Food & Drink

How to drink Tequila like a Mexican ??

How to drink Tequila like a Mexican ??

မက္ကဆီကန် ဒေသထွက် ယမကာတစ်မျိုးဖြစ်တဲ့ Tequila ဟာ မက္ကဆီကိုအနောက်ပိုင်း Jalisco ပြည်နယ်က Tequila ဆိုတဲ့ မြို့က ထွက်ပါတယ်။ အခုတော့ Tequila ဟာ ကမ္ဘာအရပ်ရပ်မှာ ထင်ရှားတဲ့ အရက်တစ်မျိုး ဖြစ်နေပါပြီ။

ဒီလိုနာမည်ကြီးလှတဲ့ Tequila ကို မက္ကဆီကန်တစ်ယောက်လို ဘယ်လိုသောက်ရမလဲဆိုတာ ပြောပြပေးသွားမှာပါ။

 

 

Tequila ကို အမျိုးအစားခွဲမယ်ဆိုရင် အခြေခံအားဖြင့် ၃ မျိုး ရှိပါတယ်။ သက်တမ်းနုတဲ့ Blanco ၊ ၂ လကနေ ၁ နှစ်အထိ ဝက်သစ်ချသားအဖြူ စည်ထဲမှာ သိမ်းထားတဲ့ Reposado နဲ့သက်တမ်း ပိုရင့်တဲ့ Añejo ဆိုတဲ့ တက်ကီလာ ၃ မျိုးကနေမှ Tequila Añejo (Extra Age- အနည်းဆုံး ၁ နှစ်သား) ၊ Tequila Añejo (ultra Aged- သုံးနှစ်နဲ့အထက်) ဆိုပြီး ကွဲသွားတာပါ။ Blanco Tequila သောက်မယ်ဆိုရင် အလွတ်သောက်နိုင်သလို ဆိုဒါနဲ့ သံပုရာရောပြီးလည်း သောက်သင့်ပါတယ်။ သုံးမျိုးစလုံးကို နည်းနည်းချင်း မြည်းစမ်းသင့်ပြီး ဒီထဲကမှ ကိုယ့်အကြိုက်ကို ရှာသင့်ပါတယ်။

 

 

မက္ကဆီကိုမှာ တက်ကီလာကို ရေခဲသေတ္တာထဲ သိမ်းပြီး နှပ်ထားပါတယ်။ သောက်ရင်လည်း ရေမရောပဲ Neat သောက်ကြပါတယ်။Neat သောက်တော့မယ်ဆိုရင် သူ့ရဲ့ အနှစ်သာရကို သိရဖို့အချိန်ယူရပါတယ်။တစ်ငုံ နှစ်ငုံ မြည်းရင်း အနံ့ရဲ့ အလုပ်လုပ်ပုံကိုပါ အချိန်ယူပြီး တဖြည်းဖြည်းခံစားကြည့်ပါ။

 

Tequila ကိုအများစုက သံပုရာခြမ်း ထက်ခြမ်းခွဲတင်ထားပြီး ခွက်နှုတ်ခမ်းမှာ ဆားပွင့်တွေ သုတ်ထားပါတယ်။တကယ်တမ်းတော့ Tequilaက သူ့ပင်ကိုယ်အရသာ မြည်းတာ ပိုကောင်းပါတယ်။သံပုရာသီးနဲ့ဆားကိုတော့ Hangover ဖြစ်မှပဲ သုံးလိုက်ပါ။

⇐ Previous Next ⇒

Read 5029 times