Food & Drink

how to easily cook pork stew at home

how to easily cook pork stew at home

အရွက်မှာ လက်ဖက် ၊ အသီးမှာ သရက် ၊ အသားမှာ ဝက်ဆိုတဲ့အတိုင်း ဝက်သားဆိုတာ လူတိုင်းနီးပါး ကြိုက်ကြတဲ့ အသားတစ်ခုဖြစ်ပါတယ်။ ဒီလိုပါပဲ ဝက်သားထဲမှာ ဝက်စတူးဆိုရင် ဒီလိုမိုးအေးအေးမှာ စားလို့ကောင်းလှတာမိုလို့ လူကြိုက်များလှပါတယ်။ ဒီလိုလူကြိုက်များတဲ့ ဝက်စတူးကို အိမ်မှာ လွယ်လွယ်ကူကူ ချက်ချင်ရင်တော့ ....

ပါဝင်ပစ္စည်းများ

ဝက်ခြေထောက် - ၅၀သား
ပဲငံပြာရည်အနောက် - စာပွဲတင်ဇွန်း တစ်ဇွန်း
ပဲငံပြာရည် အကြည့် - စာပွဲတင်ဇွန်း တစ်ဇွန်း
ဟင်းချက်ဝိုင် - စာပွဲတင်ဇွန်း နှစ်ဇွန်း
သကြား - သုံးဇွန်း
ကြက်သွန်ဖြူ - သုံးမွှာ
ဂျင်း - အနည်းငယ်
ကြက်သွန်နီ - တစ်လုံး

ပြုလုပ်နည်း

Pressure cooker နဲ့ချက်မှာမို့လို့ ရေစင်စင်ဆေးပြီးသား ဝက်ခြေထောက်များကို အိုးထဲထည့်ပြီး ပဲငံပြာရည်အနောက် ၁ဇွန်း၊ ပဲငံပြာရည်အကြည် ၁ဇွန်း၊ ဟင်းချက်ဝိုင် ၂ဇွန်း၊ five spice powder တဇွန်း၊ သကြား ၃ဇွန်း တို့နဲ့နယ်ပြီး  မိနစ်၃၀လောက် နှပ်ထားလိုက်ပါ။

ပြီးရင်ဆီနဲနဲနဲ့ အိုးကို အပူစပေးပြီး ဝက်ခြေထောက်ကိုလုံးပါ။အဲဒီအချိန်မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ဂျင်း ထည့်ပြီး ၁မိနစ်လောက်လုံးတည်ပါ။ ပြီးပြီဆိုရင် ရေ(၁)လီတာခွဲခန့်ထည့်ပြီး မီးအနေတော်ထားကာ ၁နာရီခန့်ပေါင်းပါမယ်။ အောက်မကပ်အောင်လို့အိုးကို လှုပ်ပေးရပါမယ်။ မြည်းကြည့်လို့ အသားလေးတွေအိနေပြီဆိုရင် အိမ်မှာပဲ လွယ်လွယ်ကူကူ နဲ့ သန့်သန့်ရှင်းရှင်း ချက်ထားတဲ့ ဝက်စတူးရပါပြီ။

⇐ Previous Next

Read 2355 times