1. A Street Cat named Bob (2016)
A Street Cat Named Bob ဟာ စာအုပ်အဖြစ်ရောင်းအားကောင်းတဲ့ စာအုပ်အဖြစ် ရပ်တည်နေခဲ့ပြီး 2016 ခုနှစ်မှာ ရုပ်ရှင်အဖြစ် ပြန်လည်တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် James Bowen အဖြစ် Luke Treadaway သရုပ်ဆောင်ပြီး Bob ဆိုတဲ့ ကြောင်လေးအကြောင် ရိုက်ကူးထားတဲ့ Movie လေးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးက James Bowen လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ အကြောင်းကို အခြေခံထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဒီကားလေးထဲမှာ James က မူးယစ်ဆေးဝါး ဆွဲနေတဲ့ အိမ်ခြေမဲ့တစ်ယောက်အဖြစ်ကနေ Ginger Cat လေးဖြစ်တဲ့ Bob ဆိုတဲ့ ဒဏ်ရာရထားတဲ့ ကြောင်လေးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးကုပေးခဲ့ရာကနေ ဒီကြောင်လေးက ဘယ်လို James ကို မူးယစ်ဆေးဝါးတွေရဲ့ အဝေးကို ခေါ်သွားပြီး ဘဝအသစ် ထူထောင်ဖို့ စိတ်ဓာတ်ခွန်အားတွေ ပေးသွားလဲ ဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒီ movie လေးကကြည့်ရှု့သူတိုင်းကို မျှော်လင့်ချက် ဆိုတာဘာလဲ သူငယ်ချင်းတစ်ယောက်ဆိုတစ်ယောက် ဘယ်လောက်ထိတန်ဖိုးရှိလဲ၊ လူတိုင်းကဘာကြောင့် ဒုတိယအခွင့်အရေးလိုအပ်သလဲဆိုတာတွေကို ကြောင်လေး Bob နဲ့ James တို့ကြားမှာရှိတဲ့ချစ်ချင်းတရားတွေကနေသင်ခန်းစာပေးမယ့်ဇာတ်ကားမျိုးလေးလည်းဖြစ်ပါတယ်။
Rating အနေနဲ့ဆိုရင်လည်း IMDb 7.3/10 Rotten Tomatoes 77% ရရှိထားတဲ့ကားလေးတစ်ကားလည်းဖြစ်ပါတယ်။
ဘ၀လမ်းပျောက်နေတဲ့သူတွေ၊ Moti လိုနေတဲ့သူတွေနဲ့ ကြောင်ချစ်သူတွေကြည့်ဖို့အတွက် Recommend ပေးတယ်နော်။
2. Green Book
ဒီဇာတ်ကားလေးက Dr. Don Shirley လို့ခေါ်တဲ့လူမဲ World-Class Pianist တစ်ယောက်နဲ့ ၁၉၆၀ ခုနှစ်ပိုင်းတွေမှာ လူမျိုးခွဲခြားမှူတွေကြောင့် သူဘယ်လောက်ထိ အနှိမ်ခံခဲ့ရကြောင်းနဲ့ သူ့ဘေးနားက သူငယ်ချင်းတစ်ယောက် အဖြစ်နဲ့ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ သူ့ရဲ့ Driver အီတလီလူမျိုး Tony Lip ရဲ့ခရီးစဥ်ကိုရိုက်ပြထားတာဖြစ်ပါတယ်။
နောက်ပြီးတော့ စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဇာတ်ညွှန်းကို Tony Lip ရဲ့သား Nick Vallelonga က သူ့အဖေက ပြန်ပြောထားတဲ့ အဖြစ်တွေကို အခြေခံပြီး ရေးထားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အရင်ခေတ်တစ်ခုမှာ လူမျိုးရေးခွဲခြားမှုကဘယ်လောက်ထိဆိုးခဲ့ကြောင်း အပါအဝင် လူတစ်ဦးခြင်းမှာရှိတဲ့ Respect တွေဟာ လူမျိုးရေးတွေထက်ဘယ်လောက်အရေးကြီးကြောင်း၊ မိတ်ဆွေဆိုတာဘဝမှာ ဘယ်လောက်အရေးကြီးကြောင်းကို ရှင်းလင်းစွာချပြသွားတဲ့ ဇာတ်ကားတစ်ခုလဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကတော့ Rating အနေနဲ့ IMDb 8.2/10 | Rotten Tomatoes 77% ထိရထားပါတယ်။
3. Soul (2020)
ဒီကာတွန်းကားလေးက Pixar ကနေထွက်ရှိထားတာဖြစ်ပြီး Main Character ဖြစ်တဲ့ Joe Gardner အဖြစ်နဲ့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ Jamie Foxx က အသံသရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ ဒီကားလေးထဲမှာ Jazz Musician တစ်ဦးဖြစ်တဲ့ Joe က အလယ်တန်း ဂီတဆရာလေးတစ်ဦးပဲဖြစ်နေပေမယ့် သူ့ရဲ့အိပ်မက်ကြီးဖြစ်တဲ့ Professional Jazz Pianist ဖြစ်ဖို့ကြိုးစားနေတဲ့ခရီးမှာ သေလုနီးပါးအဖြစ်အပျက်ကြီးတစ်ခုနဲ့ကြုံခဲ့ရပြီးနောက်ပိုင်း ဘဝဆိုတာ အောင်မြင်မှု အကြီးကြီးတွေအကြောင်းပဲ အမြဲဟုတ်မနေပဲ တစ်နေ့တာ ဖြစ်ပြတ်နေတဲ့ ကိစ္စသေးသေးလေးတွေကိုပါ တန်ဖိုးထားတတ်လာပြီး ဘဝကိုဘယ်လိုရိုးရိုးရှင်းရှင်းနဲ့ အသက်ရှင်နေရတယ်ဆိုတဲ့ခံစားချက်တစ်ခုရဲ့ အရသာဟာဘယ်လောက်ကောင်းကြောင်း နားလည်လာတဲ့ Joe ရဲ့ Journey ကိုပေါ်လွင်စေတဲ့ ကာတွန်းကားလေးတစ်ခုဖြစ်ပါတယ်။
ဒီကားလေးဟာ rating အနေ နဲ့ IMDb 8/10, Rotten Tomatoes 95% ထိရထားတဲ့ကာတွန်းလေးဖြစ်ပါတယ်
Read 170 times