Things To Do

Behaviors that can go awry due to being late for bed

Behaviors that can go awry due to being late for bed

လူအများစုဟာ အိပ်ရာဝင်ချိန်နောက်ကျတတ်တာကြောင့် အိပ်ရာထခါစမှာ ခက်ခဲပြီး ကမန်းကတန်း ပြင်ဆင်ရတဲ့အတွက် အပြုအမူအမှားတွေကို အမှတ်မထင် ပြုလုပ်မိကြပါတယ်။ ဒါဟာ အသက်ငယ်ရွယ်တုန်းမှာ မသိသာပေမယ့် အသက်ရွယ်ရလာတာနဲ့အမျှ ထိခိုက်လာမှာပါ။

၁။ ပြန်အိပ်နေခြင်း

အိပ်ရာမှ နိုးခါစမှာ ၁၅ မိနစ်လောက် ပြန်နှပ်နေတာက သင့်ကို တစ်နေ့တာလုံးအတွက် စွမ်းအင်တွေ ပေးနိုင်မှာ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို နေ့စဉ် တူညီအောင် ထားမှသာ အနားကောင်းကောင်းရမှာပါ။

သင့်အိပ်ခန်းထဲက ပြတင်းပေါက်တွေကို ပိတ်သားခန်းဆီးတွေနဲ့ အမှောင်ချပြီး အိပ်နေတဲ့အတွက် မနက် အိပ်ရာထခါစမှာ နေရောင်ခြည်ရရှိမှာ မဟုတ်တော့ပါဘူး။ နေရောင်ခြည်က သင့်ခန္ဓာကိုယ် ဇီဝနာရီအတွက် အသုံးဝင်ပါတယ်။ 

အိပ်စက်မှု ကောင်းစေပြီး ရောဂါပိုးနဲ့ ရောင်ရမ်းမှုကို တွန်းလှန်နိုင်ပါတယ်။ အိမ်ပြင်ထွက်ပြီး နေရောင်ခြည်ကို ရရှိအောင် ယူတာကြောင့် ခန္ဓာကိုယ်အတွင်း ဗီတာမင် ဒီ ထုတ်လုပ်နိုင်တာ၊ တွေးခေါ်မြော်မြင်မှု အားကောင်းနိုင်တာတွေအပြင် ပျော်ရွှင်မှုပါ ရရှိနိုင်ပါတယ်။

Late bedtimes could lead to weight gain | Berkeley News

၂။ အိပ်ရာမှ အမြန်ထခြင်း

လှဲအိပ်နေရာကနေ မတ်တတ်ထရပ်လိုက်ရင် ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့် သွေးတွေက ခြေထောက်ဆီကို အမြန် ရောက်ရှိသွားတဲ့အတွက် သွေးဖိအား ရုတ်တရက် ကျဆင်းသွားပြီး ခေါင်းမူးနိုင်ပါတယ်။ သတိလစ်သွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ 

အိပ်ရာထခါစမှာ ခုတင်ပေါ် ခေတ္တခဏထိုင်ပြီး ခုတင်စွန်းဘက်ကို ရွေ့ကာ ခဏလောက် စောင့်ဆိုင်းပြီးမှ ထရပ်လိုက်ပါ။ ဒီလိုလုပ်တာကြောင့် လိမ့်မကျအောင်လည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၃။ လေ့ကျင့်ခန်းမလုပ်ခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်တာက အိပ်တာ၊ ကိုယ်အလေးချိန်ထိန်းတာ၊ နှလုံးကျန်းမာရေးနဲ့ စိတ်အခြေအနေအတွက် လွန်စွာ အကျိုး ရှိပါတယ်။ လေ့ကျင့်ခန်းကို မနက် အိပ်ရာထမှာ ပြုလုပ်တာက အကောင်းဆုံးပါ။ လေ့ကျင့်ခန်းလုပ်တာကြောင့် တစ်နေ့ တာလုံး စားမယ့်အစားအစာတွေကိုလည်း ထိန်းချုပ်ဖို့ လွယ်ကူသွားနိုင်ပါတယ်။

