Things To Do

Birth Months Flowers

Birth Months Flowers

မတူညီတဲ့ မွေးလ၊ မွေးရက်၊ ရာသီခွင်တွေကို လိုက်ပြီး လူတွေရဲ့ စိတ်နေသဘောထားတွေဟာ မတူညီကြသလို မွေးလ (၁၂) လကို လိုက်ပြီး ကိုယ်စားပြုထားတဲ့ ပန်းတွေကလည်း မတူညီကြပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ မွေးလအလိုက် ကိုယ်စားပြုတဲ့ ပန်းလေးတွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ စိတ်နေစိတ်ထားဘယ်လိုရှိလဲ သိရအောင် မျှဝေပေးလိုက်ပါတယ်။

January

Carnation Meaning and Symbolism | Bouqs Blog

January လဖွားတွေကို ကိုယ်စားပြုတဲ့ ပန်းကတော့ Carnation ပန်းပဲဖြစ်ပါတယ်။ မြန်မာလို ကာနေရှင်းလို့ အလွယ်ခေါ်ကြသလို တချို့က ဇော်မွှားပန်းလို့လည်း ခေါ်ကြပါတယ်။ ဒီပန်းရဲ့ ကိုယ်စားပြုခြင်းကို ခံရတဲ့သူတွေဟာ လေးစားရိုသေခြင်း၊ အချစ်နဲ့ ထူးခြားပေါ်လွင်ခြင်းတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ နောက်ပြီး January လဖွားတွေဟာ ရိုးရှင်းမှုနဲ့ လှပတင့်တယ်မှုရှိတဲ့ သူတွေလည်း ဖြစ်ပါတယ်။ 

February

February လတွေကို ကိုယ်စားပြုတဲ့ ပန်းက Violet လို့ခေါ်တဲ့ သစ်ခွနဲ့ ခပ်ဆင်ဆင်တူတဲ့ ခရမ်းပြာရောင်ပန်းပဲဖြစ်ပါတယ်။ ဒီပန်းရဲ့ အဓိပ္ပါယ်က အရှက်အကြောက်တရားရှိခြင်း၊ သစ္စာရှိခြင်းနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်ခြင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ February လဖွားတွေဟာ စစ်မှန်မှု၊ သစ္စာတရားကို တန်ဖိုးထားမှု၊ အတွေးအခေါ်ကောင်းမွန်မှုနဲ့ အမှီအခိုကင်းကင်း ရပ်တည်နိုင်သူတွေ ဖြစ်ကြပါတယ်။

March

No photo description available.

March လဖွားတွေကတော့ Narcissus ပန်းအနွယ်ဝင်ဖြစ်တဲ့ နွေဦးပန်းလေး Daffodil တွေရဲ့ ကိုယ်စားပြုခြင်းကို ခံရသူတွေပါ။ ဒီပန်းလေးရဲ့ အဓိပ္ပါယ်ကတော့ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ မတူတဲ့ ချစ်ခြင်းဖြစ်ပြီး တစ်သက်မှာ တစ်ခါပဲ ချစ်တတ်တဲ့ အချစ်တွေကို ကိုယ်စားပြုနေပါတယ်။ ဒီလမှာ မွေးဖွားသူတွေဟာ အရမ်းကို ထူးခြားတဲ့အချစ်နဲ့ ချစ်တတ်တဲ့ အချစ်ကြီးသူတွေ ဖြစ်ကြပါတယ်။

April

7 Species of Daisies for Your Flower Garden

April လဖွားတွေရဲ့ ကိုယ်စားပြုပန်းက ဒေစီပန်းလေးတွေဖြစ်ပြီးတော့ ဖြူစင်သန့်ရှင်းခြင်း၊ အချစ်စစ်နဲ့ ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းပါတယ်။ ဒီလမှာ မွေးဖွားသူတွေကတော့ ဘဝရဲ့ ပျော်ရွှင်မှုကို တန်ဖိုးထားပြီး ရိုးရှင်းတဲ့ ချစ်ခြင်းမျိုးကိုသာ လိုချင်ကြသူတွေ ဖြစ်ပါတယ်။

May

Lily Of The Valley Care: Growing Lily Of The Valley Flowers

May လမှာ မွေးဖွားသူတွေရဲ့ ကိုယ်စားပြုပန်းက Lily of the Valley လို့ တင်စားခေါ်ဝေါ်တဲ့ အဖြူရောင်ခေါင်းလောင်းပုံ ပန်းလေးတွေပဲ ဖြစ်ပါတယ်။ ပန်းနတ်သမီးတွေရဲ့ ရေခွက်လေးတွေလို့ တင်စားခံရတဲ့ နှင်းခေါင်းလောင်းပန်းလေးဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်စားပြုခြင်းကို ခံရသူတွေဟာ ချစ်စရာကောင်းခြင်း၊ သိမ်မွေ့နူးညံခြင်းနဲ့ တခြားသူတွေရဲ့ လေးစားအားကျရခြင်းကို ခံရသူတွေပဲ ဖြစ်ပါတယ်။

