ့စည်းရဲ့ခေါင်းဆောင် Zရဲ့အသိမှတ်ပြုမှုကို ရမှာလား-နိုင်ငံတကာဘဏ်တွေကိုရော လက်စားချေပြနိုင်မှာလား-ဒီလောက်တောင် onlineကနေကွေတွေလိမ်နေတာ အဖမ်းထံရမှာလား-နိုင်ငံတကာဘဏ်တွေနဲ့ရဲတပ်ဖွဲ့ကရော ဘယ်လိုများ တန်ပြန်တိုက်စစ်ဆင်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ပါ။ဒီဇာတ်ကားလေးကတော့ ကွန်ပျူတာကို နေ့တိုင်းထိတွေ့နေတဲ့သူတွေအတွက်တော့ အကြိုက်တွေကြမယ်ထင်ပါတယ်။Hackingပိုင်းကို စိတ်ဝင်စားတဲ့သူတွေနဲ့ လူငယ်တွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်.....
⇐ Previous Next

Read 2142 times