Things To Do

2023 Tazaungdaing Festival in Yangon People's Park

2023 Tazaungdaing Festival in Yangon People's Park

၂၀၂၃ ခုနှစ် တန်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ ဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်မှာ နိုဝင်ဘာ (၂၅) ရက်နေ့ကနေ (၂၇) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

စျေးရောင်းပွဲတော်မှာ ရန်ကုန်တိုင်းရှိ စက်မှုဇုန်များမှ လုပ်ငန်းရှင်များအပါအဝင် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များရဲ့ ထုတ်ကုန်များ၊ ဆန်၊ ဆီ အရောင်းဆိုင်များနဲ့ တိုင်း/ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများကိုလည်း ဆိုင်ခန်းပေါင်း (၄၅၅) ခန်းဖြင့် ခင်းကျင်းပြသရောင်းချသွားမှာပါ။

                                                            Advertisements

                                                        Click Here > Baho Pipe

ဒါ့အပြင် ပွဲတော်ရက်အတွင်း နေ့တိုင်း E-Sport Game ပြိုင်ပွဲများ၊ စတုဒီသာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနဲ့ ဟာသပညာရှင်များ၊ ဆက်ကပ်၊ မျက်လှည့်တို့အပြင် Dancer များမှလည်း ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တန်ဆောင်တိုင် မီးထွန်းပွဲတော်နဲ့ ဈေးရောင်းပွဲတော်မှာ မီးရှူးမီးပန်း ပစ်ဖောက်မှုများလည်း ထည့်သွင်းဆင်နွှဲသွားမှာပါ။   

ညအချိန် ပွဲလာတဲ့လူတွေ ညဘက်အပြန် အဆင်ပြေစေဖို့ အကြို/အပို့ကားတွေကို စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ပွဲတော်အတွင်း YBS 21, YBS 61, YBS 37, YBS 36, YBS 62, YBS 7 နဲ့ YBS 8 ယာဉ်လိုင်းတွေဟာ သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲသွားမှာဖြစ်ပြီး ယာဉ်စီးခကိုလည်း ပုံမှန်အတိုင်း ကောက်ခံသွားမှာ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 607 times