ရုံးပိတ်ရက်/ကျောင်းပိတ်ရက်တွေကို အိမ်မှာပဲ အချိန်ကုန်ဆုံးတတ်တဲ့ သူတွေအတွက် အပျင်းလည်းပြေ စားလို့လည်း ကောင်းမယ့် မုန့်လုပ်နည်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
ပါဝင်ပစ္စည်းတွေကလည်း ရှာရမခက်တော့ အေးဆေးပဲလေ။ နောက်ပြီး လုပ်ရတာလည်း ရိုးရှင်းလွယ်ကူတော့ အချိန်ကုန်၊ လူပင်ပန်းသက်သာတာပေါ့နော်။
ရိုးရှင်းလွယ်ကူပြီး Cheese အမျှင်တန်းအရှည်ကြီးနဲ့ စားကောင်းတဲ့ Fried Mozzarella Cheese Sticks ပြုလုပ်ဖို့အတွက် ပထမဆုံးအနေနဲ့ Mozzarella Cheese ကို အရင်ပြုလုပ်ဖို့လိုအပ်ပါတယ်။
Mozzarella Cheese ပြုလုပ်နည်းအတွက် လိုအပ်တဲ့ Ingredients တွေကတော့...
ပြုလုပ်ပုံ
-ပထမအဆင့်အနေနဲ့ နွားနို့ကို မီးအေးအေးနဲ့ အပူပေးပါ။ အပူပေးစဉ် နွားနို့ တူးမသွားအောင် မွှေပေးပါ။ နွားနို့ ကို ( over heated )အပူမလွန်စေဖို့ သတိပြု ပါ။ နွားနို့ ခပ်ပူပူလေးဖြစ်သွားပြီဆိုလျှင် မီးပိတ်လိုက်လို့ရပါပီ။

-ဒုတိယအဆင့်အနေနဲ့ နွားနို့ထဲကို Vinegar ကို ထည့်ပါမယ်။ Vinegar ကို အကုန်လုံးမထည့်ပြစ်လိုက်ပဲ နဲနဲ ထည့်လိုက် မွှေလိုက်လုပ်ပေးပါ။ ဒိန်ခဲအဖက် နဲ့ ရေ ကွဲထွက်လာသည်အထိမွှေပေးပါ။ ဒိန်ခဲအဖက် နှင့်ရေ လုံးဝကွဲထွက်သွားပြီဆိုလျှင် ဒိန်ခဲကို ပိတ်စအဖြူ သို့မဟုတ် စကာတစ်ခုထဲထည့်ပြီး စစ်ပေးပါ။ ပြီးနောက် ဒိန်ခဲထဲတွင်ရှိသော ရေများကုန်စင်သည် အထိ သေချာစွာ လက်ဖြင့် ညှစ်ချပေးပါ။

-တတိယအဆင့်မှာ တော့ ဒိန်ခဲ ကိုဆွဲလိုက်လျှင် အမျှင်လေးတွေဖြစ်စေဖို့ ပုံသွင်းပါမယ်။ ပုံသွင်းဖို့အတွက် အပူ ခံရာဘာလက်အိတ်တစ်လုံးလိုပါမယ်နော်။ ခွက်တစ်ခုထဲကို ပွက်ပွက်ဆူပြီးသော ရေ ကိုထည့်ပါ ပြီးနောက် ဆားထည့်ပြီး ဆားများပျော်တဲ့အထိမွှေပေးပါ။

ခုနက စစ်ထားတဲ့ ဒိန်ခဲအလုံး ကို ဆားထည့်ထားသော ရေနွေးပူ ထဲကို 10 စက္ကန့်လောက်စိမ် ပြီး ပြန်ထုတ် ပေးပါ။ အပူရာဘာဘာလက်အိတ်နဲ့ ဒိန်ခဲကို ဆွဲလိုက် လုံးလိုက် ပြုလုပ်ပြီး ဒိန်ခဲရဲ့ မျက်နှာ ပြင်ချောမွေ့လာသည် အထိ ဆားရေနွေးပူထဲတွင် စိမ်လိုက် ပုံသွင်းလိုက် ပြုလုပ်ပေးပါ။
အနည်း 4 ခါ 5 ခါလောက်ပြုလုပ်ရပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ဒိန်ခဲမျက်နှာပြင်ချောမွေ့လာပြီဆိုလျှင် ရေခဲလေးငါးတုံးထည့်ထားသော ရေခဲရေ ထဲ 4မိနစ်လောက် စိမ်ထားပေးပါ။

