Entertainment

What kind of game is the new Genshin Impact?

What kind of game is the new Genshin Impact?

ဒီ Game လေးက PC, Mobile , Nintendo Switch နဲ့ PlayStation 4 စတဲ့ platform တိုင်းမှာ free to play ကစားလို့ရမဲ့ fantasy openworld type action rpg game တစ်ခုဖြစ်ပါတယ်။ခုလက်ရှိ September 28မှာ PC,Mobile,Ps4တွက်တော့ထွက်ရှိလာပြီး ဒီ Game ကို China Based Company တစ်ခုဖြစ်တဲ့ MiHoyo Studio ကနေထုတ်လုပ်ခဲ့တာပါ။ ကျနော်တို့ Anime Fan တော်တော်များများ နှစ်သက်ခဲ့ကြတဲ့ honkai impact 3 ကိုထုတ်ခဲ့တဲ့ Studio ဆိုလည်းမမှားပါဘူး။

ဒီ Game မှာကတော့ ကိုယ်က အခြားကမ္ဘာတွေကိုသွားလို့ရတဲ့ Outlandersလို့ခေါ်တဲ့ အမြွှာနှစ်ယောက်ထဲကတစ်ယောက် အနေနဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။

Storyline ပုံစံလေးကတော့ တစ်နေ့မှာ သူတို့ Outlanders အမြွှာနှစ်ယောက် အခြားကမ္ဘာဆီသွားဖို့လုပ်နေတဲ့အချိန်မှာ နတ်ဘုရားတစ်ပါးရဲ့တားဆီးမှုကိုခံရပြီး တိုက်ခိုက်ကျရင်းနဲ့ အမြွှာနှစ်ယောက် ရဲ့စွမ်းအားတွေချိတ်ပိတ်ခံရပြီး တစ်ယောက်တစ်ကမ္ဘာပို့ခံလိုက်ရတယ်။ကိုယ်ရဲ့ Character က Teyvat လို့ခေါ်တဲ့ World ထဲကိုရောက်သွားပြီး ကိုယ်ရဲ့ အမြွှာကိုပြန်ရှာဖို့ ဒီ World မှာ Adventure ထွက်မဲ့ Story ပုံစံမျိုးပါဗျ

Character အနေနဲ့ဆိုရင်လည်း Storyline အရ Adventure ထွက်နေရင်းအခြား Character တွေလည်းရလာဦးမှာဗျ ကိုယ်ရဲ့ Party တစ်ခုမှာ Character လေးယောက်ထိထားလို့ရပြီးကိုယ်လိုအပ်ရင်လိုအပ်သလို Character ကိုအပြောင်းအလဲလုပ်ပြီးကစားလို့ရတယ်

Character တစ်ယောက်ချင်းဆီတိုင်းမှာ Elemental တစ်ခုစီရှိကြပြီး မတူညီတဲ့ Skill တွေကိုယ်ဆီရှိကြတယ်

Element တွေအနေနဲ့ဆိုရင်လည်း Wind Power - Anemo , Earth Power - Geo , Lighting Power - Electro , Nature Power - Dendro , Water Power - Hydro , Fire Power - Pyro , Frost Power - Cryo ဆိုပြီး ခုနှစ်မျိုးရှိတယ်ဗျ ဒီ Game မှာသဘောကျတဲ့အချက်က Spell Break လိုမျိုး Element တွေကို Combine လုပ်လို့ရတယ်ဗျ ( နမူနာ မီးလောင်နေတာကိုလေပွေနဲ့တိုက်ရင်မီးလေပွေဖြစ်တာတို့ ရေထဲမှာဆိုလျှပ်စစ်ပိုပြီးထိရောက်တာမျိုး ) စတဲ့  Element တွေကို ပေါင်းပြီးတိုက်လို့ရတာကတော်တော်ကိုမိုက်တာဗျ

ဒီ Game ရဲ့ Graphic ကတော်တော်ကိုလှတယ်ဗျ ဒါကတော့ trailer မှာကတည်းက အားလုံးသိထားတဲ့အတိုင်းပဲ သူရဲ့ Graphic ကတော်တော်ကိုကောင်းတာကိုတွေ့ရမယ်။

