Food & Drink

Beauty in the Pot with up to 30% discount on every order

Beauty in the Pot with up to 30% discount on every order

မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ လူကြိုက်အများဆုံး Collagen Soup Base Hot Pot ကို ရောင်းချပေးနေတဲ့ Beauty In The Pot ဟာ ကိုဗစ်ကာလအတွင်း ပါဆယ်စနစ်နဲ့ လာရောက်ဝယ်ယူတဲ့ စားသုံးသူတိုင်းကို အမိုက်စား ပရိုမိုးရှင်းတွေ ပေးနေပါတယ်နော်။ 

 

ပရိုမိုးရှင်း အကြောင်းလေး မပြောပြခင် Collagen Broth ဆိုတာကို သိပ်မရှင်းသေးတဲ့ စားသုံးသူများအတွက် ဗဟုသုတ ရစရာ အနည်းငယ်ကို အရင်ဆုံး ပြောပြပေးလိုက်ချင်ပါတယ်။ 

 

Collagen Broth ဆိုတာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အဟာရဓာတ်တွေကို အရည်တစ်ခုထဲမှာ ပေါင်းဆုံစေတဲ့ ကျန်းမာရေးဓာတ်စာ တစ်မျိုးပါပဲ။ Beauty in the Pot ရဲ့ Collagen Broth မှာဆိုရင် Shimeji Mushroom, Red Date (ဇီးသီးနီ) နဲ့ Goji Berry စတာတွေ ပါဝင်ပါတယ်။ 

 

Shimeji Mushroom က သွေးတွင်းမှာ ပါဝင်တဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကင်ဆာ ဖြစ်ပွားနိုင်ချေကိုလည်း လျော့နည်းစေသလို ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ 

 

Red Date ဆိုတဲ့ ဆီးသီးနီကတော့ Vitamin A, B1, B2, Protein, Calcium, Phosphorous, Iron နဲ့ Magnesium စတဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။ 

 

Goji Berry ကတော့ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့နည်း သက်သာစေတဲ့အပြင် အသားအရေ လှပစေပြီး ကိုယ်ခံအားအတွက်လည်း အင်မတန်ကောင်းမွန်တဲ့ သဘာဝဓာတ်စာ တစ်မျိုးပါပဲ။ 

 

ဒီလိုအာဟာရဓာတ်တွေ အားလုံးကို Beauty In the Pot ရဲ့ Collagen Broth တစ်ခုထဲမှာ အကုန် ပေါင်းစပ် ထည့်သွင်းထားတာမို့ “ အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့အတိုင်း လူကြီးလူငယ်မရွေး သောက်သုံးနိုင်တဲ့ အဟာရပြည့် သဘာဝဆေးတစ်မျိုးပါပဲ။ 

 

Beauty in the Pot ရဲ့ Collagen Broth အကြောင်း အနည်းငယ်ကို ပြောပြပြီးပြီဆိုတော့ အခု သူ့ဆိုင်မှာ ပေးနေတဲ့ ပရိုမိုးရှင်းလေးအကြောင်းကို ဆက်ပြောပြချင်ပါတယ်။ ဒါကတော့ မနက် (၁၁) နာရီကနေ ည (၈) နာရီအတွင်း မိမိကြိုက်နှစ်သက်ရာ Food Ingredients တွေကို ဝယ်ယူတဲ့ Customerတိုင်းကို ၃၀% Discount ပေးနေတာပဲ ဖြစ်ပါတယ်။

 

Discount တွေကိုတော့ Beauty in the Pot ရဲ့ ဆိုင်ခွဲ (၂) ခုလုံးမှာ ရရှိနိုင်ပြီး ဆိုင်ကို လာရောက်မှာယူတဲ့ Takeaway Order အတွက်ရော၊ Food Delivery တွေကနေ မှာယူကြမယ့် Customer တွေပါ ဒီပရိုမိုးရှင်းကို ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Daily Promotion Item တွေနဲ့လည်း ၃၀% Discount ကို ပေါင်းစပ် ခံစားနိုင်မှာပါ။ 

 

ဒီပရိုမိုးရှင်းက Food Ingredient သီးသန့် ပေးထားပြီး Soup နဲ့ Beverages တွေတော့ Discount ထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။ Takeaway Order တွေအပြင် 

  • SS Food Delivery, 
  • Food Panda, 
  • Food2U, 
  • Grab Food, 
  • Food Mall နဲ့
  • Hi-So Mall 

စတဲ့ Delivery Service များကနေတစ်ဆင့် မှာယူနိုင်ပြီးတော့ ပရိုမိုးရှင်းလေးကိုတော့ အောက်တိုဘာလ (၇) ရက်နေ့အထိ ခံစားနိုင်မှာ ဖြစ်ပါတယ်နော်။ 

 

ဆိုင်ဖွင့်ချိန်တွေကတော့ မနက် (၁၁) နာရီကနေ ည (၉) နာရီအထိ ဖြစ်ပြီးတော့ Takeaway မှာယူနိုင်မယ့် Menu တွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

>> https://bit.ly/2YwttqK 

 

ဆိုင်လိပ်စာများ

 

ဆိုင်ခွဲ (၁) ဆရာစံ - အမှတ် ၄၂ (A)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09 252 221 177, 09 252 221 188

 

ဆိုင်ခွဲ (၂) ပြည်ထောင်စု - အမှတ် (၃၃)၊ ပြည်ထောင်စု ရိပ်သာလမ်းနှင့် ခရေပင်လမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်း - 09 676 200 240, 09 676 200 241

 

ကဲ ပရိုမိုးရှင်းအကြောင်းလည်း အပြည့်အစုံ သိရပြီဆိုတော့ ကိုယ်နဲ့စိတ်တူ ကိုယ်တူ အကြိုက်တူတဲ့ ကိုယ့်သူငယ်ချင်းတွေကိုလည်း ဟော့ပေါ့စားဖို့ လက်တို့လိုက်ပါဦး။ 

 

⇐ Previous Next

Read 1354 times