၄။ သွားကျန်းမာရေးအတွက် မေ့လျော့ခြင်း

ညစဉ်ညတိုင်း သင့်သွားတွေမှာ စေးကပ်နေတဲ့ သွားချေးဖတ်လေးတွေ ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့် မနက်အိပ်ရာထခါစမှာ သွားမတိုက်ခဲ့ရင် သန့်စင်ဖို့ အလွန်ခက်ခဲတဲ့ သွားချေးချိုးတွေ ဖြစ်သွားနိုင်ပါတယ်။ သွားချေးချိုးတွေက သွားမှာ တာရှည်ရှိနေခဲ့ရင် သွားဖုံးရောင်တာ၊ သွားဖုံးသွေးယိုတာ၊ ခံတွင်းအနံ့ဆိုးထွက်တာ၊ သွားပိုးပေါက်ဖြစ်တာလိုမျိုး ပြဿနာတွေဖြစ်လာတတ်ပါတယ်။

12,533 Sleeping Late Stock Photos, Pictures & Royalty-Free Images - iStock

၅။ ကော်ဖီမသောက်မိခြင်း

သင်ဟာ မနက်အိပ်ရာထခါစမှာ ပုံမှန်ကော်ဖီသောက်တတ်သူဖြစ်နေရင် ကော်ဖီ မသောက်မိတဲ့ ရက်တွေမှာ ငိုက်မျဉ်းနေတတ်ပါတယ်။ 

အလုပ်ထဲကို အာရုံစူးစိုက်ဖို့ ခက်ခဲနေတာ၊ ခေါင်းကိုက်နေတာ၊ ပျို့တာ၊ တုပ်ကွေးလို လက္ခဏာတွေ ဖြစ်တာနဲ့အတူ အလွန်အမင်း ပင်ပန်းနေတာတောင် ဖြစ်နေတတ်ပါတယ်။ အကယ်၍ သင်က ကော်ဖီဖြတ်ချင်သူဖြစ်ရင် ဖြည်းဖြည်းချင်းသာ ဖြတ်ပါ။

ကော်ဖီက အက်စစ်ဓာတ် ဖြစ်ပါတယ်။ အက်စစ်ပါဝင်တဲ့အစားအစာ ဒါမှမဟုတ် အရည်သောက်ပြီးပြီးချင်း သွားမတိုက်သင့်ပါဘူး။ မနက်အိပ်ရာထခါစ ရှောက်ရည်တစ်ခွက်သောက်ပြီးရင်လည်း သွားမတိုက်သင့်ပါဘူး။ 

အက်စစ်က သွားရဲ့ ကြွေလွှာကို အားပျော့ စေတာကြောင့် အက်စစ်ပါဝင်တဲ့အစာစားပြီးပြီး သွားတိုက်တာက သွားကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။ အက်စစ်ပါဝင်တဲ့အစာစားပြီး နာရီဝက်၊ တစ်နာရီလောက် စောင့်ပြီးမှသာ သွားတိုက်သင့်ပါတယ်။

The Link Between Oversleeping and Depression – Cleveland Clinic

၆။ နံနက်စာ မစားခြင်း

မနက်စာကို ပုံမှန်စားသုံးသူတွေက တွေးခေါ် မြော်မြင်အားကောင်းပြီး ခန္ဓာကိုယ်အဆီလျော့နည်းကာ အမျိုးအစား (၂) ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေ လျော့ကျသွားနိုင်ပါတယ်။

၇။ အချိုစာ စားလွန်းခြင်း

ဒိုးနပ်နဲ့ ကိတ်မုန့်လိုမျိုး ဂျုံ့ဖြူကနေ ပြုလုပ်ထားတဲ့အစားအစာတွေက အာဟာရ ပါဝင်မှုနည်းပြီး သွေးထဲကို သကြားဓာတ်တွေ အလွန်လျင်မြန်စွာ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် စိတ်တိုတာ၊ မောပန်းတာနဲ့ မကြာခဏ ဆာလောင်တာတွေ ဖြစ် လာပါတယ်။

ကြက်ဥလိုမျိုး ပရိုတင်းပါဝင်တဲ့အစားအစာ၊ အမျှင်ဓာတ်နဲ့ အာဟာရ ဓာတ်တွေ များစွာ ပါဝင်တဲ့ ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ သစ်သီးတွေကို စားသုံးတာက အချိန်ကြာမြင့်စွာ ဗိုက်ပြည့်တင်းမှုရရှိစေတဲ့အပြင် စွမ်းအင်ကို ဖြည်းဖြည်းနဲ့မှန်မှန် ရရှိစေနိုင်ပါတယ်။

⇐ Previous Next

Read 1189 times