Health & Beauty

Where to use the useful aloe vera?

Where to use the useful aloe vera?

အလှအပဆိုတာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ လောကမှာ မလှချင်တဲ့သူရယ်လို့ မရှိပါဘူး။ လှဖို့အတွက် သုံးစွဲနေကြတဲ့ ငွေကြေးတွေက မနည်းမနောပါ။

သဘာဝတိုင်းလှအောင်နေတဲ့သူတွေရှိသလို ခွဲစိတ်ပြုပြင်ပြီး လှပအောင်ပြင်တဲ့ သူတွေလည်းရှိပါတယ်။ ခွဲစိတ်ပြုပြင်တာက ငွေကြေးအကုန်အကျများတဲ့အတွက် အိမ်မှာရှိတဲ့ သဘာဝပစ္စည်း အသုံးအဆောင်တွေနဲ့ ပြုပြင်တာကို ပိုပြီး အားပေးပါတယ်။

သဘာဝပစ္စည်းတွေနဲ့ဆိုရင် ရှားစောင်းလက်ပတ်က တော်တော်အသုံးဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အခုနောက်ပိုင်း (၉၉%) ရှားစောင်းလက်ပတ်နဲ့ ပြုလုပ်ထားတဲ့ ဂျယ်လ်တွေလည်း ဈေးကွက်ထဲ ဈေးသက်သက်သာသာနဲ့ အလွယ်တကူဝယ်လို့ရနေပါပြီ။ 

အိမ်သုံးရှားစောင်းလက်ပတ်လုပ်နည်း | Bezzia

ရှားစောင်းလက်ပတ်က ဘယ်လိုနေရာတွေမှာ အကျိုးပြု အသုံးဝင်လဲဆိုတော့ ...

(1) နေလောင်ခြင်း

ရှားစောင်းလက်ပတ်က နေလောင်ကွက်တွေ အတွက်ချည်းပဲမဟုတ်ပါဘူး။ ရှားစောင်းလက်ပတ်ကို အသားအရေ ဖူးရောင်နီရဲတာမျိုးနဲ့ အသားအရေ ယားယံတဲ့အခါမျိုးတွေမှာလည်း သုံးလို့ရပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ရေနဲ့ရောပြီး ရေခဲတုံးလေးတွေ ပြုလုပ်ပေးလိုက်ပါ။ ပြီးရင် မိမိနှစ်သက်ရာနေရာမှာ ပွတ်လိမ်းပေးလို့ရပါတယ်။ အညောင်းအညာပြေပြီး ချောမွတ်သွားတဲ့ အထိအတွေ့ကို ခံစားရစေပါတယ်။

ရှားစောင်းလက်ပတ်ဟာ အသားအရေကို နုပျိုကျန်းမာစေတဲ့ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် A အပြင် antioxidant ဓါတ်ပေါင်းများစွာ ပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်ပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေတဲ့အပြင် အသားအရေကို တင်းရင်းသွားစေပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကိုလည်း ထိန်းပေးထားနိုင်ပါတယ်။

How to Treat a Sunburn (and Prevent It Next Time) – Health Essentials from  Cleveland Clinic

(2) ဆံပင်သန်ခြင်း/ဗောက်ထခြင်း

ဆံပင်ဆိုတာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ပျော့ပြောင်းနူးညံ့ပြီး တောက်ပတဲ့ဆံကေသာကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ပုံမှန်အသုံးပြုပေးပါ။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ခေါင်းမလျှော်ခင် ဆံသားမှာ နာရီဝက်လောက်လိမ်းထားပြီး ရေနွေးလေးနဲ့ဆေးချပေးလိုက်ပါ။

ခေါင်းမလျှော်ခင် သံပရာရည်နဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ရောပြီး ဗောက်ဖြစ်နေတဲ့ ဦးရေပြားပေါ် မိနစ်(၃၀)လောက် လိမ်းပြီး ရေဆေးချလိုက်ပါက ဗောက်တွေကို ဖယ်ရှားပေးပါတယ်။ 

This Is the Best Way to Cover Grays on Dark Hair - L'Oréal Paris

(3) ဝက်ခြံထွက်ခြင်း

အသားခြောက်တတ်တဲ့သူ၊ ဝက်ခြံပေါက်ပြီး အမာရွတ်ကျခဲ့တဲ့သူတွေနဲ့ အသားအရေတင်းတင်းရင်းရင်းလေး ဖြစ်ချင်တဲ့သူတွေအတွက်တော့ ရှားစောင်းလက်ပတ်က ဆရာတစ်ဆူပါပဲ။

