Entertainment

Who is the highest paid actress in the world?

Who is the highest paid actress in the world?

ရုပ်ရှင်ဆိုတာ ကြည့်ရင်သာ (၂) နာရီ (၃) နာရီလောက်နဲ့ ပြီးသွားပေမယ့် ရိုက်ကူးရေးကတော့ တကယ်ကို ခက်ခဲပါတယ်။ အချိန်၊ နေရာနဲ့ သရုပ်ဆောင်မှုတွေ တစ်ထပ်တည်းကျဖို့ အကြိမ်ကြိမ်ကြိုးစားကြရပါတယ်။

ဒီလိုတွေ ကြိုးစားတာတောင် ဇာတ်လမ်းအောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ သေချာမသိနိုင်ပါဘူး။ ဒါပေမယ့် မင်းသား/မင်းသမီး သရုပ်ဆောင်ခတွေနဲ့ ကုန်ကျစရိတ်တွေကတော့ အရင်ကုန်ထားရပါတယ်။ Hollywood ရုပ်ရှင်တွေဆိုကြည့်တာနဲ့ ပိုကုန်မယ်ဆိုတာ သိသာပါတယ်။

ရုပ်ရှင်တစ်ခုမှာ သရုပ်ဆောင်မင်းသား/မင်းသမီးတွေ ဘယ်လောက်ရကြမလဲဆိုပြီး တွေးဖူးပါသလား။ ကမ္ဘာ့ရုပ်ရှင်လောကမှာ ဝင်ငွေအများဆုံး မင်းသမီးတွေက ဘယ်သူတွေများ ဖြစ်နိုင်မလဲ။

(10) Viola Davis - $15.5 Million

Viola Davis က အမေရိကန်မင်းသမီးဖြစ်ပြီး ထုတ်လုပ်သူတစ်‌ယောက်လည်း ဖြစ်ပါတယ်။ အကယ်ဒမီဆု၊ Primetime Emmy ဆုနဲ့ Tony Awards နှစ်ခုတို့ကိုရရှိခဲ့ပြီး သူမက အသက်အငယ်ဆုံး သရုပ်ဆောင်တစ်ယောက်အဖြစ် "Triple Crown of Acting" ကို ရရှိထားတဲ့ ပထမဆုံး အာဖရိကန်-အမေရိကန်တစ်ယောက်ဖြစ်ပါတယ်။

Actress-Viola-Davis

(9) Elisabeth Moss - $16 Million

Elisabeth Singleton Moss က အမေရိကန်သရုပ်ဆောင်၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး Primetime Emmy ဆုနှစ်ခုနဲ့ Golden Globe Awards နှစ်ခု အပါအ၀ င် ချီးကျူးဂုဏ်ပြုမှုများစွာရရှိထားပါတယ်။ 

Actress-Elisabeth-Moss

(8) Ellen Pompeo - $19 Million

Ellen Kathleen Pompeo က အမေရိကန်သရုပ်ဆောင်ဖြစ်တဲ့အပြင် ထုတ်လုပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှစ၍ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဝင်ငွေရရှိတဲ့သရုပ်ဆောင်နှစ်ကုန်စာရင်း Forbes မှာ သူမပါဝင်ခဲ့ပါတယ်။ Screen Actors Guild Award ရရှိထားပြီး Golden Globe Award အတွက် အမည်စာရင်းတင်သွင်းခံရတဲ့ သရုပ်ဆောင်ဖြစ်ပါတယ်။

Actress-Ellen-Kathleen-Pompeo

(7) Nicole Kidman - $22 Million

Nicole Mary Kidman AC က အမေရိကန်ဖွား သြစတြေးလျ သရုပ်ဆောင်မင်းသမီး၊ ထုတ်လုပ်သူဖြစ်ပြီး အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ Primetime Emmy ဆု (၂) ဆု၊ Golden Globe Awards (၅) ခုနဲ့ အကယ်ဒမီဆု (၄) ခုအပြင် အနုပညာဆုပေါင်းများစွာ ရရှိထားသူ ဖြစ်ပါတယ်။

Actress-Nicole-Mary-Kidman

(6) Emily Blunt - $22.5 Million

Emily Olivia Leah Blunt က ဗြိတိသျှမင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ဗြိတိန်အကယ်ဒမီရုပ်ရှင်ဆုအတွက် ဆန်ကာတင်စာရင်း (၂) ခါသွင်းခံရပြီး Golden Globe Award နဲ့ Screen Actors Guild Award တို့ရရှိထားသူ ဖြစ်ပါတယ်။ 

Actress-Emily-Olivia-Leah-Blunt

(5) Meryl Streep - $24 Million

Mary Louise "Meryl" Streep က အမေရိကန်သရုပ်ဆောင်၊ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ 

Actress-Mary-Louise

(4) Melissa McCarthy - $25 Million

Melissa Ann McCarthy က အမေရိကန်သရုပ်ဆောင်၊ လူရွှင်တော်၊ စာရေးဆရာ၊ ထုတ်လုပ်သူနဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်ပါတယ်။ သူမက Primetime Emmy ဆု (၂) ခုရရှိထားပြီး အကယ်ဒမီဆု (၂) ဆုနဲ့ Golden Globe Awards (၂)ခုအတွက် ဆန်ကာတင်စာရင်းတင်ခံရသူ ဖြစ်ပါတယ်။

Actress-Melissa-Ann-McCarthy

(3) Gal Gadot - $31.5 Million

Gal Gadot-Varsano က အစ္စရေးမင်းသမီး၊ ထုတ်လုပ်သူနဲ့ မော်ဒယ်လ် ဖြစ်ပါတယ်။ အသက် (၁၈) နှစ်မှာ Miss Israel 2004 သရဖူဆောင်းခဲ့သူ ဖြစ်ပါတယ်။ အစ္စရေးကာကွယ်ရေးတပ်မှာ စစ်သားအဖြစ် (၂) နှစ် တာ၀န်ထမ်းဆောင်ကာ IDC Herzliya college မှာ ပညာသင်ယူရင်း မော်ဒယ်လ်နဲ့ သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်တာ ဖြစ်ပါတယ်။ 

Actress-Gal Gadot-Varsano

(2) Angelina Jolie - $35.5 Million

Angelina Jolie DCMG က အမေရိကန်သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး အကယ်ဒမီ (၁) ခု၊ Golden Globe Award (၃) ဆုအပါအ၀င် အနုပညာဆုပေါင်းများစွာ ချီးကျူးဂုဏ်ပြုခြင်းခံရတဲ့ ဟောလိဝုဒ်ရဲ့ ဝင်ငွေအမြင့်ဆုံး မင်းသမီးဆုကို အကြိမ်ကြိမ်ရရှိခဲ့ပါတယ်။

Actress-Angelina-Jolie-DGMA

(1) Sofia Vergara - $43 Million

Sofia Margarita Vergara Vergara က ကိုလံဘီယာ-အမေရိကန် မင်းသမီး၊ television producer၊ တင်ဆက်သူနဲ့ မော်ဒယ် ဖြစ်ပါတယ်။ သူမက အမေရိကန်ရုပ်မြင်သံကြားမှာ (၂၀၁၃ မှ ၂၀၂၀) အထိ (၇) နှစ်ဆက်တိုက် ဝင်ငွေအမြင့်ဆုံး မင်းသမီးတစ်ဦး ဖြစ်ပါတယ်။

Actress-Sofia-Margarita-Vergara

⇐ Previous Next

Read 2388 times