လူအများစုက အဆီဆိုရင် ဝစေတယ်၊ နှလုံးကျန်းမာရေးထိခိုက် စေတယ်လို့ ထင်ကြပြီး အဆီကို ရှောင်ကြဉ်တတ်ကြတယ်။ ဒါပေမယ့် အဆီကို လုံးဝမစားတော့တာကလည်း လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပျက်စီးစေပြီး ခန္ဓာကိုယ် အလုပ်လုပ်ဆောင်ပုံကိုလည်း ထိခိုက်စေတတ်ပါတယ်
အဆီတွေက ခန္ဓာကိုယ်ကို ရေရှည်အားအင်ပေးတယ်၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ကူညီပေးတယ်၊ အတွင်းအင်္ဂါ တွေကို ကာကွယ်ပေးတယ်။ အဆီမပါရင် ဗီတာမင် A, D, E, K တွေကို စုပ်ယူလို့မရဘဲ အရိုးနဲ့ ကိုယ်ခံအားအင်ကိုကျဆင်း စေနိုင်ပါတယ်။
အဆီတိုင်း မကောင်းတာ မဟုတ်ပါဘူး။ အထူးသဖြင့် Trans Fat နဲ့ အဆီများတဲ့ အကြော်စာတွေ ၊ Processed အစာတွေက နှလုံးနဲ့ သွေးကြောကျန်းမာရေးကို ထိခိုက်စေတတ်တာမို့လို့ ကန့်သတ်သုံးစွဲတာပဲဖြစ်ဖြစ် လုံးဝ ရှောင်တာမျိုးဖြစ်ဖြစ် လုပ်နိုင်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ကျန်းမာရေးအတွက် ကောင်းတဲ့အဆီတွေကို ရနိုင်ဖို့ မြန်မာ့ အစားအစာထဲမှာ ငါး၊ မြေပဲ၊ နှမ်း၊ နေကြာဆီ၊ ထောပတ်သီးနဲ့ ကြက်ဥ ဘဲဥ ကနေ Healthy Fats လို့ခေါ်တဲ့ ကျန်းမာရေးကိုအထောက်ကူဖြစ်စေနိုင်တဲ့ အဆီများကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။
Note: တစ်နေ့တာမှာ သင့်ခန္ဒာအတွက်လိုအပ်တဲ့ Daily Calorie (kcal) စုစုပေါင်းကနေ 25-30% လောက်ကအဆီကနေရတဲ့ Calories တွေဖြစ်သင့်ပါတယ်။
Read 49 times