Things To Do

How to save money salary

How to save money salary

လစာထုတ်ရက်ပြီး ၅ ရက်လောက်ဆိုတာနဲ့ လူငယ်တွေဟာ လက်ထဲ ပိုက်ဆံပြတ်ကုန်ကြပါတယ်။ ဒါကြောင့် လက်ထဲလစာ ရပြီဆိုတာနဲ့ လစာကို ဘယ်လိုစုဆောင်းသင့်လည်း ဘယ်လိုတွေချွေတာ သင့်လည်းဆိုတာလေးတွေ ပြောပြချင်ပါတယ်။

လစဉ် အသုံးစရိတ်တစ်ခုကို သတ်မှတ်ပါ။

ပိုက်ဆံစုတာက ကောင်းတဲ့အလေ့အကျင့် တစ်ခုပါပဲ။ လစာဟာ သင့်လက်ထဲမှာရပြီဆိုရင် ချက်ချင်း သရေပင် ဖြုတ်ပြီး မသုံးပစ်ပါနဲ့ ။ လစာကနေ့တိုင်း ရနေတာမဟုတ်ပါဘူး။ ဒါကြောင့် စားသင့်တာထက်ပို မစားပါနဲ့။ စားသောက်ဆိုင် ထိုင်မယ်ဆို စားနိုင်သလောက်ပဲ မှာစားပါ။ တစ်ပတ်ကို ကိုယ်သုံးမယ့် Amount ကိုသတ်မှတ်ထားပါ ။ 

Effective Ways Of saving a Few Extra Bucks - MakeitPossibleProject

လစဉ် အသုံးစရိတ်ကို လျော့ချပါ။

ရုံးသွားရုံးပြန် Ferry မရှိသူများ အနေနဲ့ ဘတ်စ်ကားကို အသုံးပြုပါ။အွန်လိုင်းမှ ပစ္စည်းများကို မလိုအပ်ပဲမမှာယူပါနဲ့။အွန်လိုင်းကမှာတဲ့အခါ ပစ္စည်း ပို့ခပါ ထပ်ကုန်ပါတယ်။ ဖြစ်နိုင်ရင် ဆိုင်မှာဝယ်လို့ရတဲ့ ပစ္စည်းတွေ ဝယ်ပါ။ လစဉ် မီတာဘေလ် ကုန်ကျစရိတ်နည်းအောင် မီးခလုတ်များ အဲ့ယားကွန်းများ ကိုမလိုအပ်ပဲ မဖွင့်ပါနဲ့။

အပြင်က အစားအသောက်တွေ ဝယ်စားတဲ့အခါ အလွန်အကျွံ မမှာပါနဲ့။ မိန်းကလေးတွေ အနေနဲ့ အလှအပ ပြုပြင်ရေးစရိတ်များကို မိမိ သတ်မှတ်ထားတဲ့ တပတ်စာ ဘတ်ဂျက်နဲ့ လွုလောက်သလောက်သာ ဝယ်ပါ။ ယောက်ျားလေးတွေ အနေနဲ့လည်း အရက်၊ ဆေးလိပ်ဖိုးတွေကို လျော့သောက်ကြပါ ။ မိမိပိုက်ဆံကိုချွေတာရာ ရောက်သလို ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ 

ပိုက်ဆံမချေးပါနဲ့။

သင့်လက်ကျန် အကြွေးတွေ မကြေခင်မှာ ထပ်ချေးဖို့ကို မစဉ်စားပါနဲ့ ။အကြွေးကို အရင်ကြေအောင် ဆပ်ဖို့ ကြိုးစားပါ။အတိုးတွေနဲ့ အကြွေး ထောင်ချောက်ထဲ မရောက်ပါစေနဲ့။ အကြွေးမရှိသူများ အနေနဲ့လည်း အကြွေးအတင်ခံဖို့ မကြိုးစားပါနဲ့။သင့်မှာ အရေးတကြီး သုံးစရာမလိုပဲ အကြွေးမယူပါနဲ့။ 

25 Ideas For How To Save Money Each Month | Clever Girl Finance

သင်ရဲ့ လစာတိုးခြင်း ၊ ရတဲ့ဘောနပ်စ်တွေကို စုဆောင်းပါ။

ဒီလမှာ သင်ဟာ လစာတိုးပြီဆိုပြီး အသုံးစရိတ်ကို မမြှင့်လိုက်ပါနဲ့၊ လစာအပိုတွေ ဘောနပ်စ်တွေကို စုဆောင်းပါ။ အပိုစုဆောင်းငွေတွေများလာတဲ့ အခါမှာ တန်ဖိုးကြီးတဲ့ ရွှေ၊ငွေ တစ်ခုခုကို မိမိကိုယ်ကို ပြန်ဆုချပါ။

ဖျော်ဖြေရေးနဲ့ အပျော်အပါး အတွက်သုံးစွဲမူကို လျော့ချပါ။

စိတ်အပန်းဖြေဖို့ လုပ်စရာတွေ အများကြီးရှိပါတယ်။ တစ်ပတ်တစ်ခါ စိတ်ဖျော်ဖြေရေး သွားမယ့်အစား မိသားစု သူငယ်ချင်းတွေနဲ့ တခြားပျော်စရာတစ်ခုခု ကို လုပ်လိုက်ပါ ။

7 Surprisingly Simple Ways to Save Money - ABC News

Target တခုထားပါ။

ဒီလမှာ ဘယ်လောက် စုနိုင်ရမယ်ဆိုတဲ့ Target တစ်ခုထားပါ။ ဘယ်လောက် အသုံးစရိတ်ပိုလျော့နိုင်လဲ။ ဘယ်လောက်ပို စုနိုင်လဲ ဆိုတာ ကို သတ်မှတ်ထားနိုင်ရင် သင့်ပိုက်ဆံစုမိမှာပါ။

⇐ Previous Next

Read 1013 times