Things To Do

Barcode that you see every day but don't notice

Barcode that you see every day but don't notice

ဒီနေ့ ခေတ်မှာ Barcode ကို လူတိုင်း သိပြီးသားဖြစ်မှာပါ။ Supermarket တွေ Store ဆိုင်တွေမှာ ဈေးဝယ်ရင် Barcode အသုံးပြုတာတွေ့ရသလို ကုန်ပစ္စည်း တော်တော်များများမှာလည်း Barcode တွေပါကြပါတယ်။ Barcode ကို ဈေးဝယ် Centre တွေ အပြင် ကျောင်းတွေ ဆေးရုံတွေ ကစားကွင်းတွေ စတဲ့ နေရာတွေမှာလည်း အသုံးပြုတာကို မြင်ဖူးကြမှာပါ။

Barcode တွေမှာ ဒေါင်လိုက်မျဉ်းတွေ ကဏာန်းတွေနဲ့ အက္ခရာတွေကို ပါဝင်ပါတယ်။ Barcode မှာ ပါတဲ့ ဒေါင်လိုက်မျဉ်းတွေရဲ့ အကျဉ်းအကျယ် တွေက သူ့မှာပါတဲ့ Data တွေကို ကိုယ်စားပြုပါတယ်။ အဲ့ဒီ့မျဉ်းတွေကို Optical Scanner လို့ခေါ်တဲ့ Barcode Reader တွေနဲ့ ဖတ်ရှုနိုင်သလို အထူးပြုလုပ်ထားတဲ့ Software/ Application တွေနဲ့လည်း Scan ဖတ်ပြီးအသုံးပြုနိုင်ပါတယ်။

China 1d Laser Handheld Wireless Automatically Continuous Barcode Scanner -  China Barcode Scanner and Handheld Barcode Scanner price

Barcode တွေက ပုံမှန်အားဖြင့် တစ်ဖက်မြင် Barcode  (1D Barcode)နဲ့ နှစ်ဖက်မြင် Barcode (2D Barcode) ဆိုပြီး (၂) မျိုးရှိပါတယ်။ တစ်ဖက်မြင် Barcode တွေမှာ အချက်အလက်တွေကို ဒေါင်လိုက်လိုင်းတွေအဖြစ် နေရာလွတ်ခြားပြီးချထားတာမျိုးပါ။ နှစ်ဖက်မြင် Barcode တွေကတော့ လေးဒေါင့်ပုံ၊ အစက်ပုံ၊ ခြောက်ဒေါင့်ပုံနဲ့ အခြားဂျော်မထရီ ပုံစံရုပ်ပုံတွေ အဖြစ်လည်း ရှိတတ်ပါတယ်။ 

တစ်ဖက်မြင် Barcode တွေက UPC Barcode၊ Code 39 Barcode၊ Code 128 Barcode၊ Code 93 Barcode၊ ITF 14 Barcode၊ I2of5 (Interleaved 2 of 5) Barcodeနဲ့ မဂ္ဂဇင်း Barcode တို့ဖြစ်ပြီး နှစ်ဖက်မြင် Barcode တွေကတော့ ဒေတာမက်ထရစ် Barcode၊ QR Codeနဲ့ PDF417 Barcode တို့ဖြစ်ပါတယ်။

တစ်ဖက်မြင် Barcode တွေကို လက်ရှိအချိန်တွေအထိ အသုံးပြုနေကြတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်မြင် Barcode ကတော့ အချက်အလက်တွေကို နေရာအရမ်းမယူဘဲ အများကြီးသိမ်းဆည်းနိုင်တာကြောင့် နောက်ပိုင်းမှာ ပိုသုံးလာကြပါတယ်။

MSI Barcode (Modified Plessey Barcode)

Barcode ကို 1951 မှာ Norman Joseph Woodland and Bernard Silver တို့ က တီထွင်ခဲ့ပါတယ်။ 1970 မှာ National Association of Food Chains (NAFC) က US မှာ ရှိတဲ့ Supermarket တွေ အတွက် Universal Product Code သတ်မှတ်နိုင်ရေးအတွက် ကော်မတီတစ်ခုဖွဲ့စည်းခဲ့ပါတယ်။  1974 မှာ Universal Product Code ကို Public ကို စတင်မိတ်ဆတ်ခဲ့ပြီး Troy၊ Ohio မှာရှိတဲ့ Supermarket တစ်ခုမှာ စတင်အသုံးပြုခဲ့ပါတယ်။ 

Barcode မှာ Quiet Zone လို့ခေါ်တဲ့ margin နေရာလွတ်တွေ Barcode သင်္ကေတတွေပါဝင်ပါတယ်။တစ်နေရာနဲ့ တစ်နေရာ လုပ်ငန်းတစ်ခုနဲ့တစ်ခု Barcode အသုံးပြုပုံတွေ မတူညီကြပါဘူး။ တစ်ချို့ လုပ်ငန်းကြီးတွေကတော့ ပိုများတဲ့ ပိုရှည်တဲ့ barcode တွေကိုသုံးကြပါတယ်။

