Health & Beauty

Advantage Of Early Wake Up

Advantage Of Early Wake Up

မနက်စောစောလေးထလိုက်ရင် ဘာမှမထူးသွားလောက်ပါဘူး၊လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ထူးခြားသွားမှာတွေက အများကြီးပါ။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်နိုင်စေနိုင်ပါတယ်
ညဘက်တော်တော်နဲ့ မအိပ်တတ်ကြသူတွေက ကိုယ်အလေးချိန်ပိုတက်နိုင်ပါတယ်။ အိပ်ရာဝင်ချိန်နောက်ကျလေလေ ကယ်လ်လိုရီများတာတွေ ပိုစားမိလေလေပါ။ ဒီလိုမျိုး အသင့်စား၊ အလွယ်စားအစာတွေကို အိပ်ရာဝင်နောက်ကျတိုင်း စားနေမှတော့ ကိုယ်အလေးချိန်တက်လာမယ်၊ဆိုတာပြောနေစရာတောင် မလိုအောင်ပေါ့။ ဒီလိုကနေတဆင့် ကိုယ်အလေးချိန်များလာမယ်၊ အဆီတွေပိုစုမိပြီးရောဂါတွေပါဝင်လာနိုင်ပါသေးတယ်။
 
ဆီးချိုရောဂါ ကင်းစေနိုင်တယ်
ညဘက်ကိုစောစောအိပ်ရာဝင်ပြီး မနက်ခင်းစောစောထသူတွေက အိပ်ရေးပျက်မှုကင်းတာကြောင့် ကျန်းမာတဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပိုင်ဆိုင်ကြပြီး ဆီးချိုဖြစ်နိုင်ခြေတော်တော်လေးနည်းပါတယ်။
 
နှလုံးရောဂါဖြစ်နိုင်နည်းတယ်
စောစောအိပ်တာက ကျန်းမာရေးနဲ့ မညီညွတ်တာတွေစားမိနိုင်ခြေကို ၅၀ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက်ထိလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် စောစောအိပ်သူတွေက ပြည့်ဝတဲ့ အိပ်စက်ချိန်ရရှိမှုနဲ့အတူ အဆီများပြီး အငန်ကဲတဲ့ အသင့်စားအစာအစာတွေကို စားမိနိုင်ခြေနည်းတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းစေနိုင်ပါတယ်။
 
အကောင်းမြင်စိတ်များတယ်
လူတစ်ယောက် ကျန်းမာနေဖို့က အကောင်းမြင်စိတ်ရှိဖို့လည်း လိုပါမယ်။ မနက်ခင်းစောစောထတတသူတွေက အကောင်းမြင်စိတ်ပိုများတတ်ကြပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြသလို ရုပ်ပိုင်းဆိုင်ရာလည်းကျန်းမာကြပါတယ်။လေ့လာမှုတွေအရ မနက်ခင်းအိပ်ရာစောစောထတတ်သူတွေက စိတ်ကျေနပ်မှုအမြဲလိုလို ပြည့်နေပြီးပျော်ရွှင်နေတတ်သူတွေလည်းဖြစ်တယ်၊လို့သိရပါတယ်။
 
 
အထိုင်မများဘူး
မနက်စောစောထတတ်သူတွေက တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေတတ်ပြီး လှုပ်လှုပ်ရှားရှားနေတတ်ကြပါတယ်။ ဒါကြောင့်ပဲ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကင်းပြီးကျန်းမာနေစေဖို့ အများကြီး အထောက်အကူဖြစ်စေမှာပါ။
 
စိတ်ဓာတ်ကျနိုင်ခြေနည်းတယ်
မနက်စောစောထလေ့ရှိသူတွေက စိတ်ဓာတ်ကျနိုင်ခြေနည်းကြပါတယ်။ မနက်ခင်းမှာ နေရောင်နုနုလေးနဲ့ ထိတွေ့တာ၊ကျေးငှက်လေးတွေရဲ့ အသံလေးတွေကို နားထောင်ရတာက စိတ်ကြည်လင်စေပြီး အကောင်းမြင်စိတ်များစေနိုင်ပါတယ်။ အကောင်းမြင်စိတ်များတဲ့သူတွေက စိတ်ကျေနပ်မှုအမြင့်မားဆုံးရရှိသူတွေဖြစ်ကြပြီး စိတ်ဓာတ်ကျမှုနဲ့ ခပ်ကင်းကင်းနေနိုင်ကြပါတယ်။
 
အသားအရေကျန်းမာစေနိုင်တယ်
မနက်စောစောထတဲ့သူတွေရဲ့ အသားအရေကအောက်ဆီဂျင်ကိုပြည့်ပြည့်ဝဝရရှိသလိုသွေးလည်ပတ်မှုကောင်းတာကြောင့် ကြည်ကြည်လင်စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်စေမှာပါ။ မနက်ခင်းစောစောမှာ အသားအရေထိန်းသိမ်းမှုတွေလုပ်ပေးတာက သင့်ကို တစ်နေ့တာလုံးကြည့်ကောင်းနေစေဖို့ထောက်ပံ့ပေးနိုင်မှာပါ။
⇐ Previous Next

Read 1492 times