Things To Do

8 Best YouTube Channels for Learning Chinese

8 Best YouTube Channels for Learning Chinese

အခုခေတ်မှာ စီးပွားရေးအင်အားကြီးတဲ့ နိုင်ငံတွေကို ပြောပါဆိုရင် တရုတ်နိုင်ငံက အမေရိကန်ပြီးရင် ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က ဒီလို စီးပွားရေးနယ်ပယ်မှာ အင်အားတောင့်တဲ့ တရုတ်နိုင်ငံအထိ သွားပြီး အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေချင်တာဖြစ်ဖြစ်၊ မြန်မာနိုင်ငံက တရုတ်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ချင်တာဖြစ်ဖြစ် တရုတ်ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်ထားဖို့ လိုပါတယ်။ ဒါကြောင့် တရုတ်စာ 4 Skills စလုံးကို Self-Study လေ့လာနိုင်မယ့် YouTube Channel (၈) ခုကို မျှဝေပေးပါရစေ။ 

၁။ ChineseClass101.com 

တရုတ်ဘာသာစကားရဲ့ အရေး၊ အပြော၊ အဖတ်၊ အကြားစွမ်းရည် (၄) မျိုးလုံးကို လေ့လာသင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ တရုတ်ဘာသာစကားမှာ အခြေခံအဆင့်ပဲ ရှိတဲ့သူ ဒါမှမဟုတ် အခုမှ တရုတ်ဘာသာစကားကို စတင်သင်ယူချင်သူတစ်ယောက်ဆိုရင်တော့ ဒီ Channel ဟာ ၂၄ နာရီလုံး လေ့လာသင်ယူနိုင်တဲ့ အကောင်းဆုံး နေရာတစ်ခုပဲ ဖြစ်ပါတယ်။ 

>> https://www.youtube.com/channel/UCJhnlRY-oKpanPGSvL8Ml8Q 

၂။ Learn Chinese with Litao  

တရုတ်အက္ခရာစာလုံးလေးတွေကို လေ့လာချင်သူတွေအတွက် အရမ်းအသုံးဝင်မယ့် Youtube Channel တစ်ခုပါ။ အခုမှ အခြေခံကနေစပြီး လေ့လာနေသူတွေအတွက်တော့ အံကိုက်ပါပဲ။ တရုတ်အက္ခရာစာလုံးတစ်ခုချင်းစီရဲ့ နောက်ခံသမိုင်းကြောင်းတွေ၊ တရုတ်စာဖတ်နည်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဝါကျတည်ဆောက်ပုံတွေ၊ ဆက်နွယ်နေတဲ့ ဝေါဟာရတွေကို ဒီ Channel လေးမှာ လေ့လာသင်ယူနိုင်မှာပါ။ 

>> https://www.youtube.com/user/LitaoChinese 

၃။ YoYo Chinese 

ဒီ Channel မှာ ဗီဒီယိုသင်ခန်းစာပေါင်း ၁၀၀၀ ကျော် ရှိပါတယ်။ သင်ခန်းစာတစ်ခုချင်းစီရဲ့ ဉာဏ်စမ်းတွေ၊ တရုတ်လေယူလေသိမ်းကို နားလည်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းတွေ၊ တရုတ်အက္ခရာ စာလုံးတွေကို သင်ကြားထားတဲ့ ၅ မိနစ်စာ ဗီဒီယိုတွေ၊ တရုတ်သီချင်းကောင်းလေးတွေ စတဲ့ ကဏ္ဍပေါင်းစုံကို တစ်နေရာတည်းမှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Intermediate Level သမားတွေ ပိုပြီး ကြည့်သင့်ပါတယ်။ 

>> https://www.youtube.com/user/sloppycheng

Advertisement

 

Click Here > One One Three Five Chemical Trading

၄။ Off the Great Wall                 

တရုတ်ဘာသာစကားကို လေ့လာချင်ရင်တော့ Off the Great Wall Channel ကို မေ့မထားသင့်ပါဘူး။ ဒီ Channel လေးဟာ သူငယ်ချင်း (၅) ယောက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် လေ့ကျင့်ပေးနေတဲ့ Channel လေးတစ်ခုပဲ ဖြစ်တယ်။ ရေပန်းစားနေတဲ့ တရုတ်ဝေါဟာရတွေ၊ နာမည်ကြီးနေတဲ့ တရုတ်သတင်းတွေ၊ တရုတ်ဘာသာစကားမျိုးကွဲတွေကို နှိုင်းယှဉ်ပြီး အပြန်အလှန်ဆွေးနွေးတဲ့ ပုံစံမျိုးနဲ့ စိတ်ဝင်စားစရာကောင်းအောင် သင်ကြားပေးနေတဲ့ Channel ဖြစ်ပါတယ်။ 

>> https://www.youtube.com/channel/UChtzdESO4SYaxY5sNTdwl3w

၅။ ChinesePodTV 

ChinesePodTV Channel မှာဆိုရင် တရုတ်ဘာသာစကား လေ့ကျင့်ခန်း ဗီဒီယိုပေါင်းများစွာ ရှိပါတယ်။ တရုတ်လူနေမှုအခြေခံဘဝကို အဓိကထား သင်ကြားပေးနေတဲ့ Channel တစ်ခုပါ။ နောက်ပြီး တရုတ်အီဒီယမ်တွေရော စိတ်ဝင်စားစရာကောင်းတဲ့ တရုတ်ယဉ်ကျေးမှုတွေကိုပါ လေ့လာသင်ယူနိုင်မှာ ဖြစ်တာကြောင့် ဗဟုသုတပိုင်းမှာ တရုတ်စာသင်နေသူအချင်းချင်းတောင် အမြဲ ခေါင်းတစ်လုံး သာနိုင်မှာပါ။

