Things To Do

Energy Block Habits Of Zodiac Signs

Energy Block Habits Of Zodiac Signs

ရာသီခွင် (၁၂) ခုစလုံးမှာ လွှမ်းမိုးခံထားရတဲ့ Energy တွေ ရှိပြီးသား ဖြစ်ပါတယ်။ ကိုယ့်ရာသီခွင်ရဲ့ Energy နဲ့ ကိုယ်က လိုက်ဖက်အောင်မနေရင် အဆင်မပြေမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအပြုအမူတွေက ဘယ်ရာသီခွင်ရဲ့ Energy ကို ကျဆင်းစေလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

၁။ ARIES (MARCH 21 – APRIL 19)

Aries တွေက ထက်ထက်မြက်မြက်နဲ့ သွက်သွက်လက်လက် ရှိရပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ အမြဲ ထိုင်းမှိုင်းနေရင် Energy ကျစေပါတယ်။ ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်း လှုပ်ရှားမှုလေးတွေ များများ လုပ်ပေးသင့်ပါတယ်။

၂။ TAURUS (APRIL 20 – MAY 21)

Taurus တွေက များသောအားဖြင့် စိတ်ဓာတ်မာကျောတဲ့ သူတွေပါ။ ဒါကြောင့် သူတို့အနေနဲ့ လွယ်လွယ်နဲ့ မျက်ရည်မကျသင့်ပါဘူး။ စိတ်အခန့်မသင့်တိုင်း ဝမ်းနည်းပြီး ငိုနေတာမျိုးဆိုရင် Energy ကျစေပါတယ်နော်။

၃။ GEMINI (MAY 22 – JUNE 21)

Gemini ဖွားတွေရဲ့ ပင်ကိုယ်စိတ်ကိုက တခြားသူတွေအတွက် နားလည်ရခက်တာမို့ အမြဲ ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတတ်တဲ့သူတွေပါ။ ဒါကြောင့် Gemini ဖြစ်ပြီး ရင်ငုံနှုတ်ပိတ်နေတာတွေ၊ မျိုသိပ်နေတာတွေ များလာရင် Energy ကျတတ်ပါတယ်။ 

၄။ CANCER (JUNE 22 – JULY 22)

Cancer တွေကျတော့ ဆက်ဆံရေးပြေပြစ်ပြီး ဖော်ရွေကြတဲ့သူတွေပါ။ အနားမှာ ဘယ်သူမှ မရှိဘဲ တစ်ယောက်တည်းဆို အဆိုးဘက်တွေ တွေးတတ်ကြလို့ တစ်ယောက်တည်းနေတာမျိုး၊ အထီးကျန်ဆန်နေတာမျိုးဆို အဆင်မပြေပါဘူး။

၅။ LEO (JULY 23 – AUGUST 22)

Leo တွေက သူများထက် ရှေ့ပြေးချင်တဲ့သူတွေ၊ ရဲရင့်ပြတ်သားသူတွေ၊ ဦးဆောင်နိုင်သူတွေ ဖြစ်ကြပါတယ်။ Leo ဖြစ်ပြီး သူများနောက်လိုက်ဘ၀နဲ့ ကျန်နေခဲ့တာမျိုး၊ ပေါ့ပေါ့လေးနေပြီး ရေသာခိုနေတာမျိုးဆို Energy ကျပါတယ်။  

Advertisement

Click Here > Charming Garment MFG Co.Ltd. (Textile)

၆။ VIRGO (AUGUST 23 – SEPTEMBER 22)

Virgo တွေကျတော့ စည်းစနစ်ကြီးတဲ့သူတွေ၊ အသုံးဖြုန်းနည်းတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် Virgo မှန်ရန် မလိုအပ်ပဲ ပစ္စည်းတွေ ဝယ်တာ၊ ဖရိုဖရဲနေတာ၊ အစာရေစာ ဖြုန်းတီးတာမျိုးတွေ မလုပ်ပါနဲ့။

၇။ LIBRA (SEPTEMBER 23 – OCTOBER 22)

Libra ရဲ့ Sign ကိုက ချိန်ခွင်ဆိုတာ အားလုံး သိပြီးသားပါ။ ဒါကြောင့် Libra ရာသီဖွားတွေဆို စကားပြောမမှန်တာမျိုး၊ ဘက်လိုက်တာမျိုး၊ မမျှတတာမျိုးတွေ လုံ၀ မလုပ်သင့်ပါဘူး။

၈။ SCORPIO (OCTOBER 23 – NOVEMBER 22)

Scorpio တွေက ဖြောင့်မတ်တဲ့ စိတ်ထားရှိသူတွေ၊ သစ္စာရှိတဲ့သူတွေ ဖြစ်တာကြောင့် အပျက်စကားတွေပြောတာ၊ ပျာယာခတ်တာတွေက သူ့ရဲ့ Energy နဲ့ မကိုက်ပါဘူး။ 

၉။ SAGITTARIUS (NOVEMBER 23 – DECEMBER 21)

Sagittarius ဆို ငြိမ်ကုပ်နေတာ၊ တစ်နေရာမှာ အထိုင်ချတာ၊ စာအုပ်ကြီးအတိုင်း သွားတာဆို သူ့ Energy နဲ့ မလိုက်ပါဘူး။ ဒါကြောင့် Sagittarius မှန်ရင် အသစ်အသစ်တွေကို အမြဲ စူစမ်းလေ့လာ ရှာဖွေနေသင့်ပါတယ်။ 

၁၀။ CAPRICORN (DECEMBER 22 – JANUARY 20)

Capricorn တွေက လက်တွေ့ဆန်တဲ့သူမျိုးတွေဖြစ်ပြီး သူများပြောရုံနဲ့ မယုံဘဲ ကိုယ်တိုင်တွေးခေါ်ဆင်ခြင်ပြီးမှ ယုံတတ်ကြပါတယ်။ သူတို့ကိုယ်တိုင်ကလည်း စကားကို ဖြစ်သလို ပြောတတ်ကြတဲ့သူတွေ မဟုတ်ပါဘူး။ ဒါကြောင့် Capricorn တွေဆို စိတ်အလိုမလိုက်ပါနဲ့။ စကားကို ပြီးစလွယ် မပြောပါနဲ့။ 

၁၁။ AQUARIUS (JANUARY 21 – FEBRUARY 18)

Aquarius တွေကျတော့ သူများအကြောင်းကို စိတ်မဝင်စားဘဲ ကိုယ့်အထာနဲ့ကိုယ် နေတတ်တဲ့ အေးအေးဆေးဆေးသမားတွေပါ။ ဒါကြောင့် Aquarius ဖြစ်ပြီး အတင်းအဖျင်း ပြောတာမျိုး၊ နားထောင်တာမျိုး လုပ်ရင် Energy ကျပါတယ်။

၁၂။ PISCES (FEBRUARY 19 – MARCH 20)

Pisces ရာသီခွင်တွေရဲ့ Quality ကိုက ရိုးရှင်းတာ၊ နူးညံ့သိမ်မွေ့တာပါ။ စကားပြောရင်လည်း အေးအေးလေးလေးနဲ့ ယဉ်ကျေးသိမ်မွေ့ပါတယ်။ Pisces ဖြစ်ပြီး ကိုယ်နှုတ်အမူအရာ ကြမ်းကြမ်းတမ်းတမ်း နေရင် Energy မကောင်းနိုင်ပါဘူး။ 

Source From Witchy Candy

⇐ Previous Next

Read 1775 times