Food & Drink

How do you mix fruit juices to get the energy your body needs?

How do you mix fruit juices to get the energy your body needs?

နေ့စဉ် ပင်ပန်းတဲ့အလုပ်တွေကြားထဲမှာ သင့်ကိုယ်သင် စွမ်းအင်တွေ ကုန်ခမ်းနေပြီလို့ ထင်နေပြီလား ။ Energy Drink တွေကလည်း Side Effect တစ်ချို့ရှိတာကြောင့် မသောက်ချင်နေသူတွေအတွက် တစ်နေ့တာမှာ လိုအပ်တဲ့စွမ်းအင်တွေကို သဘာဝသစ်သီးလေးတွေ ပေါင်းစပ်ပြီး သောက်သုံးလို့ရတာ သိပါသလား? 

သင်တို့တစ်နေ့တာ ပင်ပန်းနေသမျှ လန်းဆန်းသွားအောင်လို့ ကျွန်မက ဘယ်သစ်သီလေးတွေကို ပေါင်းစပ်ပြီးဖျော်ရည်အဖြစ်သောက်သုံးလို့ရတဲ့ နည်းလမ်းကောင်းလေးကို ပြောပြပေးချင်ပါတယ်ရှင် ။ 

ဖရဲသီးနဲ့ ဂျင်း 

ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ ဖျော်လို့ရတဲ့ လွယ်ကူ ရိုးရှင်းစွာ ဖျော်သောက်လို့ရတဲ့ ဖျော်ရည်လေးကတော့ ဖရဲသီးနဲ့ ဂျင်းကိုရောပြီး ဖျော်လို့ရတဲ့နည်းလေးပါ။ ဒီဖျော်ရည်ရဲ့ အကျိုး အာနိသင်ကတော့ တကယ် အံ့မခန်းပါပဲ ။ ဂျင်းက အနာကျက်မြန်စေတဲ့ စွမ်းအင်ရှိတယ်လို့ လူသိများပါတယ်။

ပြီးတော့ ဖရဲသီးမှာလည်း ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် ဒီနှစ်ခုကို ပေါင်းစပ်ဖျော်ပြီး သောက်လိုက်ခြင်းက သင့်ရဲ့ စိတ်ကို လန်းဆန်းစေမှာ အမှန်ပါပဲ။ ပြီးတော့ ဈေနူန်းအရလည်းသက်သာစေပါတယ်။

မုန်လာဥ ၊သံပုရာ နဲ့ ဂျင်း

အိမ်နောက်ဖေး မီးဖိုချောင်သုံး အစားအစာတွေနဲ့ပဲ ပေါင်းစပ်ပြီး ဖျော်ပေးလို့ရတဲ့ ဖျော်ရည်လေးပါ ။သူက ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်အတွက် စွမ်းအင်တွေအများကြီး ရစေနိုင်ပါတယ် ။

မုန်လာဥနီမှာ ဗီတာမင် A နဲ့ B6 ကြွယ်ဝစွာ ပါဝင်ပြီးသံပုရာနဲ့ဂျင်းက နေ့လယ်နေ့ခင်း ပင်ပန်းနွမ်းနယ်မူကို လျော့ချပေးနိုင်တာကြောင့် ဒါကအကောင်းဆုံးဖျော်ရည်ချက်ပြုတ်နည်းများထဲမှ တစ်ခုပဲဖြစ်ပါတယ်။

သရက်သီးနဲ့ သံပုရာ

သရက်သီး ကို သံပုရာနဲ့ ရောလိုက်တဲ့အခါမှာ အချဉ်အရသာက နှစ်ဆတိုးလာပါတယ်။ဒါကို သောက်ခြင်းကြောင့် သင့်ကို လန်းဆန်းစေမှာဖြစ်ပြီး စိတ်ကို အမောပြေစေနိုင်မှာပါ

ဂရိတ်ဖု နဲ့ ပူစီနံ ဖျော်ရည်

ဂရိတ်ဖရုက အမှန်တကယ် စွမ်းအင်ကို မြှင့်တင်ပေးတဲ့ အသီးဖြစ်ပြီး အချိုကြိုက်နှစ်သက်သူတွေအတွက် အကြိုက်နှစ်သက်ဆုံး အသီးဆိုလည်းမမှားပါဘူး ။ဂရိတ်ဖုနဲ့ ပူစီနံတို့ရောပြီး ဖျော်သောက်ခြင်းက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာပဲ ဖြစ်ပါတယ်။ 

ပန်းသီးစိမ်းနဲ့ ပူစီနံ

 ဒီဖျော်ရည်ကတော့ ပန်းသီးစိမ်းမှာပါဝင်တဲ့ ဗီတာမင်တွေနဲ့ ပူစီနံရဲ့ ရှိန်းတိမ်းတိမ်း အရသာလေးကြောင့် သောက်လိုက်ရင် ရင်ထဲအေးမြ လန်းဆန်းမူကို ခံစားရစေမှာပါ။

⇐ Previous Next

Read 1365 times