>>  https://www.youtube.com/user/ChinesePodTV

၆။ TouchChinese 

တရုတ်ဘာသာစကားကို လေ့လာဖို့ Native လူမျိုးဆရာတစ်ယောက် လိုအပ်တယ်လို့ ယူဆထားတယ်ဆိုရင် TouchChinese က သင့်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ ဆရာတွေကနေ လက်တွေ့ဘဝထဲမှာ သိထားသင့်တဲ့ မတူညီတဲ့ တရုတ်ဘာသာစကား အသုံးအနှုန်းတွေကို သင်ကြားပေးပါတယ်။ အလွန်အသုံးဝင်တဲ့ အခန်းတွင်း သင်ကြားမှုပုံစံတွေနဲ့ သင်ကြားထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ Movies တွေနဲ့ လေ့လာတဲ့အခါမှာလည်း အင်္ဂလိပ်၊ တရုတ်၊ Pinyin စာတန်းထိုးတွေ ပါပြီး ပေါ့ပေါ့ပါးပါး အလွယ်မှတ်နိုင်တဲ့နည်းနဲ့ သင်ကြားနေတာဆိုတော့ လေ့လာကြည့်ဖို့ တိုက်တွန်းအပ်ပါတယ်။

>>  https://www.youtube.com/user/touchchinese

၇။ Learn Chinese Now 

တရုတ်လူမျိုးတွေကိုယ်တိုင် ကြည့်ရှုဖို့ တိုက်တွန်းခံရတဲ့ YouTube Channel လေးတစ်ခုပါနော်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားသားတစ်ယောက်က တရုတ်ဘာသာစကား လေ့လာတဲ့အချိန်မှာ ရခဲ့တဲ့ အတွေ့အကြုံတွေကို ဝေမျှပေးနေတာကြောင့်ပါပဲ။ ဘယ်ဘာသာစကားမဆို နိုင်ငံသားလူမျိုးဆရာနဲ့ သင်တာက ပိုပြီး ထိရောက်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့်  လူမျိုးခြားဆရာ Ben ဟာ တရုတ်ဘာသာစကားကို ရေရေလည်လည် ကျွမ်းကျင်တဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်၊။ သူ့သင်ခန်းစာတွေမှာဆို တရုတ်ရုပ်ရှင်ကားမျိုးစုံရဲ့ ဟာသတွေ၊ တရုတ်ခရီးသွားဝေါဟာရ အသုံးအနှုန်းတွေ၊ စီးပွားရေး အသုံးအနှုန်းတွေ၊ နေ့စွဲအသုံးအနှုန်းတွေကို သင်ကြားပေးနေတာဖြစ်ပါတယ်။

>>  https://www.youtube.com/user/learnchinesenow

၈။ Happy Chinese 

လူဆိုတာက စာပဲသင်မယ်ဆိုရင် သိပ်စိတ်ဝင်စားတာ မဟုတ်ဘူးလေ။ အခုလို ရယ်စရာ၊ ရွှင်စရာလေးနဲ့ဆိုတော့ ဦးနှောက်က ပိုမှတ်မိလွယ်တာပေါ့။ ဒါကြောင့် အင်္ဂလိပ်ရော၊ တရုတ် စာတန်းထိုးပါ ပါတဲ့ တီဗီစီးရီး Channel တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

ဒီတီဗီစီးရီးလေးဟာ တရုတ်ဘာသာစကား (Advanced Level ) သမားတွေအတွက် ရည်ရွယ်ထားပါတယ်။ အခြေခံသမားများတွေလည်း ငါနဲ့ မဆိုင်ဘူးဆိုပြီး မတွေးပါနဲ့။ စာတန်းထိုးပါတာကြောင့် ဒီတီဗီစီးရီးတွေကနေ တရုတ်ဘာသာစကားနဲ့ ပတ်သက်ပြီး ဗဟုသုတရစရာတွေကို ရွေးချယ်ထုတ်ယူ လေ့လာနိုင်ပါတယ်။ စီးရီးထဲမှာဆိုရင် ပြောင်လှောင်ထားတဲ့ ဝေါဟာရလေးတွေ၊ Phrasal Verb တွေ၊ အခြေခံသမားတွေအတွက် သဒ္ဒါနည်းစနစ်တွေကို လေ့လာနိုင်မှာပဲ ဖြစ်တယ်။

>> https://www.youtube.com/watch?v=XIWFv4mkJGE

အထက်မှာ ဖော်ပြထားတဲ့ Youtube Channel (၈) ခုဟာ တရုတ်ဘာသာစကား လေ့လာသင်ယူနေသူတွေ Subscribe လုပ်ပြီး ကြည့်ပေးသင့်တဲ့ Channel တွေ ဖြစ်ပါတယ်။ အသုံးဝင်တယ်ထင်ရင် အခြားသူတွေပါ သိအောင် လက်ဆင့်ကမ်းပေးလိုက်ကြဦးနော်။ 

Source From MyanLearn

⇐ Previous Next

Read 1305 times