Best Hotels

5 Star Hotels in Yangon with the lowest prices for those who want a luxury staycation

 5 Star Hotels in Yangon with the lowest prices for those who want a luxury staycation

ကိုဗစ်ကြောင့် ဟိုဆိုင်ပိတ် ဒီဆိုင်ပိတ်နဲ့ အပြင်တွေလည်း မထွက်ရဘူးဆိုတော့ အိမ်တွင်းအောင်းပြီး ပျင်းနေမှာ အသေချာပါပဲ။ လေးနေတဲ့ စိတ်တွေ ပေါ့ပါးသွားအောင် မြို့ပြရဲ့ အငွေ့သက်တွေ အဝေးမှာ အပန်းသွားဖြေဖို့ကြပြန်တော့ ငဗစ်ကြောင့် ခရီးသွားလို့မရနဲ့ လမ်းပျောက်နေကြမှာ အမှန်ပါပဲ။

ဒါ့ကြောင့် ဒီလိုပျင်းစရာကောင်းတဲ့ နေ့ရက်တွေကို မိသားစုတွေ၊ ချစ်ရတဲ့သူတွေနဲ့ အတူတူ ရေလေးကူး၊ သောက်ရင်းစားရင်းနဲ့ စကားတွေဖောင်ဖွဲ့ပြီး ပျော်စရာတွေနဲ့ အေးအေးဆေးဆေးလေး မChillချင်ကြဘူးလား?

ရန်ကုန်မြို့တွင်းထဲမှာပဲ နေချင်တယ်။ ပြီးတော့ ခရီးသွားနေသလိုမျိုး မြို့ပြရဲ့ အငွေ့အသက်တွေကိုလည်း မေ့နေချင်တယ်။ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဇိမ်ကျကျ အပန်းဖြေ အနားယူချင်တယ် ဆိုတဲ့ သူတွေအတွက် ရန်ကုန်မြို့ရှိ အတန်ဆုံးစျေးနှုန်းတွေနဲ့ အမိုက်စားဟိုတယ်တွေရဲ့ Staycation Dealတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Inya Lake Hotel

Ratingအနေနဲ့ 8.2ထိ ရရှိထားပြီး Weekend ပိတ်ရက်တွေမှာ အပန်းဖြေ အနားယူဖို့ ရန်ကုန်မြို့ထဲမှာရှိတဲ့ အကောင်းဆုံးသော ဟိုတယ်တွေထဲ ဟိုတယ်တစ်ခုပါ။ အင်းယားကန်နဲ့ ကန်ရေပြင်ကို ဖြတ်တိုက်လာမယ့် လေပြေ လေညှင်းလေးတွေကို ခံစားရင်း အပန်းဖြေနိုင်မယ့် အပြင် Lake-side swimming poolလေးနဲ့ စိမ်းစိုနေတဲ့ သစ်ပင်တွေရယ်၊ လှပလွန်းတဲ့ ရှုခင်းတွေကြောင့် အိမ်ထဲနေရင်း ညစ်ထားသမျှကို Relaxလုပ်ဖို့ အကောင်းဆုံး ဟိုတယ်တစ်ခုပါ။

Early Bird Promotion အနေနဲ့ကတော့

  • Book Date – Dec 2020
  • Stay Date – Dec 2020 to April 2021

Staycation Deal (Free Breakfast)

  • Superior room – 65 $ 
  • Deluxe room – 85 $ ကျသင့်မှာဖြစ်ပြီး 

လိပ်စာ - ၃၇၊ ကမ္ဘာအေးဘုရားလမ်းမကြီး၊ ရန်ကုန်မြို့။

ဖုန်း - 01 966 2866

LOTTE HOTEL

ယနေ့ခေတ်ရဲ့ အဆင့်မြင့် ဗိသုကာ လက်ရာတွေနဲ့ ဖန်တီးထားတဲ့ LOTTE HOTELက ကြယ်ငါးပွင့် အဆင့်ရှိတဲ့ Hotel တွေထဲက တစ်ခုဖြစ်ပါတယ်။ အင်းယားကန်ဘေးမှာ တည်ရှိတာကြောင့် ကန်ရေပြင်ရဲ့ အငွေ့အသတ်လေးတွေကို ခံစားရမယ့် အပြင် Health & Fitness Center, Indoor & outdoor pool တွေနဲ့ Luxury ဆန်ဆန် အပန်းဖြေချင်တဲ့ သူတွေ လုံးဝ အန်ကိုက် ကွက်တိပဲဗျို့။

