Things To Do

How to raise a cat the right way ??

How to raise a cat the right way ??

ကြောင်တွေက ကမ္ဘာတစ်ဝန်းလုံးမှာ လူချစ်လူခင်ပေါများတဲ့ တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး မြန်မာမှာလဲ ကြောင်မွေးတဲ့သူတွေ ကြောင်ချစ်သူတွေက နေရာအနှံ့ တွေ့ရတာ မထူးဆန်းပါဘူး။ ရှေးရှေးတုန်းက အီဂျစ်မှာဆို ကြောင်တွေကို ဘုရင်လိုပဲ ကိုးကွယ်ခဲ့ကြတယ်လို့ ဆိုရိုးတွေလည်း ရှိပါတယ်။

 

ကြောင်တွေက တကယ်ချစ်စရာကောင်းပြီး သေချာမွေးထားရင် မွေးရကျိုးနပ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါ။ အိမ်မွေးကြောင် (Felis catus) သည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀၀၀ လောက်က Egypt နဲ့ Middle East ဒေသများတွင် စတင် အယဉ်ကျင့်ပြီး အောင်မြင်ခဲ့ရာ ယခုချိန်ထိ လူတွေနဲ့အတူ နေထိုင်လာခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ကြောင်ရဲ့ သဘာဝနဲ့ နေထိုင်ပုံသည် သူ့ရဲ့ဝမ်းကွဲမျိုးစိတ်များ ဖြစ်သော ကျား၊ ခြင်္သေ့တို့နဲ့ သိပ်မကွာလှပါဘူး။

 

ကြောင်သည် တခြား Feline ( ကျား၊ ကျားသစ်၊ ခြင်္သေ့၊ တောကြောင်၊....စသည်ဖြင့်) များအတိုင်း Obligate carnivore ဖြစ်ပါတယ်။ Obligate Carnivore ဆိုသည်မှာ အသားပဲစားသည့် တိရစ္ဆာန်ကို ခေါ်ခြင်း ဖြစ်သည်။ ကြောင်ရဲ့ ခန္ဓာကိုယ်သည် လိုအပ်တဲ့အာဟာရ အကုန်ကို အသားကနေယူဖို့ ဖွဲ့စည်းထားပါတယ်။ ဒါ့ကြောင့် သူတို့သဘာဝနဲ့ ကိုက်ညီအောင် ကျွေးမွေးမယ်ဆိုရင် အသားကိုပဲ ကျွေးရမှာ ဖြစ်ပါတယ်။

 

 

ကြောင်များကို ကျွေးမွေးရာမှာ မှားယွင်းနေတဲ့ အဓိကအချက် နှစ်ချက်ရှိပါတယ်။ ဒါတွေကတော့ လူအစားအစာ ထမင်းဟင်းကျွေးခြင်းနဲ့ နို့တိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အသားဓာတ်မပါတဲ့ အစားအသောက် ကျွေးခြင်းက ကြောင်ကို ဘာမှမကျွေးတာနဲ့ ထူးမခြားနားပါပဲ။ အသားစားသတ္တဝါကို အသားစိမ်းပဲ ကျွေးသင့်ပါတယ်။ ကြောင်စာကတော့ ခြွင်းချက်ပေါ့။

 

နောက်တစ်ခုက ကြောင်တွေက နို့တိုက်သတ္တဝါ ဖြစ်ပေမဲ့ ကြောင်အမေကြီးက ကြောင်အပေါက်တွေကို ကြောင်နို့ပဲ တိုက်တာပါ၊ နွားနို့မတိုက်ပါဘူး။ ကြောင်နို့နဲ့ နွားနို့က ဖွဲ့စည်းပုံ ကွာခြားပါတယ်။ ကြောင်တွေဟာ နွားနို့ကို မချေဖျက်နိုင်ပါ။ နွားနို့တိုက်ခြင်းက အစာအိမ်ပြဿနာ၊ ဝမ်းပျက်တာတွေ အစရှိတာတွေကို ဖြစ်စေနိုင်ပါတယ်။

 

ကြောင်ရဲ့သဘာဝနဲ့ ကိုက်အောင် ကျွေးတာက အကောင်းဆုံးပါပဲ။ အသားစိမ်းတွေက အာဟာရအရှိဆုံးပါ။ (သန့်ရှင်းလတ်ဆက်သောအသား) မရှိတဲ့အခါမှာ ကြောင်စာအခြောက်လဲ ကျွေးလို့ဖြစ်ပါတယ်။ သတိထားရမှာက ကြောင်စာအခြောက်က Quality ကောင်းရပါမယ်။၊ စျေးပေါတာတွေ မကျွေးစေချင်ပါဘူး။ Protein ဓာတ်များပြီး Carbohydrate နည်းတဲ့ အစာခြောက်၊ အစာစိုတွေကျွေးပါ။

 

 

အစာခြောက်တွေ ကျွေးတဲ့အခါမှာလည်း တံဆိပ်ကို ခဏခဏ မပြောင်းပါနဲ့။ အစာခွက်ကိုလည်း နေ့တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ ကြောင်တွေက ဇီဇာကြောင်တဲ့ သတ္တဝါတွေဖြစ်ပြီး စားပြီးသား အစာခွက်ထဲက ပြန်မစားချင်ကြပါဘူး။ ရေကိုလည်း သူတို့ လွယ်လွယ်ကူကူ ရနိုင်တဲ့နေရာမှာ သန့်သန့်ရှင်းရှင်း ထားပေးပါ။

 

ကဲ... ဒီလောက်ဆိုရင်တော့ ကြောင်မွေးတဲ့အခါမှာ ဘယ်အချက်တွေကို ဂရုစိုက်ရမလဲဆိုတာ သိသွားလောက်ပါပြီ။

⇐ Previous Next

Read 3575 times