June

The History and Symbolism of the Timeless Rose | 1800Flowers Petal Talk

June လဖွားတွေရဲ့ ကိုယ်စားပြုပန်းကတော့ နှင်းဆီပဲ ဖြစ်ပါတယ်။ နှင်းဆီတွေက ကြီးမားတဲ့ မေတ္တာသံယောဇာဉ်နဲ့ ချစ်ခြင်းတွေကို ဖော်ပြတဲ့ပန်းဖြစ်ပါတယ်။ ဒီလမှာမွေးဖွားသူတွေက ကိုယ်ပိုင်ဟန်ရှိပြီး၊ ထူးခြားတဲ့ ချစ်ခြင်းနဲ့ စစ်မှန်တဲ့ ခင်မင်မှုကို တန်ဖိုးထားသူတွေ ဖြစ်ပါတယ်။

July

‌Larkspur‌ ‌Flower:‌ ‌How‌ ‌to‌ ‌Care‌ ‌for‌ ‌and‌ ‌Benefit‌ ‌From‌ ‌This‌  ‌Incredible‌ ‌Plant‌

July လဖွားတွေရဲ့ ကိုယ်စားပြုပန်းက Larkspur ဆိုတဲ့ ခရမ်းရောင် ပန်းလေးတွေပဲ ဖြစ်ပါတယ်။ မြန်မာလို စာကလေးပန်းလို့လည်း ခေါ်ပါတယ်။ ဒီပန်းလေးတွေက တည်ငြိမ်မှုနဲ့ ပျော်ရွှင်ခြင်းကို ဖော်ညွှန်းတဲ့ ပန်းဖြစ်ပါတယ်။ ဒီလမှာမွေးဖွားသူတွေက အကောင်းမြင်စိတ်ရှိပြီးတော့ မေတ္တာတရားကို အလေးအနက်ထားသူတွေ ဖြစ်ပါတယ်။

Advertisement

Click Here > First Stop Plastics

August

May be an image of flower

August ဖွားတွေကို ကိုယ်စားပြုတဲ့ပန်းက Gladiolus လို့ခေါ်တဲ့ သစ္စာပန်း ဖြစ်ပါတယ်။ သစ္စာပန်းရဲ့ ပုံပန်းသဏ္ဍာန်က ဓားနဲ့တူပါတယ်။ ဒါကြောင့် August ဖွားတွေဟာ ခိုင်မာပြတ်သားတဲ့ ပုံစံရှိပြီး၊ ဟန်ဆောင်မှုကင်းတဲ့ သူတွေဖြစ်ကြပါတယ်။ လူတွေရဲ့ အသိမှတ်ပြုခြင်းကို ခံရတဲ့သူတွေလည်း ဖြစ်ပါတယ်။ 

September

Aster (genus) - Wikipedia

September လဖွားတွေကို ကိုယ်စားပြုတာကတော့ ဒေစီပန်းနဲ့ ဆင်တဲ့ Aster ပန်းပဲဖြစ်ပါတယ်။ Aster ပန်းလေးကို မြန်မာလိုဆိုရင်တော့ မေမြို့ပန်းလို့ ခေါ်ပါတယ်။ ဒီလမှာ မွေးဖွားတဲ့သူတွေက အရမ်းကို စွမ်းအားပြင်းတဲ့ အချစ်ကို ပိုင်ဆိုင်ပြီး စေတနာထက်သန်ခြင်းနဲ့ အတွေးအခေါ်မြင့်မားသူတွေ ဖြစ်ကြပါတယ်။

October

How to Plant, Grow, and Care For Marigold Flowers

October လမှာ မွေးဖွားသူတွေဟာ Marigold လို့ခေါ်တဲ့ ရွှေဒင်္ဂါးပန်းလေးတွေရဲ့ ကိုယ်စားပြုခြင်းကို ခံရသူတွေပါ။ သူတို့တွေက အလွန်အမင်း ချစ်တတ်ပြီး၊ စိတ်ခံစားချက် ပြင်းထန်ခြင်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။

November

Chrysanthemums: Grow guide, care and tips | House & Garden

November ဖွားတွေရဲ့ ကိုယ်စားပြုပန်းက Chrysanthemum လို့ခေါ်တဲ့ ဂန္ဓာမာပန်းလေးတွေ ဖြစ်ပါတယ်။ နိုဝင်ဘာဖွားတွေဟာ သစ္စာရှိမှု၊ ရိုးသားမှု၊ အတွေးအခေါ်လေးနက်မှုတွေကို ကိုယ်စားပြုထားကြသူတွေပဲ ဖြစ်ပါတယ်။

December

China's Flora Tour: Narcissus – a flower full of myths - CGTN

လတွေရဲ့ နောက်ဆုံးလဖြစ်တဲ့ December တွေကို ကိုယ်စားပြုတဲ့ပန်းက မြန်မာလို ရေနတ်သမီးလို့ခေါ်တဲ့ Narcissus ပန်းပါ။ ဒီပန်းတွေက ဆန္ဒကောင်းမွန်ခြင်း၊ မျှော်လင့်ချက်နဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို ကိုယ်စားပြုနေပါတယ်။ ဒီပန်းက အတ္တကြီးတဲ့အသွင်ကိုလည်း ဖော်ဆောင်ပါတယ်။ ဒီဇင်ဘာဖွားတွေက များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ်သာ ပိုအရေးကြီးတယ်ဆိုပြီး ခံယူတတ်ကြသူတွေပါ။ အတ္တနည်းနည်းကြီးသလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲတတ်ကြသူတွေလည်း ဖြစ်ပါတယ်။

⇐ Previous Next

Read 1472 times