Food & Drink

3 Food Promotions That Will Make Foodie's Weekend Perfect

 3 Food Promotions That Will Make Foodie's Weekend Perfect

ကိုဗစ်ကာလထဲမှာ အလုပ်ပိတ်ရက်တွေဟာ တကယ်ကို အထီးကျန်ဆန်ပြီး ပျင်းဖို့ကောင်းပါတယ်။ ဒီလို ပျင်းစရာကောင်းတဲ့ ပိတ်ရက်တွေကို အစားအသောက်လေးနဲ့ မဖြတ်သန်းချင်ဘူးလား? 

အစိုးရရဲ့ ထုတ်ပြန်ချက်ကြောင့် စားသောက်ဆိုင်တွေ ပိတ်ထားရပေမယ့် Takeawayနဲ့ Delivery Service တွေကတော့ ရှိနေပါသေးတယ်။ Deliveryနဲ့ မမှာချင်လို့ Takeaway သွားဝယ်ရင်း ပရိုမိုးရှင်းလေးတွေ ရမယ်ဆိုရင်ရော စိတ်ဝင်စားလား။

ကိုယ်စားချင် သောက်ချင်တဲ့ အစားအသောက်ချင်းတူတာတောင် ပရိုမိုးရှင်းနဲ့ စားရတဲ့ အစားအစာက ပိုအရသာရှိနေတာမျိုးပါ။ ဒါ့ကြောင့် ဒီအပတ် Weekend ပိတ်ရက်မှာ Takeaway ယူရင်း ပရိုမိုးရှင်းတွေ ရရှိနိုင်မယ့် ကြက်ကြော်ဆိုင်တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

CP Myanmar Kitchen

Image may contain: food, text that says 'CP Myanmar Kitchen FIVESTAR တန်တန်လေး စားရင်း SMOOTHIES သောက်ကြမယ် Pork Leg Soup & Any Smoothie 5,500Ks. 4,000Ks. Spicy Mountain & Any Smoothie * 11to17Dec2020 11t 17 Dec 2020 ··.··....0. 9,300ks. 8,000Ks. CP'

ဒီတစ်ခါ ပြောပြပေးမှာကတော့ CP ရဲ့ ပရိုမိုးရှင်း အကြောင်းပဲ ဖြစ်ပါတယ်။ CP Five Star Extra Restaurantတွေကနေ Special Set Menu ပရိုမိုးရှင်း ဖြစ်တဲ့ Pork Leg Soup or Spicy Mountain ဝက်ကျောရိုးပေါင်း တစ်ပွဲဝယ်တိုင်း Smoothies တစ်ခွက်ကို လက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။

ပရိုမိုးရှင်းက ဒီဇင်ဘာ (၁၁) ရက် ကနေ (၁၇) ရက်နေ့အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ စတဲ့ မြို့တွေရဲ့ Five Star Extra Restaurant ဆိုင်တွေမှာ Takeaway သီးသန့်ဖြင့် စိတ်ကြိုက်ဝယ်ယူနိုင်ပါပြီ။

Yangon

  • Junction Square
  • Thamine City Mart
  • Hlaing Thar Yar Sein Gay Har
  •  Shwe Pyi Thar Aeon Orange

 Mandalay

  •  Mingalar Mandalay Ocean

 Nay Pyi Taw

  •  Ottara Thiri Ocean

 Monywa

  •  Monywa Ocean

Lotteria Myanmar

Image may contain: text

ကြက်ကြော်လည်း ရှယ်ကြိတ်ချင်တယ်၊ ဘာဂါလည်း ကြိုက်တယ်ဆိုတဲ့ Foodieတွေ အတွက် Lotteria ရဲ့ လုံး၀ လက်မလွှတ်သင့်တဲ့ Weekend Promotion လာပြီနော်။ ဒီအပတ်မှာတော့ လူတိုင်းအသည်းစွဲတဲ့ Bulgogi ( ဘူးလ် ဂိုဂီ ) ဘာဂါကို လျော့ဈေးတွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

  • ဘာဂါတစ်လုံး - ၂၅၀၀ ကျပ် (၃၂၀၀ ကျပ်မှ)
  • ဘာဂါ SET ( အာလူးကြော် + အအေးပါဝင်ပြီး ) - ၃၆၀၀ ကျပ် (၄၆၀၀ ကျပ်မှ)

ဘာဂါ ပရိုမိုးရှင်းပဲလား ဆိုတော့ မဟုတ်သေးပါဘူး ကြက်ကြော် အစီအစဉ် ရှိပါသေးတယ်။ ကြက်ကြော်ကို ရှယ်ကြိတ်ချင်တယ်ဆိုတဲ့ Foodieတွေ အတွက် 

  • ကြက်ကြော် ၂ တုံး + Pepsi ၁ခွက် - ၃၂၀၀ ကျပ်

ပရိုမိုးရှင်းက ဒီအပတ် စနေ၊ တနင်္ဂနွေ ဖြစ်တဲ့ ဒီဇင်ဘာ (၁၂၊ ၁၃)ပဲဖြစ်ပြီး Lotteria ဆိုင်ခွဲတိုင်းမှာ အားပေးလို့ရပါတယ်နော်။

Image may contain: food

KFC Myanmar

KFC ရဲ့ LTO Snackတွေ အကြောင်း သိပြီးပြီလား? 

ဒီတစ်ခါ လျှာဖျားကနေ စိတ်ကူးထဲထိ အလည်ရောက်သွားစေမယ့် LTO Snack အသစ် (၃)မျိုးကို ရောင်းချပေးနေပြီနော်။

  • French Fries မဟုတ်တဲ့ Thai Fries - (၉၀၀)ကျပ် 
  • ရိုးရိုး Popcorn Chicken ထက်ပိုဆန်းတဲ့ Thai Popcorn - (၁၉၀၀) ကျပ် 
  • Thai အရသာလေး အစုံလင်ခံစားရမယ့် Thai Snack Bowl - (၂၇၀၀) ကျပ် 

အရသာကလည်း Thaiအရသာလေးဆိုတော့ စားနေရင်း Thaiရောက်သွားသလို ခံစားရစေမယ့် KFC ရဲ့ LTO Snackတွေကို မြည်းစမ်း ကြည့်လိုက်တော့နော်။

နောက်ပြီး Takeawayအပြင် Foodpanda, GrabFood, Door2Door နဲ့ Food2U ကလည်း မှာလို့ ရသေးတယ်ဆိုတော့ ဘာလိုသေးလဲဗျာ။

Image may contain: 1 person, text and food

By MY Yangon Guide

⇐ Previous Next

Read 2015 times