Food & Drink

5 cafes in Yangon that you should definitely go to instead of a big club after the epidemic

5 cafes in Yangon that you should definitely go to instead of a big club after the epidemic

ကိုဗစ်ကြောင့် စားသောက်ဆိုင်တွေ ယာယီပိတ်ထားရပြီး အသွားအလာ ကန့်သတ်ချက်တွေကြောင့် Stay Homeပြီး တစ်နည်းနည်းနဲ့ ငြီးငွေ့နေကြမှာ သေချာပါတယ်။ ဒါမဲ့ ကိုဗစ်ကြီး ပြီးသွားခဲ့ရင်ဆိုတဲ့ စိတ်နဲ့ အကုန်လုံးက ပျော်စရာတွေရှာကြံနေကြပါတယ်။နောက်ပြီး ကိုဗစ်ပြီးရင် ဘာလုပ်မယ်၊ ဘယ်သွားမယ်ဆိုတဲ့ Planတွေကလည်း ခေါင်းထဲအမြဲရောက်နေမယ်ဆိုတာ ယုံကြည်ပါတယ်။

တချို့က မိသားစုတွေ / သူငယ်ချင်းတွေ နဲ့ ခရီးထွက်ကြမယ်တွေးထားကြပြီး တချို့က" ကပ်ကြီးပြီးရင် ကလပ်ကြီး ဒိုးမယ် " ဆိုတဲ့ သူတွေလဲ ရှိသလို သူငယ်ချင်းအဖွဲ့လိုက်ဖြစ်ဖြစ် စုံတွဲလေးနဲ့ဖြစ်ဖြစ်" Cafe ဆိုင်လေးမှာ ဓာတ်ပုံလေးရိုက်ပြီး အေးအေးဆေးဆေး စကားတွေဖောင်ဖွဲ့ကြမယ့် " သူတွေလဲရှိနေပါတယ်။

ဒါ့ကြောင့် ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ အပြင် အေးအေးဆေးဆေး Chillလို့ရမယ့်  လူငယ်တွေကြား ရေပန်းစားနေတဲ့ ကော်ဖီဆိုင်လေးတွေ အချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

" cafe' Deja Brew "

ဒီဆိုင်လေးကတော့ " ကာဖီသောက်ပါ " ဆိုပြီး Facebook မှာ သာမက Social Media မှာ Hot သွားတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ cafe' Deja Brew cafe & art space ဆိုတဲ့အတိုင်းပဲ ဆိုင်ရဲ့ အပြင်အဆင်တွေက Recycle ပစ္စည်းလေးတွေနဲ့ အနုပညာ ဆန်ဆန် ဆန်းသစ်ထီထွင်ထားပြီး အရမ်းချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ 

ဆိုင်ရဲ့ အပြင်အဆင်ကြောင့် ဓာတ်ပုံရိုက်လို့ ကောင်းရုံသာမက ကော်ဖီကလည်း ရှယ်ကောင်းဆိုတော့ အဆွေးသမားလေးတွေ စုံတွဲတွေအတွက် အလန်းစားနေရာ တစ်ခုဖြစ်ပါတယ်။ 

Cafe' DejaBrew ( I ) ရဲ့ ဆိုင်လိပ်စာကတော့ အမှတ် ၁၃၄ ၊ ၃၇ လမ်း ( အလယ်ဘလောက် )ကျောက်တံတား မြို့နယ်။

Cafe' DejaBrew ( ll ) ကို မပိုလမ်း နှင့် သုခ လမ်းထောင့် ၊ မြေနီကုန်းမှာ ထပ်မံဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

ဆိုင်ရဲ့ Facebook Page >>>

https://www.facebook.com/cafeDejaBrew.mm/

" LEAF Cafe & Plant "