ပြီးလျှင် ပလတ်စတစ် နဲ့ ပတ်ပြီး ရေခဲသေတ္တာထဲတွင် 2နာရီ မှ 3နာရီထိ ထားပေးပါ။ အပေါ်မှာပြောထားတဲ့ အချက်တွေပြီးရင်တော့ အိမ်လုပ် Mozzarella Cheese ကို လိုသလိုစားသုံးနိုင်ပါပြီ။

Mozzarella Cheese ပြုလုပ်ပြီးရင်တော့ Fried Mozzarella Cheese Sticks ကို စတင်ပြုလုပ်နိုင်ပါပြီ။
လိုအပ်တဲ့ Ingredients တွေက ...
ဒါဆိုရင် အရင်ဆုံး Mozzarella Cheese တုံးကို လက်ညှိုးလောက် အချောင်း လေးတွေ လှီးထားပါ။ ပြီးနောက်ကြက်ဥထဲကို နွားနို့ထဲပြီး နှံ့ အောင်မွှေပေးပါ။ ပေါင်မုန့် ခြောက်မှုန့် ထဲကိုလည်း ဆားနဲ့ ငရုတ်ကောင်းထဲပီး ရောသမနယ်ပေးပါ။

ဂျုံမှုန့်ကို ပန်းကန်လုံးထဲ ထည့်ထားပါ။ အပေါ်ကဟာတွေပြင်ဆင်ပြီးရင် လှီးဖြတ်ထားတဲ့ cheese ချောင်းများကို ဂျုံမှုန့် ထည့်ထားသော ပန်းကန်ထဲထည့်ပြီး လူးပေးပါ။
(ကြက်ဥနဲ့ နွားနို့နဲ့ရော ထားတဲ့ ထဲကိုနှစ်ပေးပါ။ ပြီးရင် ဆားနဲ့ ငရုတ်ကောင်းထည့်ထားတဲ့ ပေါင်မုန့်ခြောက်ထဲ ကို ထည့်လူးပေးပါ) လူးပေးပြီးရင် ခုနကလို နောက်တစ်ကြိမ် ကြက်ဥထဲပြန်စိမ် ပြီး ပေါင်မုန့်ခြောက်ထဲ cheese ချောင်းများဖုံးသွားသည်အထိ သေချာစွာ လူးပေးပါ။

မှတ်ချက် ။ ။ ကွင်းခတ်ထားနဲ့အဆင့်ကို နှစ်ကြိမ်ပြုလုပ်ပေးပါ။
ပြီးနောက် ပန်းကန် အလွတ်ထဲ သေချာစီထည့်ပြီးရေခဲသေတ္တာ ရဲ့ အအေးဆုံးခန်းတွင် 2 နာရီ ကြာ Freeze ပေးပါ။ 2နာရီကြာ အအေးခံထားပြီးရင် စကြော်လို့ရပါပြီ။ ကြော်တဲ့ နေရာမှာ ဆီမြုပ်အောင် ကြော်ပါရမယ် ။
ဒယ်အိုးထဲ ဆီထည့်ပြီးအပူပေးပါ ဆီ ပူလာပြီဆိုလျင် cheese ချောင်းများထည့်ပြီး စက္ကန့် 30 မှ 60 အတွင်းပဲ ကြော်ရပါမယ်နော်။ အချိန်အကြာကြီး ကြော်ရင် အထဲက Cheese တွေအပြင်ကို ပေါက်ထွက် သွားနိုင်တာကြောင့်ပါ။ ကြော်ပြီးရင် စကာတစ်ခုထဲထည့်ပြီး ဆီစစ်ထားပေးပါ။

ဒါတွေအားလုံးပြီးရင်တော့ အရသာ အရမ်းရှိပြီး ကြွပ်ကြွပ်ရွရွ စားကောင်းမယ့် အပြင် Cheese အမျှင်တန်းကြီးနဲ့ Fried Mozzarella Cheese Sticks ကို ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။

Credit_Gourmet's Palate
Read 3022 times