Staycation Deal

  • 1 guest (Free Wi‑Fi and Free breakfast) - MMK 205,729
  • 2 guests(Free Wi‑Fi) - MMK 189,043
  • 2 guests(Free Wi‑Fi and Free breakfast) - MMK 219,578

လိပ်စာ - အမှတ် ၈၂၊ ဆင်ဖြူရှင်ရိပ်သာလမ်း၊ ၆မိုင်ခွဲ၊ ရန်ကုန်မြို့။

ဖုန်း - 01 935 1000  

Chatrium Hotel Royal Lake Yangon

ပိတ်ရက်တွေများတဲ့ ဒီဇင်ဘာရဲ့ ပျော်ရွှင်ဖွယ် အားလပ်ရက်တွေမှာ မြို့ပြရဲ့  မွန်းကြပ်မှုတွေကနေ ရုန်းထွက်ပြီး အနားယူဖို့အတွက် ချက်ထရီယမ်ဟိုတယ်က အကောင်းဆုံးထဲက တစ်ခုပါ။ ဒီ 99$ သာကျသင့်မယ့် Staycation Dealမှာဆိုရင် Deluxe ခန်းမှာ လူကြီးနှစ်ဦး နံနက်စာ အပါအဝင် တစ်ညတာ တည်းခိုခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ချက်ထရီယမ်ဟိုတယ်ရဲ့ ရေကူးကန်ကျယ်ကြီးမှာ ရေကူးခွင့်နှင့် Fitness center အသုံးပြုခွင့်၊ (၂၉)ဒေါ်လာဖိုး အစားအသောက်များကို တည်းခိုနေစဉ် အတွင်း အခမဲ့ သုံးဆောင်ခွင့်၊ (၂၉)နာရီ ဇိမ်ကျကျ တည်းခိုခွင့်​ (မနက် ၉နာရီ မှ နေ့လည် ၃နာရီအတွင်း check-in ဝင်မှာဖြစ်ပြီး နောက်တစ်နေ့ (၂၉)နာရီပြည့်မှ check-out ထွက်နိုင်ခြင်း) စတာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

အခြားBenefitsတွေလည်း ပါဝင်တာမို့ အခုပဲ မြန်မြန်ဘိုကင်တင်လိုက်တော့နော်။

လိပ်စာ - ၄၀၊ နတ်မောက်လမ်း၊ ရန်ကုန်မြို့။

ဖုန်း - 01 954 4500

Awei Metta

ပင်ပန်းနေတာတွေကို အနားယူဖို့အတွက် ရန်ကုန်မြို့အပြင် ထွက်စရာမလိုဘဲ Staycationနေဖို့ဆိုရင် Awei Metta Luxury Golf Resortကို သတိရလိုက်ပါ။ Golf Resort ဆိုတော့ သူမတူတဲ့ ခံစားချက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ Swimming Poolမှာ ရေကူးမလား? ဒါမှမဟုတ် ဝရန်တာကနေ စိမ်းစိုနေတဲ့ ရှူခင်းလေးကို ကြည့်ရင်း ဘော်ဒါလော်ဘာတွေနဲ့ ဆွေးမလား? ပင်ပန်းတာတွေ ပျောက်ဖို့ ကြိုက်သလို အနားယူလို့ ရတယ်နော်။

Staycation Deal

  • 2 guests - MMK 192,780
  • 2 guests(Free Wi‑Fi and Free breakfast) - MMK 192,780
  •  

လိပ်စာ - ပန်းလှိုင်အိမ်ရာ၊ ရန်ကုန်မြို့။

ဖုန်း - 01 368 7799

ရန်ကုန်မြို့ရဲ့  5 Star Hotelတွေမှာမှ Staycationနေရင်း ပျော်ပါးဖို့ Planဆွဲနေသူတွေ အတွက် Staycation Dealတွေကို ပြောပြလိုက်ပြီနော်။ ပိတ်ရက်တွေမှာ အေးအေးဆေးဆေး အနားယူရင်း ပျော်ရွှင်ကျန်းမာတဲ့ နေ့ရက်လေးတွေ ဖြစ်ပါစေဗျ။

MY Yangon Guide

⇐ Previous Next

Read 2494 times