Shopping & Promos

Makro, Myanmar's largest food wholesales store

Makro, Myanmar's largest food wholesales store

ထိုင်းနိုင်ငံ အခြေစိုက် ကုန်တိုက်တစ်ခုဖြစ်တဲ့ Makro Myanmar ဟာ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး၊ မိသားစုတွေ အိမ်မှာ ချက်ပြုတ်စားသုံးနိုင်ရုံတင်မက ဆိုင်ပါ ပြန်ဖွင့်လို့ရတဲ့ အထိ ပစ္စည်းအမျိုးအစား စုံလင်စွာ ရရှိနိုင်တဲ့ ကုန်တိုက်ကြီး တစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် လူကြီးလူငယ်ကျားမ မရွေး သွားရောက်ဝယ်ယူချင်အောင် စွဲဆောင်နိုင်နေတာ ဖြစ်ပြီး ဈေးနှုန်းကလည်း သက်သက်သာသာနဲ့ လက်ကားဈေးအတိုင်း ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်နော်။ 

ပထမဆုံး ကုန်တိုက်ရှေ့ ရောက်လိုက်တာနဲ့ စတင်မြင်ရတာကတော့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကားပါကင်ပါပဲ။ ပုဇွန်တောင်မြို့နယ်လို ကားပါကင် ရှားပါးတဲ့ နေရာမျိုးမှာ ကျယ်ပြန့်တဲ့ ကားပါကင်ဝန်းကြီးကလည်း လာဝယ်သူတို့ကို ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ 

ဝယ်စရာတွေ အနေနဲ့ကတော့ သား၊ငါး၊ပုဇွန်၊ ရေဘဝဲ စတဲ့ ဟင်းချက်စရာတွေအပြင်၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အသီးအနှံအစုံအလင်နဲ့ တစ်ခြား တိုလီမိုလီ စားစရာမျိုးစုံကိုလည်း လက်ကားဈေးနှုန်းများနဲ့ ဝယ်ယူရရှိနိုင်နေတာ ဖြစ်ပါတယ်နော်။ 

နောက်ထပ်ချစ်စရာကောင်းတဲ့ ဓလေ့လေး တစ်ခုကတော့ မနက်ကုန်တိုက် ဖွင့်ဖွင့်ချင်းအချိန်ဆိုရင် ကုန်တိုက်တစ်ခုလုံး ဟိန်းနေတဲ့အထိ မြန်မာနိုင်ငံတော်သီချင်းကို ဖွင့်ထားပြီး၊ ဝန်ထမ်းနဲ့ ဈေးဝယ်သူများ အားလုံးက နိုင်ငံတော်သီချင်း ပြီးဆုံးတဲ့အထိ ငြိမ်သက်အလေးပြုကြရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပလက်စတစ်အိတ်လည်း မသုံးပါဘူးတဲ့။ ဒါ့ကြောင့် အများကြီး ဝယ်ယူချင်တဲ့ သူတွေက ကိုယ့်အိတ်မှာရှိတဲ့ အိတ်လေးတွေကို ပစ္စည်းထည့်ဖို့ ယူသွားသင့်ပါတယ်နော်။ အိတ်မပေးပေမယ့် ဈေးဝယ်တွန်းလှည်းကို ကားပါကင်အထိ ယူခွင့်ပေးထားတာကြောင့် ကားပါတဲ့သူတွေကတော့ ကားနောက်ဖုံးထဲ ထည့်ပြီး ယူသွားရုံပဲနော်။

အစားအသောက် အမျိုးအစားအစုံအလင်ကို တစ်နေရာထဲမှာ ရရှိနိုင်တဲ့အပြင် ဈေးနှုန်းလည်း အထူးသက်သာတာမို့ သွားရောက်ဝယ်ယူလို့ကောင်းတဲ့ ကုန်တိုက်တစ်ခုပါပဲ။

Makro Myanmar ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါLinkတွင် ကြည့်ရှူနိုင်ပါတယ်။

>>> https://bit.ly/2ZZO9Hr 

⇐ Previous Next ⇒

Read 6299 times