ဆိုင်ထဲမရောက်ခင် အဝမှာကတည်းက သစ်ပင်လေးတွေနဲ့ တောထဲရောက်သွား သလို ခံစားရစေမှာပါ။ ဆိုင်ထဲရောက်တာနဲ့ ပထမဆုံးက စိမ်းစိုနေမှုကြောင့် စိတ်ကို အပန်းပြေစေမှာဖြစ်ပါတယ်။

မသိရင် ဥယျာဉ်တစ်ခုထဲရောက်သွားပြီး ကော်ဖီပူပူလေးကို ကိုယ့်ရဲ့ အရင်းနှီးဆုံး သူစိမ်းတွေနဲ့ အတူတူထိုင် သောက်နေရသလိုပါပဲ။ ဆိုင်ရဲ့ အောက်ထပ်အပြင်ဆင်က ရှေးဟောင်းဆန်ဆန် ပြင်ဆင်ထားတာ ဖြစ်ပြီး ဆိုင်လေးက ၂ထပ်ဖြစ်တဲ့ နေရာ အကျယ်အဝန်းသာမကပဲ ဓာတ်ပုံရိုက်ဖို့ နေရာတော်တော်များများရှိပါတယ်နော်။

နောက်ပြီး ဒီ Cafeက သစ်ပင်လေးတွေလည်း ရောင်းတာဖြစ်လို့ သစ်ပင်စိုက်ရတာ စိတ်ဝင်စားတဲ့ သူတွေအတွက် မသွားမဖြစ် သွားသင့်တဲ့ဆိုင်လေးပါ။ ဆိုင်ရဲ့ နေရာတိုင်းလိုလိုမှာ သစ်ပင်လေးတွေ ရှိနေတာကြောင့် စိတ်ကိုအေးချမ်းစေပြီး တစ်ဦးနဲ့ တစ်ဦး ကော်ဖီလေးသောက်ရင်း စကားတွေ ဖောင်ဖွဲ့နိုင်ရုံသာမက ချစ်သူစုံတွဲတွေ / သူငယ်ချင်းတွေ အတွက် ဓာတ်ပုံတွေ အဝ ရိုက်လို့ ရမယ့် ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ အမှတ် ၁၆ ၊ ရှင်စောပုဘုရားလမ်း ၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိတဲ့ LEAF Cafe & Plant ဆိုင်ကို မဖြစ်မနေ သွားရမယ် ဆိုတဲ့ Plan ကို အခုကတည်းက ကြိုဆွဲထားလိုက်ကြတော့နော်။

Facebook page >>>

https://www.facebook.com/leafcafenplants/

 

" Ah Lin Saing Gallery Cafe'"

ဒီ Cafeဆိုင်လေးရဲ့ အနှစ်သာရကတော့ ကိုငှက်ရဲ့ အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားတာဖြစ်ပါတယ်။ ဂန္ဓဝင် အဆိုတော် ကိုငှက်(ခေါ်) ထူးအိမ်သင်ရဲ့ အမှတ်တရတွေကို ဒီCafeဆိုင်လေးက ပြန်လည်ပုံဖော်ပေးထားတာ ဖြစ်တဲ့အတွက် လူငယ်တွေအတွက်သာမက ထူးအိမ်သင်ကို အားပေးခဲ့ကြတဲ့ လူရွယ်တွေကိုပါ ဆွဲဆောင်ထားနိုင်တဲ့ ဆိုင်လေး တစ်ဆိုင်ဖြစ်ပါတယ်။ 

ကော်ဖီလေးသောက်ရင်း ထူးအိမ်သင်ရဲ့ သီချင်းအေးအေးလေးတွေနဲ့ အတိတ်ကို ခေါ်ဆောင်ပေးသွားမှာမို့လို့ ဘော်ဒါတွေနဲ့ဖြစ်ဖြစ်၊ စုံတွဲတွေဖြစ်ဖြစ် မျက်နှာလေးကြည့် စကားတွေပြောရင်း စီးမျောလို့ ကောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်ရဲ့ ရှေးဟောင်းဆန်ဆန် အပြင်အဆင်တွေကြောင့် အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ဖို့ တော်တော်ကြီးကို အဆင်ပြေပါတယ်။