ညအိပ်ယာမဝင်ခင် ရှားစောင်းလက်ပတ်ဂျယ်လ်ကို မျက်နှာပေါ်က ချွေးပေါက်ကျယ်တဲ့နေရာတွေနဲ့ ဝက်ခြံ၊ အမာရွတ်ကျန်ခဲ့တဲ့နေရာတွေကို ခပ်များများလေးလိမ်းပေးခြင်းဖြင့် ဝက်ခြံတွေကို သိသိသာသာလျော့ပါးလာစေပြီး အသားအရေတင်းရင်းလာစေပါတယ်။

ရှားစောင်းလက်ပတ်မှာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်ပါဝင်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံနဲ့ အရေပြားမှိုရောဂါတွေ မဖြစ်လာစေဖို့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ အစရှိတဲ့ အရေပြားရောဂါတွေကို ကုသတဲ့နေရာမှာလည်း ရှားစောင်းလက်ပတ်ကရတဲ့ အနှစ်ကို အသုံးပြုနိုင်ပါသေးတယ်။ အရေပြား ယားယံတာ၊ အသားအရေနီရဲနေတာကို အမြန်ဆုံး သက်သာစေတယ်။

ဝက်ခြံတွေကို သဘာဝအတိုင်းပျောက်ကင်းအောင်ဘယ်လိုကာကွယ်ခြင်းနဲ့ကုသကြမလဲ။ –  MyHealth Myanmar

ဒါ့ပြင် နောက်ထပ် အရေပြားရောဂါတွေ ဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။ မှဲ့ခြောက်နဲ့ အမာရွတ်တွေကို ပျောက်ကင်းစေခြင်း၊ အရေပြားဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ ရှားစောင်းလက်ပတ်ဟာ မှဲ့ခြောက်နဲ့ အမာရွတ်တွေကိုပါ အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

အရေးအကြောင်းတွေကိုလည်း လျော့နည်းသွားစေနိုင်ပြီး မျက်နှာပေါ်က အမည်းစက်တွေ၊ ဆားဝက်ခြံတွေကိုလည်း လုံးဝပျောက်ကင်းသွားစေပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

(4) ခြေဖဝါးကွဲတတ်ခြင်း

ခြေဖဝါးကွဲပြီး ကြမ်းရှရှဖြစ်နေတဲ့ သူတွေအတွက် နူးညံ့ပြီး ချောမွေ့တဲ့ခြေဖဝါးကို ရရှိဖို့အတွက် ရှားစောင်းလက်ပတ်အနှစ်နဲ့ သံပရာရည်အရောအနှောကို ခြေဖဝါးတွေမှာ ပွတ်လိမ်းပေးပါ။ (၂-၃) မိနစ်လောက်ပွတ်လိမ်းပေးကာ (၁၀) မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ 

မေမေတို့အလှအတွက် ခြေဖနောင့်ကွဲတာတွေ မရှိအောင်

(5) ရှားစောင်းလက်ပတ်ဂျယ်လ်

ပတ်ဝန်းကျင်အများစုမှာ ရှားစောင်းလက်ပတ်အပင်ကို အလွယ်တကူရရှိနိုင်ပေမယ့် အကျိုးရှိအောင် အသုံးချဖို့ မေ့နေတတ်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ သတ္ထုဓာတ်၊ ဗီတာမင်ဓာတ်တွေက အသားအရေမှာ ဖြစ်တတ်တဲ့အမဲကွက်တွေကို လျော့နည်းစေပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ဂျယ်လ်ကို လည်ပင်းမှာ လိမ်းပြီး မိနစ်အနည်းငယ်လောက် scrub လုပ်ပေးပါ။ ပြီးရင် နာရီဝက်လောက်ထားပြီး ရေနဲ့ဆေးချလိုက်ပါ။

ရေကျောက်ရောဂါကို သဘာဝအတိုင်းကုသနိုင်မယ့် အိမ်တွင်းနည်းလမ်းများ | MyFood  Myanmar

⇐ Previous Next

Read 2224 times