Entertainment

Will Captain America Marvel return?

Will Captain America Marvel return?

Avengers:End Game ပြီးတဲ့နောက်ပိုင်းမှာတော့ သူဟာ ဒီ Character ကနေ အနားယူဖို့တွက် အသင့်ဖြစ်နေပြီလို့ဆိုပါတယ်။ ဒါပေမယ့်အခုထွက်လာတဲ့ သတင်းတွေအရ Chris Evans ကို Captain America အနေနဲ့ပြန်လည်မြင်ရနိုင်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပုံစံမျိုးဆိုတာတော့ အတိအကျမသိရသေးပါဘူး။Leak တွေအရ အနည်းဆုံး Marvel ရဲ့ project တစ်ခုမှာဖြစ်ဖြစ် Chris Evans ဟာ Steve Rogers/Captain America အနေနဲ့ပါဝင်နိုင်ကြောင်း သိရှိရပါတယ်။

 

Captain America ရုပ်ရှင်သစ်ကတော့ ဖြစ်နိုင်ချေနည်းပြီး Robert Downey, Jr. တစ်ယောက် Iron Man 3 အပြီး Civil War နဲ့ Homecoming တို့မှာပါဝင်ခဲ့တဲ့ပုံစံဖြင့်သာ Chris Evans ကိုမြင်နိုင်ရကြောင်းလည်း သိရှိရပါတယ်။

 

 

MCU မှာ Captain America ရဲ့ဇာတ်ကြောင်းကတော့ ပြီးဆုံးသွားပေမယ့် Marvel မှာ Disney+ series တွေရှိနေသေးတာကြောင့် Chris Evans ကိုပြန်လည်အသုံးပြုချင်တယ်ဆို series ထဲမှာ အသုံးပြုကောင်း ပြုနိုင်ပါတယ်။ ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်ကြတာပေါ့ဗျာ။

⇐ Previous Next ⇒

Read 3270 times