ဆိုင်လိပ်စာ - အမှတ် ၇၉ ၊ ရာဇာဓိရာဇ်လမ်း ၊ ၃၈ ရပ်ကွက် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း။

ဆက်သွယ်ရန် - 01 583 199

Facebook page >>>

https://www.facebook.com/Eisawmyathidathwin/?ref=page_internal

 

"Avenue'J Café"

နည်းကျယ်ကြိုက်တဲ့ သူတွေအတွက် ဒီဆိုင်လေးက တော်တော်ကြီးသင့်တော်ပါတယ်။ နည်းကျယ်ဆိုတာကတော့ ဈေးနှုန်းနည်းနည်းနဲ့ ကျယ်ကျယ်ဝန်းဝန်း နေထိုင်လို့ရတာကိုပြောတာပါ။ 

နောက်ပြီး ဆိုင်ရဲ့ အပြင်အဆင်တွေက ခေတ်မီဆန်းသစ်တော့ သူငယ်ချင်းတွေ အဖွဲ့လိုက်နဲ့ ဖြစ်ဖြစ် ချစ်သူစုံတွဲတွေပဲ ဖြစ်ဖြစ် အေးအေးဆေးဆေး စကားပြောရင်း Chillလို့ရမယ့် အပြင် Fancyဆန်ဆန် ဓာတ်ပုံလေးတွေပါရိုက်လို့ကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ဆိုလည်း မမှားပါဘူး။ 

တစ်ယောက်တည်းသမားတွေအတွက်ကလည်း ဆိုင်ကတိတ်ဆိတ်တော့ ကော်ဖီလေးသောက်၊ စာအုပ်လေးဖတ်ရင်း သာသာယာယာ Feelလို့ကောင်းမှာ အသေချာပါပဲ။

ဆိုင်လိပ်စာ - အမှတ် ( 2/4 ) ရှင်စောပုဘုရားလမ်း ၊ စမ်းချောင်းမြို့နယ်

ဆက်သွယ်ရန် - 09 40707 6644

Facebook Page >>>

https://www.facebook.com/avenuejcafe/

 

" Old Eain Cafe- အိုးလ်အိမ် ကဖေး "

အိုးလ်အိမ်ဆိုတဲ့အတိုင်း ဒီဆိုင်လေးထဲကို ဝင်လိုက်တာနဲ့ ငယ်ဘဝ အငွေ့အသတ်တွေနဲ့ အိုဟောင်းနေတဲ့ အိမ်ကြီးတစ်လုံးထဲရောက်သွားသလို သင့်ကို အတိတ်တွေဆီ ဆွဲခေါ်သွားပါလိမ့်မယ်။

များသောအားဖြင့် ဒီဆိုင်ကို ငယ်သူငယ်ချင်းအဖွဲ့လိုကတွေလာတာများပြီး ကော်ဖီလေးသောက်ရင်း ငယ်ငယ်က အမှတ်တရတွေကို ထိုင်ပြီးပြန်ပြောကြရင်း ရယ်မောပျော်ပါးကြပါတယ်။

ဆိုင်ရဲ့ အပြင်အဆင်တွေကလည်း သေသပ်လှပတဲ့အတွက် ဓာတ်ပုံရိုက်ပြီး အမှတ်တရတွေ ဖန်တီးနိုင်တဲ့အပြင် အဖီးလ်တလိုင်းလေးတွေအတွက် ဆွေးစရာ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။

ဆိုင်လိပ်စာ - တိုက်နံပါတ် ၅၊ မြေညီထပ်၊ ဦးဝိစာရအိမ်ယာ၊ မင်းမနိုင်ရပ်ကွက်၊ ဒဂုံမြို့နယ်။

ဆက်သွယ်ရန် - 09 954 280501

Facebook Page >>>

https://www.facebook.com/OldEainCafe/

By MY Yangon Guide

Photo Credit

 

⇐ Previous Next

Read 3978 times