Things To Do

How to Prepare for a Professional CV Form

How to Prepare for a Professional CV Form

 

အလုပ်လျှောက်ဖို့ professional ကျတဲ့ CV Form တစ်ခုပြင်တော့မယ်ဆို အောက်ကအချက် ၆ ချက်ကို လေ့လာကြည့်ပါ..

၁။ သင်လျှောက်မယ့်အလုပ်ကို လေ့လာစူးစမ်းပါ။

CV Form မပြင်ခင် အရင်ဆုံးသင်လျှောက်မယ့်အလုပ်ရဲ့ အလုပ်အကြောင်းနဲ့ qualification တွေ သိအောင်အရင်လုပ်ရပါမယ်။ အဲ့ဒါမှ ကိုယ့်ရဲ့ personal statement ပြင်ဆင်တဲ့အခါမှာ အလုပ်ရှင်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီအောင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

 

၂။ ကိုယ့်ရဲ့အားသာချက်များကို သုံးသပ်ပါ။

ကိုယ့်ရဲ့ အားသာချက်တွေကို မိမိကိုယ်တိုင် ဖော်ထုတ်ပြီးတဲ့အခါ အလုပ်လိုအပ်ချက်တွေကို သင့်ရဲ့အားသာချက်နဲ့ဘယ်လိုကူညီပေးနိုင်တယ် ဆိုတာဖော်ပြပေးပါ။ သင့်မှာ အလုပ်လိုအပ်တာထက်ပိုကောင်းတဲ့အရည်အချင်းတွေရှိနေရင် အဲ့အချက်တွေကိုပါ ထည့်သွင်းဖော်ပြပေးတာ ပိုကောင်းပါတယ်။

၃။ အရင်အလုပ်မှာရခဲ့တဲ့ အောင်မြင်မှုတွေကို ဖော်ပြပေးပါ။

သင့်ရဲ့အရင်အလုပ်မှာရခဲ့တဲ့ career achievements တွေကို CV မှာဖော်ပြခြင်းဟာ နောက်ခန့်မယ့်အလုပ်ရှင်အတွက် အထင်ကြီးမှုဖြစ်စေနိုင်ပါတယ်။ ဥပမာ - အရင်အလုပ်ကနေ သင်ဘယ်လိုကြိုးစားခဲ့မှုအတွက် အလုပ်မှာ ဘယ်လိုအောင်မြင်မှုရရှိပြီး ရာထူးတိုးခြင်းခံခဲ့ရတာ မျိုးတွေကို ထည့်ရေးသင့်ပါတယ်။

 

၄။ Headline များထည့်ရေးပါ။

CV Form တစ်ခုမှာ Essay ရေးသလို စာလုံးအများကြီးရေးပြီးဖော်ပြတာထက် သူ့ရဲ့သက်ဆိုင်ရာအကြောင်းအရာလိုက် ခေါင်းစဥ်လေးတွေခွဲပြီးဖော်ပြတာက ရှင်းရှင်းလင်းလင်းနဲ့ စာဖတ်သူကို ပိုပြီးစွဲဆောင်နိုင်ပါတယ်။ ဥပမာ - Education, Work Experience, Past Achievements, Other Qualifications စတဲ့ မိမိရဲ့ ဖော်ပြမယ့်အကြောင်းအရာတွေကို သက်ဆိုင်ရာ Headline လေးတွေခွဲပေးသင့်ပါတယ်။

၅။ သင်ရဲ့ Goal ကို အာရုံစိုက်ပါ။

CV Form မှာဖော်ပြမယ့် သင့်ရဲ့ဖော်ပြချက်တွေဟာ သင့်ရဲ့ career goal နဲ့သက်ဆိုင်မှုရှိပါစေ။ ဥပမာ - သင်ဟာ Marketing Manager position လျှောက်ဖို့ CV Form မှာ သင့်ရဲ့ skills တွေကိုဖော်ပြမယ်ဆိုပါစို့။ သင့်ရဲ့ Key Skills ဆိုတဲ့ ခေါင်းစဥ်အောက်မှာ Good Presentation, Creative, Networking စတဲ့ core capabilities တွေပါ၀င်သင့်ပြီး ထည့်မယ့် သင့်ရဲ့ capabilities တွေဟာလည်း သင်လျှောက်မယ့် position နဲ့ကိုက်ညီနေရပါမယ်။

 

၆။ ပြန်စစ်ပါ ပြန်ပြင်ပါ Perfect ဖြစ်ပါစေ။

CV မှာသင့်ရဲ့ ဖော်ပြချက်တွေဟာ အလုပ်ရှင်ကို impressive ဖြစ်စေချင်တာမဟုတ်လား? ဒါကြောင့် စာလုံးပေါင်း၊ အရေးအသား စတာတွေကို အသေးစိတ်ပြန်လည်ဆန်းစစ်ပေးပါ။

ဒီအချက်တွေကတော့ Professional CV တစ်စောင်ရဖို့ဘယ်လိုအချက်တွေကို ဂရုစိုက်ရမလဲဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။

⇐ Previous Next

Read 1372 times