Barcode မှာ ပါတဲ့ နံပါတ်တစ်ခုချင်းစီက လည်း အဓိပ္ပယ်ရှိကြပါတယ်။ ( ဥပမာ − 0 (Zero) နဲ့ စရင် UPC Number ကို ဆိုလိုပါတယ်။ 1 နဲ့ စရင် အလေးချိန်နဲ့ ရောင်းတဲ့ ပစ္စည်း ကို ဆိုလိုပါတယ်။ 3 နဲ့ စရင် ဆေးဝါးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းလို့ သိကြပါတယ်။ )

Barcode သင်္ကေတ မှာ အဓိကအားဖြင့် ( ၂ ) ပိုင်းရှိပါတယ်။

၁။ Discrete

၂။ Continuous

XB-2055 Industrial 1D High Sensitivity Laser Barcode Scanner User Guide -  Varius Technology - Singapore

Discrete barcode ဆိုတာ ကဏန်းတစ်လုံး သို့ စာသား တစ်လုံးချင်းစီ ကို Space တွေနဲ့ခြားထားပါတယ်။ Discrete Barcode မှာ Character တစ်ခုချင်းစီက separate ခွဲခြားထားပြီး သူတို့ကို scan ဖတ်ရင်လည်း Char တစ်ခုချင်းစီကို interpret လုပ်ပါတယ်။

Continuous Barcode ဆိုတာ ကဏာန်း သို့ စာသား တစ်ခုချင်း ကို တိကျ သေချာစွာ မခြားထားပါဘူး။ Continuous Barcode ကို Scan ဖတ်တဲ့ အခါ Character တွေကို ခွဲဖတ်လို့မရပဲ အားလုံးတစ်တန်းတည်း အတူတူဖတ်ရတာဖြစ်ပါတယ်။

Discrete Barcode တွေက ရှင်းလင်းပြတ်သားပြီး Scan ဖတ်ရတာလွယ်ကူပါတယ်။ Quality သိပ်မကောင်းတဲ့ printer တွေနဲ့ ထုတ်ရင်တောင် ဖတ်လို့ရနိုင်ပါတယ်။ သို့ပေမယ့် space တွေပိုပါတဲ့ အတွက် စာရွက်တော့ပိုကုန်နိုင်ပါတယ်။

Drawing (Barcode) custom labels .. !! | More Coding

Continuous Barcode ကတော့ နေရာစားသက်သာတယ်။ ဒါပေမယ့် Discrete လောက်တော့ ရှင်းလင်းပြတ်သတ်မှု သိပ်မရှိပါဘူး။ Barcode တွေကလည်း ပုံစံအမျိုးမျိုးရှိပါတယ်။ အဲ့ဒီ့ထဲက အချို့ ကတော့

UPC (Universal Product Code)

UPC Barcode ကို US နဲ့ Canada မှာ အများဆုံးအသုံးပြုပါတယ်။ သူ့မှာ Country Code မပါပါဘူး။ သူ့မှာ 12 digit ပါပါတယ်။ ပထမ ကဏာန်း ၆ လုံးက ကုန်ပစ္စည်းထုတ်လုပ်သူကို ရည်ညွှန်းပြီး နောက် ၅ လုံးက ကုန်ပစ္စည်းရဲ့ number ကို ကိုယ်စားပြုပါတယ်။ နောက်ဆုံးအလုံးကတော့ Check Digit လို့ခေါ်ပါတယ်။

EAN (European Article Number)

EAN ကလည်း UPC ပေါ်မှာပဲ အခြေခံထားပြီး ဥရောပ Standard ဖြစ်ပြီး တစ်ကမ္ဘာလုံး အသုံးများပါတယ်။ EAN13 မှာ ကဏာန်း 13 လုံးပါပြီး EAN8 မှာ ကဏာန်း 8 လုံးပါပါတယ်။ EAN မှာ အပိုင်း ( ၃ ) ပိုင်းပါဝင်ပြီး နောက်ဆုံးမှာ Check Digit ပါဝင်ပါတယ်။ 

ပထမ အပိုင်းက Country Code ပါ။ ဒုတိယ အပိုင်းမှာ ထုတ်လုပ်သူ ရဲ့ Code ပါဝင်ပြီး တတိယအပိုင်းမှာ ကုန်ပစ္စည်းရဲ့ Code No ပါဝင်ပါတယ်။ နောက်ဆုံးမှာတော့ Check Digit ပါ။ EAN မှာ ရှေ့ ဆုံး အပိုင်းက ထုတ်လုပ်တဲ့ နိုင်ငံရဲ့ Code ဖြစ်ပါတယ်။ ( ဥပမာ - 49 ဆိုလျင် Japan ဖြစ်ပြီး 883 ဆိုလျင် Myanmar ပါ။ )

Code 39

Code 39 ကတော့ ပထမဆုံး အက္ခရာတွေ စအသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။ Code 39 မှာ A-Z letter တွေ 0-9 number တွေ Space နဲ့ Special Character (− . $ / + %) တွေပါဝင်ပါတယ်။

Code 128

Code 128 ကတော့ Continuous ASCII code 0 – 127 code တွေပါဝင်ပါတယ်။ Code 128 မှာ Character တစ်လုံးက 3 bar and 3 space ကို ကိုယ်စားပြုပါတယ်။ Code 128 က EAN လို Checksum နဲ့ မဆုံးပဲ Stop Code နဲ့ဆုံးပါတယ်။

⇐ Previous Next

Read 1031 times