Health & Beauty

If you do not want to wear glasses after COVID, Follow These TIps

If you do not want to wear glasses after COVID, Follow These TIps

Lockdown ကာလမို့လို့ ဖုန်းတွေအသုံးများတာ Screen Time များတာ မှန်ပေမယ့် ကိုယ့်ရဲ့ မျက်စိလေးကိုတော့ ဂရုတစိုက်နေသင့်ပါတယ်။ Lockdown ပြီးမှ ပုလင်းဖင်ဖြစ်သွားရင် ရှိုးလည်းပဲ့သလို မျက်မှန်တစ်လက်လုပ်ရတဲ့ စရိတ်ကလည်း မသေးလှပါဘူး။ 

ဒါကြောင့် လွယ်လွယ်ကူကူနဲ့ မိမိရဲ့ မျက်စိကို ဂရုစိုက်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။ 

 

  1. ဗီတာမင်တွေစုံအောင်စားပါ

ဗီတာမင် A,C,E နဲ့ သံဓာတ်တွေဟာ မျက်စိကိုပိုအားကောင်းစေပါတယ်။ အဲ့ဒီဓာတ်တွေပါဝင်တဲ့ အရာတွေကတော့ 

  • မုန်လာဥနီ

  • ငရုတ်ပွ 

  • မုန်လာပန်း

  • စတော်ဘယ်ရီသီးနဲ့ 

  • ပိန်းဥတို့ပါပဲ

ဒါ့အပြင် ဆလ်မွန်ငါးမှာပါတဲ့ omega-3 ကလည်းမျက်စိကို ပိုမိုကောင်းမွန်စေပါတယ်။ 

  1. ဝိတ်မတက်အောင်နေပါ

ဟုတ်ပါတယ် လေ့ကျင့်ခန်းလုပ်ပြီး ခန္တာကိုယ်ကို ဂရုတစိုက်ထိန်းသိမ်းခြင်းကလည်း သင့်ရဲ့မျက်စိတွေကို ကျန်းမာစေပါတယ်။ အဝလွန်တဲ့သူတွေဟာ မျက်စိမှာရှိတဲ့ သေးငယ်တဲ့ သွေးအိတ်လေးတွေကို ထိခိုက်စေပါတယ်။ 

 

  1. 20-20-20 ဆိုတဲ့စည်းမျဥ်းကို လိုက်နာပါ

20-20-20 ဆိုတာကတော့ မျက်စိကို အနားပေးတဲ့နည်းတစ်မျိုးပါ။ နေ့လည်ဘက်တွေမှာ မျက်စိကိုအာရုံစိုက်ပြီး မိနစ် ၂၀ လောက် အလုပ်လုပ်ပြီးပြီဆိုရင် ပေ(၂၀) အကွာက အရာတစ်ခုခုကို စက္ကန့် (၂၀) ကြာ ကြည့်ရတာပါ။ ဒီနည်းလေးက လုပ်ရတာလွယ်သလို ထိလည်းထိရောက်ပါတယ်။ 

 

  1. ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာဟာ သောက်တဲ့သူတင်မက ဘေးကလူတွေကိုပါ ထိခိုက်တယ်ဆိုတာ သိကြမှာပါ။ အဆုတ်ကင်ဆာ လည်ချောင်းကင်ဆာ အစရှိတာတွေဖြစ်နိုင်တဲ့အပြင် မျက်စိကိုလည်း ထိခိုက်စေပါတယ်။ 

 

  1. မျက်စဥ်းပုံမှန်ခပ်ပါ

ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ မျက်စဥ်းဆေးကို ခပ်တာဟာလည်း မိမိမျက်စိကို လုပ်သင့်တဲ့အချက်တစ်ချက်ပါ။ 

 

COVID ပြီးလို့ အိမ်အပြင်ထွက်တဲ့အခါ စတိုင်ကျကျနဲ့ ထွက်နိုင်ကြပါစေ။

⇐ Previous Next

Read 2568 times