Mobile မှာတော့ သူတို့ Chipset တွေပေါ် အချိုဖုန်းတွေဆို frame rate ကျတာနည်းနည်းသိသာတယ်ဗျ ပြီးတော့နည်းနည်းတော့ဖုန်းကပူလိမ့်မယ် ဒါပေမဲ့ ချီးကျုးရမှာက Mobile မှာသူရဲ့ Graphic ကအဲ့လောက်ကြီးလန်းမယ်မထင်ခဲ့ပေမဲ့ တော်တော်ကိုလှတယ်။

Details တွေကတော်တော်ကို မိုက်လွန်းတယ်။Down ရတဲ့ Size ကလည်းမသေးဘူးကိုး...

Pc နဲ့ Ps4 Download size ကတော့ပုံမှန်ပေမဲ့ Mobile တွက်တော့ Download Size များတယ်ဗျ။Ps4 မှာဆိုရင် 10GB နီးပါး Pc မှာဆို 12 GB နီးပါးနဲ့  Mobile Devices တွေတွက်ကတော့ 6GB နီးပါးရှိတယ်ဗျ

Gameplay ပုံစံလေးတွေကတော့ legend of Zelda: breath of the wild ကို Inspired ယူထားတယ်။ Movement ပိုင်းတွေမှာ Openworld Type Game ဖြစ်တဲ့အတွက် ဒီ World ကြီးထဲမှာစိတ်ကြိုက် လွတ်လွတ်လပ်လပ်လျှောက်သွားလို့ရတယ် တောင်တက်မလား ရေကူးမလား Air Gliding လုပ်မလား အကုန်လုပ်လို့ရတယ် ဒါပေမဲ့တစ်ခုရှိတောကတော့ stamina အကန့်သတ်တော့ရှိမယ်။ ဒါကြောင့်ကိုယ်လုပ်ချင်သလိုလျှောက်လုပ်လို့မရဘဲ ကိုယ်ရဲ့ stamina ပေါ်မူတည်ပြီး လှုပ်ရှားရမှာဖြစ်တယ် ပြီးတော့ Mapတိုင်းကိုလျှောက်သွားလို့တော့ရပေမဲ့ကိုယ်ထက် Lvl မြင့်တဲ့ Monster တွေနဲ့တွေ့ရင် သေတတ်တာမို့ နည်းနည်းတော့ရှောင်ရှားသွားကြပါ။

နောက်ထပ် သဘောကျစရာကောင်းတဲ့အချက်ကတော့ ဟင်းချက်တာပါ။ ကိုယ်ကောက်ထားတဲ့အရွက်တွေ ကိုယ်အမဲလိုက်ထားတဲ့ အကောင်တွေရဲ့ အသားတွေစုထားပြီး ဟင်းချက်ရမဲ့နေရာရောက်ရင် ဟင်းချက်လို့ရမယ်။ ချက်တဲ့ဟင်းပွဲတွေပေါ်မူတည်ပြီး သွေးဖြည့်ဖို့ပဲဖြစ်ဖြစ် Buffတင်ဖို့ပဲဖြစ်ဖြစ် စတဲ့ကိုယ်ပိုင်သက်ရောက်မှုတွေရှိမယ်ဗျ

Dungeon တွေတစ်ခုနဲ့တစ်ခုကလည်း စိတ်၀င်စားဖို့ကောင်းတဲ့ Storyline တွေ Puzzel တွေရှိတာမို့တော်တော်ကိုကောင်းတယ်လို့ပြောလို့ရပါတယ်။

အဲ့တော့ခုမှ Rpg game ကိုစမ်းဆော့ချင်တဲ့သူတွေ အရမ်းလှတဲ့ World ကြီးထဲမှာ Adventure ထွက်မဲ့လူတွေ ပျော်ချင်လို့ဆော့တဲ့သူတွေအတွက်ကတော့ လုံး၀ကိုဆော့ကြည့်သင့်တဲ့ Game တစ်ခုလို့ ပြောချင်ပါတယ်။

⇐ Previous Next

Read 2321 times